မြန်မာနိုင်ငံတွင် ဓာတ်ဆီဂါလံ သန်း (၆၀)ကျော်ဖြင့် ရက်(၄၀) စာအရန်ဆီရှိပြီး QR Code ဖြင့်ဆီဝယ်ယူရာတွင် အခက်အခဲများအား အမြန်ဆုံးဖြေရှင်းပေးမည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်း ပြော

 504

သန့်ဇင် (NP News)-မတ် ၁၄

မြန်မာနိုင်ငံတွင် ဓာတ်ဆီဂါလံ သန်း (၆၀)ကျော်ဖြင့် ရက်(၄၀) စာအရန်ဆီရှိပြီး QR Code ဖြင့်ဆီဝယ်ယူရာတွင် အခက်အခဲများအား အမြန်ဆုံးဖြေရှင်းပေးမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့(မတ်လ ၁၄ ရက်)တွင် စက်သုံးဆီကိစ္စနှင့်ပတ်သက်၍ ပြည်သူလူထုသို့အသိပေးပြောကြားစဉ် ထည့်သွင်းပြော ကြားခဲ့ကြောင်း သိရသည်။

“ဒီနေ့မတ်လ (၁၄) ရက်နေ့အထိ ကျွန်တော်တို့နိုင်ငံရဲ့ အရန်စက်သုံးဆီ လက်ကျန်အခြေအနေအနေနဲ့ ဓာတ်ဆီ ဂါလံ သန်း(၆၀)ကျော်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ (၄၀) ရက်စာ ကျန်ရှိပါတယ်။ ဒီဇယ် ဂါလံ (၈၅)သန်းကျော် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရက် (၅၀) စာ အရန်ဆီအဖြစ် ရှိပြီးဖြစ်ပါတယ်။ အခု ဆိပ်ကမ်းမှာ ဆီချနေတဲ့ သင်္ဘော (၃) စင်းရှိပါတယ်။ ရန်ကုန် ဆိပ်ကမ်းဝမှာရောက်နေတာ (၂) စင်းရှိပါတယ်။ လမ်းကြောင်းပေါ်မှာ မြန်မာနိုင်ငံကို လာနေတာက (၃) စင်းရှိပါတယ်။ ဆီတင်ဖို့အတွက် နိုင်ငံခြားဆိပ်ကမ်းမှာစောင့် နေတာက (၁၂) စင်း ရှိပြီဖြစ်ပါတယ်။ ဒီမတ်လနဲ့ ဧပြီလအတွင်းမှာ မြန်မာနိုင်ငံအတွင်ကို ဆီများဝင်လာနိုင်ဖို့ စာချုပ်ချုပ်ဆိုပြီး လုပ်ဆောင်ထားပြီး သင်္ဘော (၁၉) စင်းရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့ကြောင့် စက်သုံဆီနှင့် ပတ်သက်ကာ မလိုလားအပ်သည့် စိုးရိမ်ပူပန်မှုမရှိရန်နှင့် ဆီဆိုင်များတွင် QR Code စနစ်သုံးပြီးဆီရောင်း ချခြင်းနှင့် ပတ်သက်၍ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဦးစီးဌာန၏ ဆာဗာနှင့် ချိတ်ဆက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲ အမှားအယွင်းများအား အလေးထားကာ အမြန်ဆုံးဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“အဲဒါကြောင့် စက်သုံးဆီနဲ့ ပတ်သက်ပြီး မလိုလားအပ်တဲ့ စိုးရိမ်ပူပန်မှုမရှိဖို့ ပြောကြားလိုပါတယ်။ နောက်ပြီး ဆီဆိုင်တွေမှာ QR Code စနစ်သုံးပြီးဆီရောင်းတာနဲ့ ပတ်သက်ပြီး ပြည်သူလူထုတွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ကျွန်တော်တို့ အစိုးရအနေနဲံလည်း သိရှိပါတယ်။ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဦးစီးဌာနရဲ့ ဆာဗာနဲ့ ချိတ်ဆက်ရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အမှားအယွင်းရှိမှု တွေကို အထူအလေးထားပြီး အမြန်ဖြေရှင်းဆောင်ရွက်ပေးသွားပါမယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိတွင် ကမ္ဘာ့ရေနံဈေးနှုန်းများလည်း ယခင်ထက် (၅၀) ရာခိုင်နှုန်းခန့် မြင့်တက်သွားပြီး သင်္ဘောခများနှင့် အာမခံကြေးများလည်း မြင့်တက်နေရာ စက်သုံးဆီချွေတာရေးအစီစဉ်များအား ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“ဒီနေရာမှာတော့ ကမ္ဘာ့ရေနံဈေးနှုန်းကလည်း ယခင်ကထက် (၅၀) ရာခိုင်နှုန်းလောက် တက်သွားတာတွေ့ရပြီး သင်္ဘောခတွေ အာမခံကြေးတွေလည်း မြင့်တက်နေတာတွေ့ရပါတယ်။ ဒါကြောင့် စက်သုံးဆီချွေတာရေးအစီစဉ်တွေကိုတော့ ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်။ ပြည်သူလူထု ကိုအသိပေးလိုတာကတော့ နံပါတ်(၁) ကျွန်တော်တို့ နိုင်ငံမှာ စက်သုံးဆီအရန်အလုံအလောက်ရှိပါတယ်။ နောက်ထပ်လည်း ထပ်ရောက်လာပါမယ်။ စက်သုံးမပြတ်လပ်စေရေး ခိုင်မာတဲ့ အစီစဉ်များ သ‌ဘောတူညီချက်များလည်း ရှိပြီးဖြစ် ပါတယ်။ ဒါ့ကြောင့် စိတ်ပူပန်စရာမလိုပါဘူး။ စွမ်းအင်ဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ပေးပါလိမ့်မယ်။ နံပါတ် (၂) အနေနဲ့ကတော့ ကမ္ဘာ့စက်သုံးဆီဈေးတွေ မြင့်တက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ စက်သုံးဆီဈေးဟာ အခြားနိုင်ငံတွေထက်စာရင် အစိုးရရဲ့ ကူညီထောက်ပံ့ ဆောင်ရွက်မှုကြောင့် သင့်တင့်တဲ့ဈေးနှုန်းပဲရှိပါတယ်။ နံပါတ် (၃) အနေနဲ့ကတော့ နိုင်ငံတကာရဲ့ အခြေအနေတွေကြောင့် စက်သုံးဆီချွေ တာရေး အစီစဉ်တွေကို ဆက်လက် ဆောင်ရွက်သွားကြရပါမယ်။ ပြည်သူများအားလုံးကလည်း ဝိုင်းဝန်းကူညီပါဝင်ပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

