ဗိုလ်ချုပ်မှူးကြီးက ဒုချုပ်ကို ချီးကျူးခဲ့ခြင်းသည် ရဲဘော်ရဲဘက်စိတ်ကို ပြသခဲ့ခြင်းဖြစ်

 862

Pearl (NP News) - မတ် ၁၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ချီးကျူးခဲ့ခြင်းသည် ရဲဘော်ရဲဘက်စိတ်ကို ပြသခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
စစ်မှုထမ်းဆဲ တပ်မတော်သားများ၊ တပ်မတော်သား မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းများနဲ့ မိသားစုဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ တပ်မတော်ကို ချစ်ခင်ကြသူများ၊ နိုင်ငံသူနိုင်ငံသားအားလုံးသို့ ပြောကြားသည့် သတင်းစကားတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ မတ် လ ၁၃ ရက်က ကျင်းပသော မြန်မာ့ စာမျက်နှာသစ်ဖိုရမ်တွင် ယာယီသမ္မတ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော် တစ်ရပ်လုံးကို အမှာစကားပြောကြားစဉ် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ခမ်းနားစွာ ချီးကျူးစကား ပြောဆိုခဲ့ကြောင်း သိရသည်.
“ ၂နာရီကျော်ကြာအမှာစကားမှာ အတိတ်ကာလ တပ်မတော်ရဲ့ ကြိုးပမ်းရမှုတွေ၊ ပစ္စုပ္ပန်ကာလမှာ တည်ဆောက်နေရတာတွေ၊ အနာဂါတ်ကာလ ဆက်လက်လုပ်ဆောင်ရမှာတွေကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။ ကျွန်‌တော်တို့လည်း တပ်မတော်မှာတာဝန်ထမ်းဆောင်ခဲ့၊ ကြုံတွေ့ခဲ့ရတာတွေ မြောက်များ စွာရှိပါပြီ။ ဒီအထဲကမှ ကျွန်တော့်အကြိုက်ဆုံး တပ်မတော်ရဲ့ ဆောင်ပုဒ်မှတ်သားဖွယ်ရာ စကားကတော့ ရဲဘော်စိတ် ပါပဲ ။ ရဲဘော်စိတ်ဟူသည်အချင်းချင်းပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ်သည်ဆိုတာပဲ။ မနေ့က ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး က ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ခမ်းနားစွာ ချီးကျူးစကားပြောဆိုခဲ့ပါတယ်။ ကျေးဇူးတင်စကားလေးပေါ့။ “ ငါ့ရဲ့လက်တွဲဘက်ပေါ့။ ဒုချုပ် ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၁၅ နှစ်လုံးလုံး လက်တွဲပြီးမှ မတ်တပ်ထပါ” ခမ်းနားကြီးကျယ်တဲ့ ရဲဘော်စိတ်ပါပဲ။ ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ်သည်ဆိုတဲ့ ရဲဘော်စိတ်ကို ပြသခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ခမ်းနားစွာ ချီးကျူးစကား ပြောဆိုခဲ့ခြင်းသည် ရဲဘော်အချင်းချင်းပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ်သည်ဆိုသည့် ရဲဘော်စိတ်ပင်ဖြစ်ပြီး အဆိုပါ ရဲဘော်စိတ်ဖြင့် လွတ်လပ်ရေးရယူခဲ့ပြီး နိုင်ငံတော်ကို တည်ဆောက်နေခြင်းဖြစ်ကြောင်း ပြောသည်။
ထို့အပြင် အဆိုပါ ရဲဘော်စိတ်ဖြင့် သောင်းကျန်းမှု ခေတ်ဆိုးကြီးကို ပြည်သူနှင့်အတူ ဖြတ်ကျော်ခဲ့ရကြောင်း နှင့် အဆိုပါ ရဲဘော်စိတ်ဖြင့်သာ ပြည်သူလူထုအကျိုးကို သယ်ပိုးဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားထားသည်။
“ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ်သည်ဆိုတဲ့ ရဲဘော်စိတ်ကို ပြသခဲ့တာဖြစ်ပါတယ်။ ကျွန်‌တော်တို့ တပ်မတော်ဟာ ရဲဘော်စိတ်နဲ့ တပ်မ‌တော်ကို ထူထောင်ခဲ့ကြပါတယ်။ ရဲဘော်စိတ်နဲ့ လွတ်လပ်ရေးကို ရယူခဲ့ရပါတယ်။ အဲဒီစိတ်နဲ့ပဲ ပြည်တွင်း သောင်းကျန်းမှု ခေတ်ဆိုးကြီးကို ပြည်သူနဲ့အတူ ဖြတ်ကျော်ခဲ့ရပါတယ်။ ဒီစိတ်နဲ့ပဲ နိုင်ငံတော်ကို တည်ဆောက်နေပါတယ်။ ဆက်လက်ပြီး ဒီ ရဲဘော်စိတ်နဲ့ပဲ နိုင်ငံ့အကျိုး၊ ပြည်သူလူထုအကျိုးကို သယ်ပိုးဆောင်ရွက်သွားကြပါလို့ ပြောကြားလိုပါတယ်” ဟု ပြောသည်။

