အရှေ့အလယ်ပိုင်းပဋိပက္ခမှာ ဟူသီလက်နက်ကိုင်အဖွဲ့ပါ ပါဝင်လာ

 301

Pika (NP News)-မတ် ၃၀

အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ တရားဝင်ပါဝင်လာတော့မယ်လို့ ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပြီး အစ္စရေးကို ဒုံးကျည်များစွာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ယီမင်မြို့တော်ဆာနာနဲ့ နိုင်ငံရဲ့မြောက်ပိုင်းဒေသအများစုကို ထိန်းချုပ်ထားတဲ့ ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှာ အမေရိကန်နဲ့အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့ချိန်တည်းက လှုပ်ရှားမှုတွေမရှိခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ အစ္စရေးကို တိုက်ခိုက်မှုတွေလုပ်ဆောင်ပြီး စတင်လှုပ်ရှားတာလည်းဖြစ်ပါတယ်။

ဒါ့ပြင် ဟူသီလက်နက်ကိုင်အဖွဲ့က အီရန်နဲ့ဒေသတွင်းမှာရှိတဲ့ အခြားခုခံရေးအဖွဲ့တွေကို ထောက်ခံတယ်လို့လည်း ဟူသီလက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ယာရာဆာရီးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ယာရာဆာရီးက”ဘယ်နိုင်ငံမဆို အမေရိကန်နဲ့အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သို့မဟုတ် အီရန်ကိုပစ်မှတ်ထားဖို့ ပင်လယ်နီကို အသုံးပြုမယ်ဆိုရင် ကျွန်တော်တို့ရဲ့လက်ချောင်းတွေက ခလုတ်တွေအပေါ်မှာရှိနေမှာပါ” လို့သတိပေးပြောဆိုခဲ့ပါတယ်။

Zawgyi version:

အေရွ႕အလယ္ပိုင္းေဒသမွာျဖစ္ပြားေနတဲ့ ပဋိပကၡမွာ တရားဝင္ပါဝင္လာေတာ့မယ္လို႔ ယီမင္အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕က ထုတ္ျပန္ေၾကညာခဲ့ၿပီး အစၥေရးကို ဒုံးက်ည္မ်ားစြာနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။
ယီမင္ၿမိဳ႕ေတာ္ဆာနာနဲ႔ ႏိုင္ငံရဲ႕ေျမာက္ပိုင္းေဒသအမ်ားစုကို ထိန္းခ်ဳပ္ထားတဲ့ ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ(၂၈)ရက္ေန႔မွာ အေမရိကန္နဲ႔အစၥေရးတို႔က အီရန္အေပၚ တိုက္ခိုက္မႈေတြ စတင္လုပ္ေဆာင္ခဲ့ခ်ိန္တည္းက လႈပ္ရွားမႈေတြမရွိခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္မွာေတာ့ အစၥေရးကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ၿပီး စတင္လႈပ္ရွားတာလည္းျဖစ္ပါတယ္။
ဒါ့ျပင္ ဟူသီလက္နက္ကိုင္အဖြဲ႕က အီရန္နဲ႔ေဒသတြင္းမွာရွိတဲ့ အျခားခုခံေရးအဖြဲ႕ေတြကို ေထာက္ခံတယ္လို႔လည္း ဟူသီလက္နက္ကိုင္အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ယာရာဆာရီးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ယာရာဆာရီးက”ဘယ္ႏိုင္ငံမဆို အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕ တိုက္ခိုက္မႈေတြမွာ ပါဝင္ဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ သို႔မဟုတ္ အီရန္ကိုပစ္မွတ္ထားဖို႔ ပင္လယ္နီကို အသုံးျပဳမယ္ဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕လက္ေခ်ာင္းေတြက ခလုတ္ေတြအေပၚမွာရွိေနမွာပါ” လို႔သတိေပးေျပာဆိုခဲ့ပါတယ္။

Picture

Hlaing Wai Phyo

30/03/2026 14:13

ျကာလာရင်္အစ္စလန္ေတြလက်္သဲဆိတ္လက်္ထိပ္နာ။

Related news

© 2021. All rights reserved.