တရားမဝင်အကြောင်းအရာများ ဖယ်ရှားမှုမပြုခြင်းကြောင့် ရုရှားက Google ကို ဒဏ်ရိုက်

 887

ရောင်နီ ( NP News ) - သြဂုတ် ၂ဝ
ရုရှားသည် နိုင်ငံတွင်းရှိ နိုင်ငံခြားနည်းပညာကုမ္ပဏီကြီးများကို ဖိအားပေးလာခဲ့ပြီး တရားမဝင် အကြောင်းအရာများ ပိတ်ပင်ခြင်း မပြုလုပ်ခြင်းကြောင့် Google ကို ကြာသပတေးနေ့ (သြဂုတ် ၁၉) က ဒဏ်ငွေရိုက်ခဲ့ကြောင်း Straitstimes သတင်းဖော်ပြချက်အရသိရသည်။

မကြာသေးမီလများကတည်းက ရုရှားသည် နိုင်ငံခြားနည်းပညာ ကုမ္ပဏီများကို ညစ်ညမ်းရုပ်ပုံများ၊ အစွန်းရောက်ဝါဒီများ၊ မူးယစ်ဆေးဝါး နှိမ်နင်းခြင်း သို့မဟုတ် သတ်သေခြင်းဟု ယူဆရသည့် ပို့စ်များအပါအဝင် အကြောင်းအရာ စာသားများနှင့်ပတ်သတ်ပြီး တရားဝင် အရေးယူခဲ့သည်။

ကြာသပတေးနေ့က Tagansky ခရိုင်တရားရုံးတွင် ရုရှားက Google ကို ဥပဒေ ချိုးဖောက်မှုအတွက် ဒဏ်ငွေ ရူ ဘယ်ခြောက်သန်း (စင်ကာပူဒေါ်လာ ၁၁ဝဝဝဝ)သုံးကြိမ် ချမှတ်ခဲ့ကြောင်းသိရသည်။ ယခု သီတင်းပတ် အစောပိုင်းကလည်း ရုရှားသည် အမေရိကန်ကုမ္ပဏီတစ်ခုကို တူညီသည့်စွဲချက်များဖြင့် ဒဏ်ငွေ ရူဘယ် (၁၄) သန်း၊ ငါးကြိမ်ထိ ချမှတ်ခဲ့ကြောင်းသိရသည်။ Google သည် ပြီးခဲ့သည့် လကလည်း ဒေတာသိုလှောင်မှု ဥပဒေချိုးဖောက်မှုကြောင့် ရူဘယ်သုံးသန်း ဒဏ်ရိုက်ခံခဲ့ရသေး ကြောင်း သိရသည်။ RIA Novosti သတင်းဌာန၏ဆိုအရ Google သည် ရုရှားမှ စုစုပေါင်း ရူဘယ် (၃၂.၅) သန်းထိ ဒဏ်ငွေရိုက် ခံခဲ့ရကြောင်းသိရသည်။

ယခုကဲ့သို့ ပြုလုပ်ခြင်းသည် သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ ဒေတာများကို ရုရှားဆာဗာများတွင် သိုလှောင်ရန် လိုအပ်သော အငြင်းပွားဖွယ် ဥပဒေအောက်တွင် Google အား ပထမဆုံးအကြိမ် အပြစ်ပေးခြင်းဖြစ်ပြီး မော်စကိုသည် နိုင်ငံခြားနည်းပညာ ကုမ္ပဏီများ၊ အထူးသဖြင့် လူမှုကွန်ရက်များအပေါ် ဖိအားပေးမှုကို ယခုနှစ်အစောပိုင်းက ပြုလုပ်ခဲ့သည်။ တရားမဝင်သော အကြောင်းအရာများကို ဖယ်ရှားရန် ပျက်ကွက်မှုကြောင့် ဖေ့စ်ဘွတ်ခ်သည်လည်း ဒဏ်ငွေဆောင်ခဲ့ရကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.