စိတ်ဝင်စားဖို့ကောင်းတဲ့ ကမ်းလှမ်းချက်တွေကို အမေရိကန်က ကမ်းလှမ်းခဲ့တယ်လို့ ရုရှားပြော

1007

Pika(NP News)-မတ် ၃၀
ယူကရိန်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ကမ်းလှမ်းချက်တွေကို အမေရိကန်က ရုရှားကို ကမ်းလှမ်းခဲ့တယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ယူရီယူရှာကော့ဗ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အမေရိကန်က ကမ်းလှမ်းမှုတွေရှိခဲ့ပေမယ့်လည်း အဲ့ဒါတွေက ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းမှာ သိသိသာသာရပ်တန့်သွားခဲ့တယ်လို့လည်း ယူရီယူရှာကော့ဗ်က ပြောကြားခဲ့ပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ဟာ အမေရိကန်ကြားဝင်စေ့စပ်ပေးတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ လပေါင်းများစွာပါဝင်ခဲ့ပေမယ့်လည်း သိသာထင်ရှားတဲ့သဘောတူညီချက်တွေကိုတော့ ရယူနိုင်ခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ဒါ့ပြင် အီရန်အပေါ် အမေရိကန်၊အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေနဲ့ အရှေ့အလယ်ပိုင်းဒေသတစ်ဝှမ်းမှာရှိတဲ့ အမေရိကန်အခြေစိုက်စခန်းတွေကို အီရန်ရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုတွေက မတ်လအစောပိုင်းမှာ ယူအေအီးနိုင်ငံမှာကျင်းပဖို့စီစဉ်ထားတဲ့ နောက်ထပ်ရုရှား-ယူကရိန်းဆွေးနွေးပွဲတွေကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့လည်း ယူရီယူရှာကော့ဗ်က ပြောကြားခဲ့ပါတယ်။
ယူရီယူရှာကော့ဗ်က”ယူကရိန်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အသုံးဝင်တဲ့အကြံညဏ်တွေနဲ့ ကမ်းလှမ်းချက်တွေကို အမေရိကန်က ရုရှားကို ကမ်းလှမ်းခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲ့ဒီကမ်းလှမ်းချက်တွေကို လက်ရှိအချိန်အထိတော့ အကောင်အထည်ဖော်နိုင်တာမျိုး မရှိသေးပါဘူး” လို့ပြောဆိုခဲ့ပါတယ်။

Zawgyi version:
ယူကရိန္းၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ပတ္သက္ၿပီး စိတ္ဝင္စားဖြယ္ကမ္းလွမ္းခ်က္ေတြကို အေမရိကန္က ႐ုရွားကို ကမ္းလွမ္းခဲ့တယ္လို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ယူရီယူရွာေကာ့ဗ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အေမရိကန္က ကမ္းလွမ္းမႈေတြရွိခဲ့ေပမယ့္လည္း အဲ့ဒါေတြက ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္းမွာ သိသိသာသာရပ္တန႔္သြားခဲ့တယ္လို႔လည္း ယူရီယူရွာေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။
႐ုရွားနဲ႔ယူကရိန္းတို႔ဟာ အေမရိကန္ၾကားဝင္ေစ့စပ္ေပးတဲ့ ေဆြးေႏြးညႇိႏႈိင္းမႈေတြမွာ လေပါင္းမ်ားစြာပါဝင္ခဲ့ေပမယ့္လည္း သိသာထင္ရွားတဲ့သေဘာတူညီခ်က္ေတြကိုေတာ့ ရယူႏိုင္ခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
ဒါ့ျပင္ အီရန္အေပၚ အေမရိကန္၊အစၥေရးတို႔ရဲ႕ တိုက္ခိုက္မႈေတြနဲ႔ အေရွ႕အလယ္ပိုင္းေဒသတစ္ဝွမ္းမွာရွိတဲ့ အေမရိကန္အေျခစိုက္စခန္းေတြကို အီရန္ရဲ႕လက္တုံ႔ျပန္တိုက္ခိုက္မႈေတြက မတ္လအေစာပိုင္းမွာ ယူေအအီးႏိုင္ငံမွာက်င္းပဖို႔စီစဥ္ထားတဲ့ ေနာက္ထပ္႐ုရွား-ယူကရိန္းေဆြးေႏြးပြဲေတြကို အေႏွာင့္အယွက္ျဖစ္ေစခဲ့တယ္လို႔လည္း ယူရီယူရွာေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။
ယူရီယူရွာေကာ့ဗ္က”ယူကရိန္းၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္နဲ႔ပတ္သက္ၿပီး အသုံးဝင္တဲ့အႀကံညဏ္ေတြနဲ႔ ကမ္းလွမ္းခ်က္ေတြကို အေမရိကန္က ႐ုရွားကို ကမ္းလွမ္းခဲ့ပါတယ္။
ဒါေပမယ့္လည္း အဲ့ဒီကမ္းလွမ္းခ်က္ေတြကို လက္ရွိအခ်ိန္အထိေတာ့ အေကာင္အထည္ေဖာ္ႏိုင္တာမ်ိဳး မရွိေသးပါဘူး” လို႔ေျပာဆိုခဲ့ပါတယ္။