zawgyi version

ျမန္မာႏိုင္ငံတြင္ ဓာတ္ဆီဂါလံ သန္း (၆၀)ေက်ာ္ျဖင့္ ရက္(၄၀) စာအရန္ဆီရွိၿပီး QR Code ျဖင့္ဆီဝယ္ယူရာတြင္ အခက္အခဲမ်ားအား အျမန္ဆုံးေျဖရွင္းေပးမည္ဟု ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း ေျပာ

သန႔္ဇင္ (NP News)-မတ္ ၁၄

ျမန္မာႏိုင္ငံတြင္ ဓာတ္ဆီဂါလံ သန္း (၆၀)ေက်ာ္ျဖင့္ ရက္(၄၀) စာအရန္ဆီရွိၿပီး QR Code ျဖင့္ဆီဝယ္ယူရာတြင္ အခက္အခဲမ်ားအား အျမန္ဆုံးေျဖရွင္းေပးမည္ျဖစ္ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ယေန႔(မတ္လ ၁၄ ရက္)တြင္ စက္သုံးဆီကိစၥႏွင့္ပတ္သက္၍ ျပည္သူလူထုသို႔အသိေပးေျပာၾကားစဥ္ ထည့္သြင္းေျပာ ၾကားခဲ့ေၾကာင္း သိရသည္။

“ဒီေန႔မတ္လ (၁၄) ရက္ေန႔အထိ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ အရန္စက္သုံးဆီ လက္က်န္အေျခအေနအေနနဲ႔ ဓာတ္ဆီ ဂါလံ သန္း(၆၀)ေက်ာ္။ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ (၄၀) ရက္စာ က်န္ရွိပါတယ္။ ဒီဇယ္ ဂါလံ (၈၅)သန္းေက်ာ္ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ရက္ (၅၀) စာ အရန္ဆီအျဖစ္ ရွိၿပီးျဖစ္ပါတယ္။ အခု ဆိပ္ကမ္းမွာ ဆီခ်ေနတဲ့ သေဘၤာ (၃) စင္းရွိပါတယ္။ ရန္ကုန္ ဆိပ္ကမ္းဝမွာေရာက္ေနတာ (၂) စင္းရွိပါတယ္။ လမ္းေၾကာင္းေပၚမွာ ျမန္မာႏိုင္ငံကို လာေနတာက (၃) စင္းရွိပါတယ္။ ဆီတင္ဖို႔အတြက္ ႏိုင္ငံျခားဆိပ္ကမ္းမွာေစာင့္ ေနတာက (၁၂) စင္း ရွိၿပီျဖစ္ပါတယ္။ ဒီမတ္လနဲ႔ ဧၿပီလအတြင္းမွာ ျမန္မာႏိုင္ငံအတြင္ကို ဆီမ်ားဝင္လာႏိုင္ဖို႔ စာခ်ဳပ္ခ်ဳပ္ဆိုၿပီး လုပ္ေဆာင္ထားၿပီး သေဘၤာ (၁၉) စင္းရွိပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။

