ပန်းပဲတန်းတွင် အမျိုးသား(၃)ဦးက ရွှေဆိုင်အတွင်းဝင်ရောက်ကာ အနုကြမ်းစီးပြီး ကျပ်သိန်း(၁၀၀၀၀)ကျော်တန်ဖိုးရှိ လက်ဝတ်ရတနာများ လုယက်၊ယူဆောင်မှုဖြစ်ပွား

 1687

ချယ်ရီ (NP News)- ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်တွင် အမျိုးသား(၃)ဦးက ရွှေဆိုင်အတွင်းဝင်ရောက်ကာ အနုကြမ်းစီးပြီး ကျပ်သိန်း (၁၀၀၀၀)ကျော်တန်ဖိုးရှိ လက်ဝတ်ရတနာများ လုယက်၊ ယူဆောင်သည်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ယနေ့(ဇန်နဝါရီလ ၈ ရက်)၊ နံနက်ပိုင်း ၉နာရီခွဲအချိန်ခန့်က ပန်းပဲတန်းမြို့ နယ်၊ လမ်း ၃၀ အလယ်ဘလောက်ရှိ ရွှေချစ်သူ စိန်ထည်၊ရွှေထည်၊ ပလက်တီနမ် ရောင်းဝယ်ရေးဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ချိန်တွင် ရွှေဆိုင်အတွင်းသို့ အမည်မသိ အမျိုးသား(၃)ဦးက ဝင်ရောက်ကာ ဆိုင်အတွင်းရှိ အမျိုးသမီး(၂)ဦးကို သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ရေချိုးခန်းအတွင်း Cable Type ကြိုးဖြင့် ချည်နှောင်ကာ ငွေကျပ်သိန်း(၅၀၀) အပါအဝင် ရွှေထည်၊စိန်ထည်တန်ဖိုး စုစုပေါင်း ငွေကျပ်သိန်း (၁၀၀၀၀)ကျော်နှင့် ဖုန်း(၅) လုံးတို့ကို ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ဒီဖြစ်စဉ်ကတော့ ရပ်ကွက်က လူတွေလောက်ပဲ သိသွားတာပါ။ ပြောရရင် တကယ်သိသင့်တဲ့သူတွေလောက်ပဲ သိသွားခဲ့တာ”ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သော မြို့ခံတစ်ဦးက ပြောသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်များကို ဖမ်းမိရေးအတွက် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ပန္းပဲတန္းတြင္ အမ်ိဳးသား(၃)ဦးက ေ႐ႊဆိုင္အတြင္းဝင္ေရာက္ကာ အႏုၾကမ္းစီးၿပီး က်ပ္သိန္း (၁၀၀၀၀)ေက်ာ္တန္ဖိုးရွိ လက္ဝတ္ရတနာမ်ား လုယက္၊ယူေဆာင္မႈျဖစ္ပြား
ခ်ယ္ရီ (NP News)- ဇန္နဝါရီ ၈

ရန္ကုန္တိုင္းေဒသႀကီး၊ ပန္းပဲတန္းၿမိဳ႕နယ္တြင္ အမ်ိဳးသား(၃)ဦးက ေ႐ႊဆိုင္အတြင္းဝင္ေရာက္ကာ အႏုၾကမ္းစီးၿပီး က်ပ္သိန္း (၁၀၀၀၀)ေက်ာ္တန္ဖိုးရွိ လက္ဝတ္ရတနာမ်ား လုယက္၊ ယူေဆာင္သည္ျဖစ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါျဖစ္စဥ္မွာ ယေန႔(ဇန္နဝါရီလ ၈ ရက္)၊ နံနက္ပိုင္း ၉နာရီခြဲအခ်ိန္ခန႔္က ပန္းပဲတန္းၿမိဳ႕ နယ္၊ လမ္း ၃၀ အလယ္ဘေလာက္ရွိ ေ႐ႊခ်စ္သူ စိန္ထည္၊ေ႐ႊထည္၊ ပလက္တီနမ္ ေရာင္းဝယ္ေရးဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အခင္းျဖစ္ခ်ိန္တြင္ ေ႐ႊဆိုင္အတြင္းသို႔ အမည္မသိ အမ်ိဳးသား(၃)ဦးက ဝင္ေရာက္ကာ ဆိုင္အတြင္းရွိ အမ်ိဳးသမီး(၂)ဦးကို ေသနတ္ျဖင့္ ၿခိမ္းေျခာက္ၿပီး ေရခ်ိဳးခန္းအတြင္း Cable Type ႀကိဳးျဖင့္ ခ်ည္ေႏွာင္ကာ ေငြက်ပ္သိန္း(၅၀၀) အပါအဝင္ ေ႐ႊထည္၊စိန္ထည္တန္ဖိုး စုစုေပါင္း ေငြက်ပ္သိန္း (၁၀၀၀၀)ေက်ာ္ႏွင့္ ဖုန္း(၅) လုံးတို႔ကို ယူေဆာင္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

“ဒီျဖစ္စဥ္ကေတာ့ ရပ္ကြက္က လူေတြေလာက္ပဲ သိသြားတာပါ။ ေျပာရရင္ တကယ္သိသင့္တဲ့သူေတြေလာက္ပဲ သိသြားခဲ့တာ”ဟု ေက်ာက္တံတားၿမိဳ႕နယ္တြင္ ေနထိုင္ေသာ ၿမိဳ႕ခံတစ္ဦးက ေျပာသည္။ အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ဴးလြန္မ်ားကို ဖမ္းမိေရးအတြက္ တာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.