မန္တလေးမြို့ရှိ ချောင်းတစ်ခုအတွင်း၌ လက်ပြန်ကြိုးတုတ်လျက် ဦးခေါင်း မပါသည့် အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိ

21647

သန့်ဇင် (NP News) - ဇွန် ၃
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ချောင်းတစ်ခုအတွင်း၌ လက်ပြန်ကြိုးတုတ်လျက် ဦးခေါင်းမပါသည့်အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း ထာဝရလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါအမျိုးသားအလောင်းကို ယမန်နေ့(ဇွန်လ ၂ရက်)၊ နံနက် ၁၀နာရီခွဲအချိန်ခန့်က ပုသိမ်ကြီးမြို့နယ်၊ အုန်းချောအပိုင်၊လက်သစ်ချောင်း မကြီးအတွင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကို ဘေးလူတွေကဖုန်းဆက်ခေါ်တာပေါ့။ သွားဆယ်တော့ ခေါင်းကမပါတာ။ အလောင်းက တော်တော်ကို ကြာပြီထင်တယ်။ လက်တွေနဲ့ ခြေထောက်တွေရောမှာ အသားတွေ မရှိတော့ဘူး။ လက်ပြန် ကြိုးတုတ်ထားတာတွေ့တယ်။ ကြိုးရဲ့အဆုံးမှာတိုင်ရှိတယ်။ သတ်ပြီးမြေအောက်ထဲမှာ မြုပ်ထားပြီး ပုတ်မှ ပေါ်လာတဲ့ပုံစံမျိုးပေါ့” ဟု ထာဝရလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါအမျိုးသားအလောင်းမှာ လက်ပြန်ကြိုးတုတ်၍ သတ်ဖြတ်ခံထားရခြင်းဖြစ်ပြီး (၂)ပတ်ခန့်အကြာတွင် ချောင်းရေနှင့်အတူ မျောပါလာခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုထားသည်။
“အဲဒီလိုမျိုးအလောင်းက တစ်လကို ၂ လောင်း ၃ လောင်းလောက်ရှိတယ်။ အခြားမြို့နယ်တွေကလည်း ကြားမိတာ ပေါ့နော်။ မတ္တရာမြို့နယ် ဘက်ကနေမျောလာတဲ့ပုံစံရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါအလောင်းကို ထာဝရလူမှုကယ်ဆယ်ရေးအဖွဲ့က မန္တလေးပြည်သူ့ဆေးရုံကြီး၏ ရင်ခွဲရုံသို့ ပို့ဆောင်ပြီး ထိုမှတစ်ဆင့် အေးရိပ်ငြိမ်း သုဿန်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
မႏၲေလးၿမိဳ႕ရွိ ေခ်ာင္းတစ္ခုအတြင္း၌ လက္ျပန္ႀကိဳးတုတ္လ်က္ ဦးေခါင္း မပါသည့္ အမ်ိဳးသားအေလာင္း တစ္ေလာင္း ေတြ႕ရွိ
သန႔္ဇင္ (NP News) - ဇြန္ ၃
မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္ရွိ ေခ်ာင္းတစ္ခုအတြင္း၌ လက္ျပန္ႀကိဳးတုတ္လ်က္ ဦးေခါင္းမပါသည့္အမ်ိဳးသား အေလာင္းတစ္ေလာင္းေတြ႕ရွိခဲ့ေၾကာင္း ထာဝရလူမႈကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။
အဆိုပါအမ်ိဳးသားအေလာင္းကို ယမန္ေန႔(ဇြန္လ ၂ရက္)၊ နံနက္ ၁၀နာရီခြဲအခ်ိန္ခန႔္က ပုသိမ္ႀကီးၿမိဳ႕နယ္၊ အုန္းေခ်ာအပိုင္၊လက္သစ္ေခ်ာင္း မႀကီးအတြင္း၌ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ကို ေဘးလူေတြကဖုန္းဆက္ေခၚတာေပါ့။ သြားဆယ္ေတာ့ ေခါင္းကမပါတာ။ အေလာင္းက ေတာ္ေတာ္ကို ၾကာၿပီထင္တယ္။ လက္ေတြနဲ႔ ေျခေထာက္ေတြေရာမွာ အသားေတြ မရွိေတာ့ဘူး။ လက္ျပန္ ႀကိဳးတုတ္ထားတာေတြ႕တယ္။ ႀကိဳးရဲ႕အဆုံးမွာတိုင္ရွိတယ္။ သတ္ၿပီးေျမေအာက္ထဲမွာ ျမဳပ္ထားၿပီး ပုတ္မွ ေပၚလာတဲ့ပုံစံမ်ိဳးေပါ့” ဟု ထာဝရလူမႈကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါအမ်ိဳးသားအေလာင္းမွာ လက္ျပန္ႀကိဳးတုတ္၍ သတ္ျဖတ္ခံထားရျခင္းျဖစ္ၿပီး (၂)ပတ္ခန႔္အၾကာတြင္ ေခ်ာင္းေရႏွင့္အတူ ေမ်ာပါလာျခင္းျဖစ္ႏိုင္ေၾကာင္း ၎က သုံးသပ္ေျပာဆိုထားသည္။
“အဲဒီလိုမ်ိဳးအေလာင္းက တစ္လကို ၂ ေလာင္း ၃ ေလာင္းေလာက္ရွိတယ္။ အျခားၿမိဳ႕နယ္ေတြကလည္း ၾကားမိတာ ေပါ့ေနာ္။ မတၱရာၿမိဳ႕နယ္ ဘက္ကေနေမ်ာလာတဲ့ပုံစံရွိတယ္” ဟု ၎က ဆက္လက္ေျပာသည္။
အဆိုပါအေလာင္းကို ထာဝရလူမႈကယ္ဆယ္ေရးအဖြဲ႕က မႏၲေလးျပည္သူ႔ေဆး႐ုံႀကီး၏ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ၿပီး ထိုမွတစ္ဆင့္ ေအးရိပ္ၿငိမ္း သုႆန္သို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။