ထို႔ေၾကာင့္ စက္သုံဆီႏွင့္ ပတ္သက္ကာ မလိုလားအပ္သည့္ စိုးရိမ္ပူပန္မႈမရွိရန္ႏွင့္ ဆီဆိုင္မ်ားတြင္ QR Code စနစ္သုံးၿပီးဆီေရာင္း ခ်ျခင္းႏွင့္ ပတ္သက္၍ ကုန္းလမ္းသယ္ယူပို႔ေဆာင္ေရးဦးစီးဌာန၏ ဆာဗာႏွင့္ ခ်ိတ္ဆက္ရာတြင္ ႀကဳံေတြ႕ေနရသည့္ အခက္အခဲ အမွားအယြင္းမ်ားအား အေလးထားကာ အျမန္ဆုံးေျဖရွင္းေပးသြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

“အဲဒါေၾကာင့္ စက္သုံးဆီနဲ႔ ပတ္သက္ၿပီး မလိုလားအပ္တဲ့ စိုးရိမ္ပူပန္မႈမရွိဖို႔ ေျပာၾကားလိုပါတယ္။ ေနာက္ၿပီး ဆီဆိုင္ေတြမွာ QR Code စနစ္သုံးၿပီးဆီေရာင္းတာနဲ႔ ပတ္သက္ၿပီး ျပည္သူလူထုေတြ႕ႀကဳံေနရတဲ့ အခက္အခဲေတြကို ကြၽန္ေတာ္တို႔ အစိုးရအေနနဲံလည္း သိရွိပါတယ္။ ကုန္းလမ္းသယ္ယူပို႔ေဆာင္ေရးဦးစီးဌာနရဲ႕ ဆာဗာနဲ႔ ခ်ိတ္ဆက္ရာမွာ ႀကဳံေတြ႕ေနရတဲ့ အခက္အခဲေတြ အမွားအယြင္းရွိမႈ ေတြကို အထူအေလးထားၿပီး အျမန္ေျဖရွင္းေဆာင္႐ြက္ေပးသြားပါမယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားသည္။

လက္ရွိတြင္ ကမာၻ႔ေရနံေဈးႏႈန္းမ်ားလည္း ယခင္ထက္ (၅၀) ရာခိုင္ႏႈန္းခန႔္ ျမင့္တက္သြားၿပီး သေဘၤာခမ်ားႏွင့္ အာမခံေၾကးမ်ားလည္း ျမင့္တက္ေနရာ စက္သုံးဆီေခြၽတာေရးအစီစဥ္မ်ားအား ဆက္လက္လုပ္ေဆာင္သြားရမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

“ဒီေနရာမွာေတာ့ ကမာၻ႔ေရနံေဈးႏႈန္းကလည္း ယခင္ကထက္ (၅၀) ရာခိုင္ႏႈန္းေလာက္ တက္သြားတာေတြ႕ရၿပီး သေဘၤာခေတြ အာမခံေၾကးေတြလည္း ျမင့္တက္ေနတာေတြ႕ရပါတယ္။ ဒါေၾကာင့္ စက္သုံးဆီေခြၽတာေရးအစီစဥ္ေတြကိုေတာ့ ဆက္လုပ္သြားရမွာ ျဖစ္ပါတယ္။ ျပည္သူလူထု ကိုအသိေပးလိုတာကေတာ့ နံပါတ္(၁) ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ စက္သုံးဆီအရန္အလုံအေလာက္ရွိပါတယ္။ ေနာက္ထပ္လည္း ထပ္ေရာက္လာပါမယ္။ စက္သုံးမျပတ္လပ္ေစေရး ခိုင္မာတဲ့ အစီစဥ္မ်ား သ‌ေဘာတူညီခ်က္မ်ားလည္း ရွိၿပီးျဖစ္ ပါတယ္။ ဒါ့ေၾကာင့္ စိတ္ပူပန္စရာမလိုပါဘူး။ စြမ္းအင္ဝန္ႀကီးဌာနကလည္း သတင္းထုတ္ျပန္ေပးပါလိမ့္မယ္။ နံပါတ္ (၂) အေနနဲ႔ကေတာ့ ကမာၻ႔စက္သုံးဆီေဈးေတြ ျမင့္တက္ေနပါတယ္။ ျမန္မာႏိုင္ငံရဲ႕ စက္သုံးဆီေဈးဟာ အျခားႏိုင္ငံေတြထက္စာရင္ အစိုးရရဲ႕ ကူညီေထာက္ပံ့ ေဆာင္႐ြက္မႈေၾကာင့္ သင့္တင့္တဲ့ေဈးႏႈန္းပဲရွိပါတယ္။ နံပါတ္ (၃) အေနနဲ႔ကေတာ့ ႏိုင္ငံတကာရဲ႕ အေျခအေနေတြေၾကာင့္ စက္သုံးဆီေခြၽ တာေရး အစီစဥ္ေတြကို ဆက္လက္ ေဆာင္႐ြက္သြားၾကရပါမယ္။ ျပည္သူမ်ားအားလုံးကလည္း ဝိုင္းဝန္းကူညီပါဝင္ေပးဖို႔ ေမတၱာရပ္ခံပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.