ရန်ကုန်-ပြည်ကားလမ်းပေါ်၌ ဆွမ်းခံကြွလာသည့် သံဃာတော်တစ်ပါးအား ကားတစ်စီးမှတိုက်ပြေးခဲ့ရာ သံဃာတော်ပျံလွန်တော်မူခဲ့

 10895

သန့်ဇင်(NP News) - ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ ရန်ကုန်-ပြည်ကားလမ်းပေါ်၌ ဆွမ်းခံကြွလာသည့် သံဃာတော်တစ်ပါးအား ကားတစ်စီးမှ တိုက်ပြေးခဲ့ရာ ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(ဇန်နဝါရီလ ၁၁ ရက်)၊ နံနက် ၅ နာရီအချိန်ခန့်တွင် မှော်ဘီမြို့၊ ရန်ကုန်-ပြည်ကားလမ်း၏ မိုင်တိုင်အမှတ်(၃၂)အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားတိုက်ခံရတဲ့ သံဃာတော်က ပေါ်တော်မူဘုရားတောင်ဘက်မှာရှိတဲ့ တစ်ပါးကျောင်းလေးမှာ သီတင်းသုံးတာပါ။ ဘယ်လိုဖြစ်ပြီး တိုက်မိလည်းတော့ မသိရသေးဘူး။ ကားကတိုက်ပြီး မောင်းပြေးသွားတာ။ သံဃာတော်ကတော့ နေရာမှာပဲ ပျံလွန်တော်မူသွားတယ်။ ခေါင်းကို ကားဘီးနဲ့ တက်ကြိတ်သွားတာဆိုတော့ ခေါင်းကြေသွားတာ”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ပေါ်တော်မူဘုရားတောင်ဘက်ရှိ တစ်ပါးကျောင်းတွင် သီတင်းသုံးနေတော်မူသည့် သက်တော် (၅၀)နှစ်ဝန်းကျင် သံဃာတော်သည် ဦးခေါင်းကြေမွဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ်တုန်းကလည်း မြို့ထဲမှာ ဒီလိုပဲ သံဃာတော်တစ်ပါးကားတိုက်ခံရပြီး ပျံလွန်တော်မူသွားခဲ့တယ်။ မှော်ဘီက ရန်ကုန်-ပြည် ကားလမ်းပေါ်မှာရှိတဲ့မြို့ဆိုတော့ လမ်းကျယ်တဲ့အတွက် ကားတွေကအရမ်းမောင်းကြတာ။ အကြံပြုချင်တာကတော့ မြို့ထဲမှာ ကားတွေ အရှိန်လျော့မောင်းဖို့နဲ့ တာဝန်ရှိသူတွေကလည်းအရှိန်လျော့မောင်းဖို့ သတိပေးဆိုင်းဘုတ်တွေ ထောင်ပေးစေချင်တယ်” ဟု ၎င်းက အကြံပြုပြောကြားထားသည်။

ပျံလွန်တော်မူသွားခဲ့သည့် သံဃာတော်အား မှော်ဘီမြို့မလူမှုကူညီရေးအသင်းမှ မှော်ဘီမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကူညီပေးခဲ့ပြီး ယာဉ်တိုက်မှုကျူးလွန်သူအား သက်ဆိုင်ရာမှ စုံစမ်းလျက်ရှိကြောင်း သိရသည်။

zawgyi version
ရန္ကုန္-ျပည္ကားလမ္းေပၚ၌ ဆြမ္းခံႂကြလာသည့္ သံဃာေတာ္တစ္ပါးအား ကားတစ္စီးမွတိုက္ေျပးခဲ့ရာ သံဃာေတာ္ပ်ံလြန္ေတာ္မူခဲ့

သန႔္ဇင္(NP News) - ဇန္နဝါရီ ၁၁

ရန္ကုန္တိုင္း၊ ေမွာ္ဘီၿမိဳ႕၊ ရန္ကုန္-ျပည္ကားလမ္းေပၚ၌ ဆြမ္းခံႂကြလာသည့္ သံဃာေတာ္တစ္ပါးအား ကားတစ္စီးမွ တိုက္ေျပးခဲ့ရာ ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယေန႔(ဇန္နဝါရီလ ၁၁ ရက္)၊ နံနက္ ၅ နာရီအခ်ိန္ခန႔္တြင္ ေမွာ္ဘီၿမိဳ႕၊ ရန္ကုန္-ျပည္ကားလမ္း၏ မိုင္တိုင္အမွတ္(၃၂)အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကားတိုက္ခံရတဲ့ သံဃာေတာ္က ေပၚေတာ္မူဘုရားေတာင္ဘက္မွာရွိတဲ့ တစ္ပါးေက်ာင္းေလးမွာ သီတင္းသုံးတာပါ။ ဘယ္လိုျဖစ္ၿပီး တိုက္မိလည္းေတာ့ မသိရေသးဘူး။ ကားကတိုက္ၿပီး ေမာင္းေျပးသြားတာ။ သံဃာေတာ္ကေတာ့ ေနရာမွာပဲ ပ်ံလြန္ေတာ္မူသြားတယ္။ ေခါင္းကို ကားဘီးနဲ႔ တက္ႀကိတ္သြားတာဆိုေတာ့ ေခါင္းေၾကသြားတာ”ဟု ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္တြင္ ေပၚေတာ္မူဘုရားေတာင္ဘက္ရွိ တစ္ပါးေက်ာင္းတြင္ သီတင္းသုံးေနေတာ္မူသည့္ သက္ေတာ္ (၅၀)ႏွစ္ဝန္းက်င္ သံဃာေတာ္သည္ ဦးေခါင္းေၾကမြဒဏ္ရာျဖင့္ အခင္းျဖစ္ေနရာ၌ ပ်ံလြန္ေတာ္မူသြားခဲ့ေၾကာင္း သိရသည္။

“ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း ၿမိဳ႕ထဲမွာ ဒီလိုပဲ သံဃာေတာ္တစ္ပါးကားတိုက္ခံရၿပီး ပ်ံလြန္ေတာ္မူသြားခဲ့တယ္။ ေမွာ္ဘီက ရန္ကုန္-ျပည္ ကားလမ္းေပၚမွာရွိတဲ့ၿမိဳ႕ဆိုေတာ့ လမ္းက်ယ္တဲ့အတြက္ ကားေတြကအရမ္းေမာင္းၾကတာ။ အႀကံျပဳခ်င္တာကေတာ့ ၿမိဳ႕ထဲမွာ ကားေတြ အရွိန္ေလ်ာ့ေမာင္းဖို႔နဲ႔ တာဝန္ရွိသူေတြကလည္းအရွိန္ေလ်ာ့ေမာင္းဖို႔ သတိေပးဆိုင္းဘုတ္ေတြ ေထာင္ေပးေစခ်င္တယ္” ဟု ၎က အႀကံျပဳေျပာၾကားထားသည္။

ပ်ံလြန္ေတာ္မူသြားခဲ့သည့္ သံဃာေတာ္အား ေမွာ္ဘီၿမိဳ႕မလူမႈကူညီေရးအသင္းမွ ေမွာ္ဘီၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ ကူညီေပးခဲ့ၿပီး ယာဥ္တိုက္မႈက်ဴးလြန္သူအား သက္ဆိုင္ရာမွ စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.