ထပ်မံတိုးမြှင့်သတ်မှတ်လိုက်သည့် အများပြည်သူအလုပ်ပိတ်ရက်တွင် ဘဏ်များမပါဝင်

 1093

NP News - ဩဂုတ် ၂၁
ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဆက်လက်ထိန်းချုပ်ရန်အတွက် ဩဂုတ်လ (၂၃) ရက်နေ့မှ ၃၁ ရက်နေ့အထိအား အများပြည်သူအလုပ်ပိတ်ရက်အဖြစ် တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဩဂုတ်လ (၂ဝ) ရက်တွင် စစ်ကောင်စီက ကြေညာခဲ့သည်။

ကြေညာချက်တွင် ထူးခြားသည့်အခြေအနေအရ ဗဟိုဘဏ်နှင့် ယင်း၏လက်အောက်ခံ အစိုးရဘဏ်များ၊ ပုဂ္ဂလိ ကဘဏ်များ ပါဝင်မည်မဟုတ်ကြောင်း ရေးသားထားသည်။

အများပြည်သူ အလုပ်ပိတ်ရက်များကို နစကမှ (၅)ကြိမ် သတ်မှတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက် မှုကို ဆက်လက်ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန်အတွက် ဩဂုတ်လ (၂၃) ရက်နေ့မှ (၃၁) ရက်နေ့အထိအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ယင်း၏လက်အောက်ခံ အစိုးရဘဏ်များ၊ ပုဂ္ဂလိကဘဏ်များမှအပ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ တိုးမြှင့်သတ်မှတ်ကြေညာလိုက်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရန်အတွက်ဟုဆိုကာ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင် အခြေခံပညာကျောင်းများအားလုံးကိုလည်း ဩဂုတ်လ (၃၁) ရက်နေ့အထိ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ဩဂုတ်လ (၂ဝ) ရက်နေ့တွက်ပင် ထုတ်ပြန်ခဲ့သည်။
#NPNews

Related news

© 2021. All rights reserved.