မြိတ်မြို့ရှိ Sea View Condo အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံး

989
Pearl (NP News) - ဖေဖော်ဝါရီ ၂၂
မြိတ်မြို့ရှိ Sea View Condo အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သတင်းရ ရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၁ ရက်)၊ ည (၇) နာရီ၊ (၄၅)မိနစ်အချိန်ခန့်တွင် တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ရေပုန်းရပ်ကွက်၊ ကမ်းနားလမ်း၊ Sea View Condo အနီးရှိ လမ်းဘေးအမှိုက်ပုံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ လမ်းဘေး အမှိုက်ပုံမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် တာဝန်ရှိသူများက အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် လမ်းပေါ်၌သွားလာနေသော မြိတ်မြို့၊ ကလွင်ရေပုန်းရပ်ကွက်၊ မကျဉ်းပင်လမ်းထိပ်တွင် နေထိုင်သည့် ကိုဇော်လင်းဦး(ခ)သားကြီး (၃၇) နှစ်တွင် ဦးခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပေါက်ကွဲမှုကြောင့် ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာတွင်နေထိုင်သော ကိုနေလင်း(၂၅)နှစ် နှင့် မြိတ်မြို့၊ ရေပုန်းရပ်ကွက် နေထိုင်သော ဒေါ်သင်းသင်းစိုး(၄၂)နှစ်တို့၌ ပေါက်ကွဲစထိမှန်ဒဏ်ရာအသီးသီးရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဒဏ်ရာရရှိသူ (၂)ဦးအား မြိတ်ဆေးရုံကြီးရှိ အရေးပေါ်ဌာန၌ ဆက်လက်ဆေးကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အလားတူ မြိတ်မြို့ ဘုံပျံရပ်ကွက်နှင့် လေယာဉ်ကွင်းအနီး၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

zawgyi version
ၿမိတ္ၿမိဳ႕ရွိ Sea View Condo အနီးတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ အမ်ိဳးသားတစ္ဦး ေသဆုံး
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၂
ၿမိတ္ၿမိဳ႕ရွိ Sea View Condo အနီးတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ အမ်ိဳးသားတစ္ဦး ေသဆုံးသြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူထံမွ သတင္းရ ရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၂၁ ရက္)၊ ည (၇) နာရီ၊ (၄၅)မိနစ္အခ်ိန္ခန႔္တြင္ တနသၤာရီတိုင္း၊ ၿမိတ္ၿမိဳ႕၊ ေရပုန္းရပ္ကြက္၊ ကမ္းနားလမ္း၊ Sea View Condo အနီးရွိ လမ္းေဘးအမႈိက္ပုံ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါ လမ္းေဘး အမႈိက္ပုံမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့သျဖင့္ တာဝန္ရွိသူမ်ားက အခင္းျဖစ္ေနရာသို႔ သြားေရာက္ စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။ ျဖစ္စဥ္ေၾကာင့္ လမ္းေပၚ၌သြားလာေနေသာ ၿမိတ္ၿမိဳ႕၊ ကလြင္ေရပုန္းရပ္ကြက္၊ မက်ဥ္းပင္လမ္းထိပ္တြင္ ေနထိုင္သည့္ ကိုေဇာ္လင္းဦး(ခ)သားႀကီး (၃၇) ႏွစ္တြင္ ဦးေခါင္းေနာက္ေစ့ပြင့္ထြက္ဒဏ္ရာရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေပါက္ကြဲမႈေၾကာင့္ ကြၽန္းစုၿမိဳ႕နယ္၊ ကံေမာ္ေက်း႐ြာတြင္ေနထိုင္ေသာ ကိုေနလင္း(၂၅)ႏွစ္ ႏွင့္ ၿမိတ္ၿမိဳ႕၊ ေရပုန္းရပ္ကြက္ ေနထိုင္ေသာ ေဒၚသင္းသင္းစိုး(၄၂)ႏွစ္တို႔၌ ေပါက္ကြဲစထိမွန္ဒဏ္ရာအသီးသီးရွိခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္ ဒဏ္ရာရရွိသူ (၂)ဦးအား ၿမိတ္ေဆး႐ုံႀကီးရွိ အေရးေပၚဌာန၌ ဆက္လက္ေဆးကုသေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
အလားတူ ၿမိတ္ၿမိဳ႕ ဘုံပ်ံရပ္ကြက္ႏွင့္ ေလယာဥ္ကြင္းအနီး၌ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေသာ္လည္း ထိခိုက္ဒဏ္ရာရရွိသူ မရွိေၾကာင္း သိရသည္။