ရေနံတွေယူဖို့အတွက် အီရန်ရဲ့ခါ့ဂျ်ကျွန်းကို သိမ်းပိုက်သွားနိုင်တယ်လို့ ဒေါ်နယ်ထရမ့်ထုတ်ပြော

 715

Pika (NP News)-မတ် ၃၀

အီရန်ရဲ့ အဓိကပို့ကုန်အချက်အချာနေရာတစ်ခုဖြစ်တဲ့ ခါ့ဂျ်ကျွန်းကို အမေရိကန်တပ်ဖွဲ့တွေက သိမ်းပိုက်သွားနိုင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Financial Timesသတင်းစာနဲ့လုပ်တဲ့ အင်တာဗျူးတစ်ခုအတွင်းမှာ ဒေါ်နယ်ထရမ့်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် ဗင်နီဇွဲလားမှာလုပ်ခဲ့တဲ့အတိုင်း အမေရိကန်ဟာ အီရန်ရဲ့ရေနံလုပ်ငန်းနဲ့ ပို့ကုန်တွေကို အကန့်အသတ်မရှိထိန်းချုပ်ဖို့က ၎င်းရဲ့ဦးစားပေးဖြစ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က”ရိုးရိုးသားသားပြောရရင် အီရန်မှာ ရေနံကိုရယူဖို့က ကျွန်တော်အကြိုက်ဆုံးအရာတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်ဘာလို့ ဒီလိုလုပ်ရတာလဲဆိုပြီး အမေရိကန်မှာရှိတဲ့ အရူးတစ်ချိ့က ဝေဖန်ပေမယ့် တကယ်တော့ သူတို့ကသာ ရူးနေတဲ့လူတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ခါ့ဂျ်ကျွန်းကို သိမ်းပိုက်ချင်သိမ်းပိုက်မယ်။ မသိမ်းပိုက်ချင်လည်း မသိမ်းပိုက်ပါဘူး။ ကျွန်တော်တို့မှာ ရွေးချယ်စရာအများကြီးရှိပါတယ်” လို့ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ(၂၈)ရက်နေ့မှာ အမေရိကန်နဲ့အစ္စရေးတို့က အီရန်အပေါ် စစ်ပွဲတစ်ခုစတင်ဆင်နွှဲခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ ကြီးမားကျယ်ပြန့်တဲ့ စစ်ပွဲကြီးတစ်ခုပေါ်ပေါက်လာခဲ့ပြီး တင်းမာမှုတွေက သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်ကိုရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi version:

အီရန္ရဲ႕ အဓိကပို႔ကုန္အခ်က္အခ်ာေနရာတစ္ခုျဖစ္တဲ့ ခါ့ဂ်္ကြၽန္းကို အေမရိကန္တပ္ဖြဲ႕ေတြက သိမ္းပိုက္သြားႏိုင္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
Financial Timesသတင္းစာနဲ႔လုပ္တဲ့ အင္တာဗ်ဴးတစ္ခုအတြင္းမွာ ေဒၚနယ္ထရမ့္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ဗင္နီဇြဲလားမွာလုပ္ခဲ့တဲ့အတိုင္း အေမရိကန္ဟာ အီရန္ရဲ႕ေရနံလုပ္ငန္းနဲ႔ ပို႔ကုန္ေတြကို အကန႔္အသတ္မရွိထိန္းခ်ဳပ္ဖို႔က ၎ရဲ႕ဦးစားေပးျဖစ္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က”႐ိုး႐ိုးသားသားေျပာရရင္ အီရန္မွာ ေရနံကိုရယူဖို႔က ကြၽန္ေတာ္အႀကိဳက္ဆုံးအရာတစ္ခုပဲျဖစ္ပါတယ္။ ကြၽန္ေတာ္ဘာလို႔ ဒီလိုလုပ္ရတာလဲဆိုၿပီး အေမရိကန္မွာရွိတဲ့ အ႐ူးတစ္ခ်ိ႕က ေဝဖန္ေပမယ့္ တကယ္ေတာ့ သူတို႔ကသာ ႐ူးေနတဲ့လူေတြပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ခါ့ဂ်္ကြၽန္းကို သိမ္းပိုက္ခ်င္သိမ္းပိုက္မယ္။ မသိမ္းပိုက္ခ်င္လည္း မသိမ္းပိုက္ပါဘူး။ ကြၽန္ေတာ္တို႔မွာ ေ႐ြးခ်ယ္စရာအမ်ားႀကီးရွိပါတယ္” လို႔ေျပာဆိုခဲ့ပါတယ္။
ၿပီးခဲ့တဲ့ဒီဇင္ဘာလ(၂၈)ရက္ေန႔မွာ အေမရိကန္နဲ႔အစၥေရးတို႔က အီရန္အေပၚ စစ္ပြဲတစ္ခုစတင္ဆင္ႏႊဲခဲ့ၿပီးေနာက္ အေရွ႕အလယ္ပိုင္းေဒသမွာ ႀကီးမားက်ယ္ျပန႔္တဲ့ စစ္ပြဲႀကီးတစ္ခုေပၚေပါက္လာခဲ့ၿပီး တင္းမာမႈေတြက သမိုင္းတစ္ေလွ်ာက္ အျမင့္ဆုံးအဆင့္ကိုေရာက္ရွိလာခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.