Zawgyi Version;
ဗိုလ္ခ်ဳပ္မႉးႀကီးက ဒုခ်ဳပ္ကို ခ်ီးက်ဴးခဲ့ျခင္းသည္ ရဲေဘာ္ရဲဘက္စိတ္ကို ျပသခဲ့ျခင္းျဖစ္
Pearl (NP News) - မတ္ ၁၄
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းကို ခ်ီးက်ဴးခဲ့ျခင္းသည္ ရဲေဘာ္ရဲဘက္စိတ္ကို ျပသခဲ့ျခင္းျဖစ္ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားထားသည္။
စစ္မႈထမ္းဆဲ တပ္မေတာ္သားမ်ား၊ တပ္မေတာ္သား မိသားစုဝင္မ်ား၊ စစ္မႈထမ္းေဟာင္းမ်ားနဲ႔ မိသားစုဝင္မ်ား၊ မိတ္ဖက္အဖြဲ႕အစည္းမ်ား၊ တပ္မေတာ္ကို ခ်စ္ခင္ၾကသူမ်ား၊ ႏိုင္ငံသူႏိုင္ငံသားအားလုံးသို႔ ေျပာၾကားသည့္ သတင္းစကားတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ယမန္ေန႔ မတ္ လ ၁၃ ရက္က က်င္းပေသာ ျမန္မာ့ စာမ်က္ႏွာသစ္ဖိုရမ္တြင္ ယာယီသမၼတ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တပ္မေတာ္ တစ္ရပ္လုံးကို အမွာစကားေျပာၾကားစဥ္ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းကို ခမ္းနားစြာ ခ်ီးက်ဴးစကား ေျပာဆိုခဲ့ေၾကာင္း သိရသည္.
“ ၂နာရီေက်ာ္ၾကာအမွာစကားမွာ အတိတ္ကာလ တပ္မေတာ္ရဲ႕ ႀကိဳးပမ္းရမႈေတြ၊ ပစၥဳပၸန္ကာလမွာ တည္ေဆာက္ေနရတာေတြ၊ အနာဂါတ္ကာလ ဆက္လက္လုပ္ေဆာင္ရမွာေတြကို ျပည့္ျပည့္စုံစုံ ေျပာၾကားခဲ့ပါတယ္။ ကြၽန္‌ေတာ္တို႔လည္း တပ္မေတာ္မွာတာဝန္ထမ္းေဆာင္ခဲ့၊ ႀကဳံေတြ႕ခဲ့ရတာေတြ ေျမာက္မ်ား စြာရွိပါၿပီ။ ဒီအထဲကမွ ကြၽန္ေတာ့္အႀကိဳက္ဆုံး တပ္မေတာ္ရဲ႕ ေဆာင္ပုဒ္မွတ္သားဖြယ္ရာ စကားကေတာ့ ရဲေဘာ္စိတ္ ပါပဲ ။ ရဲေဘာ္စိတ္ဟူသည္အခ်င္းခ်င္းေပၚ ထားရွိေသာ ေမတၱာတရား၊ သံေယာဇဥ္တရား၊ သစၥာေစာင့္သိမႈ တရားပင္ျဖစ္သည္ဆိုတာပဲ။ မေန႔က ျပဳလုပ္ခဲ့တဲ့ အခမ္းအနားမွာ ဗိုလ္ခ်ဳပ္မႉးႀကီး က ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းကို ခမ္းနားစြာ ခ်ီးက်ဴးစကားေျပာဆိုခဲ့ပါတယ္။ ေက်းဇူးတင္စကားေလးေပါ့။ “ ငါ့ရဲ႕လက္တြဲဘက္ေပါ့။ ဒုခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း ၁၅ ႏွစ္လုံးလုံး လက္တြဲၿပီးမွ မတ္တပ္ထပါ” ခမ္းနားႀကီးက်ယ္တဲ့ ရဲေဘာ္စိတ္ပါပဲ။ ရဲေဘာ္စိတ္ဟူသည္ ရဲေဘာ္အခ်င္းခ်င္းေပၚထားရွိေသာ ေမတၱာတရား၊ သံေယာဇဥ္တရား၊ သစၥာေစာင့္သိမႈ တရားပင္ျဖစ္သည္ဆိုတဲ့ ရဲေဘာ္စိတ္ကို ျပသခဲ့တာျဖစ္ပါတယ္” ဟု ေျပာသည္။
ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းကို ခမ္းနားစြာ ခ်ီးက်ဴးစကား ေျပာဆိုခဲ့ျခင္းသည္ ရဲေဘာ္အခ်င္းခ်င္းေပၚထားရွိေသာ ေမတၱာတရား၊ သံေယာဇဥ္တရား၊ သစၥာေစာင့္သိမႈ တရားပင္ျဖစ္သည္ဆိုသည့္ ရဲေဘာ္စိတ္ပင္ျဖစ္ၿပီး အဆိုပါ ရဲေဘာ္စိတ္ျဖင့္ လြတ္လပ္ေရးရယူခဲ့ၿပီး ႏိုင္ငံေတာ္ကို တည္ေဆာက္ေနျခင္းျဖစ္ေၾကာင္း ေျပာသည္။
ထို႔အျပင္ အဆိုပါ ရဲေဘာ္စိတ္ျဖင့္ ေသာင္းက်န္းမႈ ေခတ္ဆိုးႀကီးကို ျပည္သူႏွင့္အတူ ျဖတ္ေက်ာ္ခဲ့ရေၾကာင္း ႏွင့္ အဆိုပါ ရဲေဘာ္စိတ္ျဖင့္သာ ျပည္သူလူထုအက်ိဳးကို သယ္ပိုးေဆာင္႐ြက္သြားၾကရန္ တိုက္တြန္းေျပာၾကားထားသည္။
“ရဲေဘာ္စိတ္ဟူသည္ ရဲေဘာ္အခ်င္းခ်င္းေပၚထားရွိေသာ ေမတၱာတရား၊ သံေယာဇဥ္တရား၊ သစၥာေစာင့္သိမႈ တရားပင္ျဖစ္သည္ဆိုတဲ့ ရဲေဘာ္စိတ္ကို ျပသခဲ့တာျဖစ္ပါတယ္။ ကြၽန္‌ေတာ္တို႔ တပ္မေတာ္ဟာ ရဲေဘာ္စိတ္နဲ႔ တပ္မ‌ေတာ္ကို ထူေထာင္ခဲ့ၾကပါတယ္။ ရဲေဘာ္စိတ္နဲ႔ လြတ္လပ္ေရးကို ရယူခဲ့ရပါတယ္။ အဲဒီစိတ္နဲ႔ပဲ ျပည္တြင္း ေသာင္းက်န္းမႈ ေခတ္ဆိုးႀကီးကို ျပည္သူနဲ႔အတူ ျဖတ္ေက်ာ္ခဲ့ရပါတယ္။ ဒီစိတ္နဲ႔ပဲ ႏိုင္ငံေတာ္ကို တည္ေဆာက္ေနပါတယ္။ ဆက္လက္ၿပီး ဒီ ရဲေဘာ္စိတ္နဲ႔ပဲ ႏိုင္ငံ့အက်ိဳး၊ ျပည္သူလူထုအက်ိဳးကို သယ္ပိုးေဆာင္႐ြက္သြားၾကပါလို႔ ေျပာၾကားလိုပါတယ္” ဟု ေျပာသည္။

Related news

© 2021. All rights reserved.