အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းဒေသအတွင်း ပြင်းထန်တဲ့ဟာရီကိန်းမုန်တိုင်း ဝင်ရောက်လာနိုင်ဖွယ်ရှိ

 1149

ရောင်နီ (NP News) - သြဂုတ် ၂၂
အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းမှာ သြဂုတ်လ ၂၁ ရက်က Henri ဟာရီကိန်းမုန်တိုင်း ဝင်ရောက်လာမှုနဲ့ ရင်ဆိုင်နေရပြီး အဆိုပါမုန်တိုင်းဟာ ဒေသတွင်း အားကောင်းတဲ့မုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲလာနိုင်ပြီး ဒီရေမြင့်တက်ခြင်းနဲ့ ရေကြီးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း အမျိုးသားဟာရီကိန်းစင်တာ (NHC) က သတိပေးပြောကြားထားပါတယ်။

မုန်တိုင်းဟာ သြဂုတ်လ ၂၁ ရက် နံနက်ပိုင်းက မြောက်ကာရိုလိုင်းနားမှာ အရှေ့ဘက်မှ မြောက်ဘက် မိုင် ၁၈ဝ ခန့်ကို တိုက်ခတ်နေပြီး လေတိုက်နှုန်းဟာ တစ်နာရီ ၇၅ မိုင် (၁၂ဝ ကီလိုမီတာ) ထိ ရှိတယ်လို့ သိရပါတယ်။ မုန်တိုင်းရဲ့လက်ရှိလမ်းကြောင်းအရဆိုရင် သြဂုတ်လ ၂၂ ရက်နေ့မှာ Long Island, New York (သို့) New England တောင်ပိုင်းကို ကုန်းတွင်းသို့ ဝင်ရောက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဗဟိုဌာနချုပ်က ဆိုပါတယ်။

Long Island၊ New York နဲ့ New Haven၊ Connecticut ဒေသများဟာ သြဂုတ်လ ၂၁ ရက်ကေ ဟာရီကိန်းနဲ့ မုန်တိုင်းသတိပေးချက်များ အောက်တွင်ရှိနေပြီး။ New England ရဲ့ အခြားအစိတ်အပိုင်းတွေဖြစ်တဲ့ Martha's Vineyard နဲ့ Nantucket မှာတော့ အပူလှိုင်းတွေနဲ့ အပူပိုင်းမုန်တိုင်း သတိပေးချက်တွေအောက်မှာ ရှိနေပါ တယ်။
"ဒါဟာ အသက်အန္တရာယ်ရှိတဲ့အခြေအနေပါ။ ဒီဒေသတွေက လူတွေဟာ ရေမြင့်တက်မှုနဲ့ အခြားအန္တရာယ် အေခြအနေတွေမှ အသက်နဲ့ပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့ လိုအပ်တဲ့လုပ်ဆောင်ချက်အားလုံးကို လုပ်ဆောင်သင့်တယ်" လို့ NHC က ဆိုပါတယ်။

Henri ကြောင့် New England ကမ်းရိုးတန်းတစ်လျှောက် ၃ ပေ မှ ၅ ပေ၊ တစ်နာရီ ၇ဝ မိုင် မြင့်မားတဲ့ လေတိုက်ခတ်မှုနဲ့ သီးခြားဧရိယာများမှာ မိုးရေချိန် ၁ဝ လက်မထိ ရှိနိုင်တဲ့ မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဗဟိုက သတိပေးထားပါတယ်။ Henri ဟာ New England အရှေ့တောင်ဘက်ကို ဟာရီကိန်းအဖြစ် ဝင်ရောက်လာမယ်ဆိုရင် ဒါဟာ ယင်းဒေသမှာ ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးပြင်းထန်တဲ့ ဟာရီကိန်းမုန်တိုင်း ဖြစ်လာနိုင်ပါတယ်။

နယူးယောက်မြို့တော်ဝန် Bill de Blasio က ဒေသခံတွေအနေနဲ့ သြဂုတ်လ ၂၂ ရက်(တနင်္ဂနွေနေ့)မှာ နေအိမ်တွင်သာ နေထိုင်ကြဖို့နဲ့ ခရီးသွားဖို့လိုအပ်ရင် အများသုံး သယ်ယူပို့ဆောင်ရေးများကိုသာ အသုံးပြုဖို့ တိုက်တွန်း မှာကြားခဲ့ပါတယ်။
#NPNews

Related news

© 2021. All rights reserved.