အမေရိကန်အစိုးရ၏ အပစ်ခတ်ရပ်စဲထားရန် အဆိုပြုချက်ကို အစ္စရေးဘက်က လက်ခံထားပြီး ဟားမက်စ်အဖွဲ့က လေ့လာနေဆဲဟုဆို

 85

ဂျန်ဇက် (NP News) - မေ ၃၁

အဆိုပြုကမ်းလှမ်းထားသော ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးကမ်းလှမ်းချက်ကို အစ္စရေးနိုင်ငံဘက်က လက်ခံ သဘောတူညီထားသော်လည်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့က လေ့လာနေဆဲဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောသည်။ အမေရိကန်အစိုးရသည် ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရန်အတွက် ရက်ပေါင်း ၆ဝ ကြာ အပစ်ခတ်ရပ်စဲရန် ကမ်းလှမ်းခဲ့ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အစ္စရေးသည် အမေရိကန်သမ္မတ၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူဝစ်အော့ဖ်၏ ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးကမ်းလှမ်းချက်ကို လက်ခံထားသည်ဟု ဂါဇာစစ်ပွဲအတွင်းပြန်ပေးဆွဲခံထားရသည့် မိသားစုများနှင့်တွေ့ဆုံချိန်အတွင်း ဆွေးနွေးပြောဆိုခဲ့ကြောင်း သိရသည်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဟားမက်စ်အဖွဲ့က လက်ရှိအချိန်တွင် လူသားချင်းဆိုင်ရာစာနာမှု အကူအညီပေးရေး နှင့် ရက်ပေါင်း ၆ဝ ကြာ အပစ်ခတ်ရပ်စဲထားရေးအချက်များ ပါဝင်သည့် အဆိုပြု ကမ်းလှမ်းချက်ကို လေ့လာနေဆဲဖြစ်သည်ဟု ပြောသည်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့အကြီးတန်းတာဝန်ရှိသူ ဆာမီအဘူဇူရီက "ကျွန်တော်တို့ဟာ အဆိုပြု ကမ်းလှမ်းချက်တွေကို အဖွဲ့အတွင်း လေ့လာဆွေးနွေးနေဆဲဖြစ်ပါတယ်'' ဟု ပြောသည်။
အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့်စစ်ပွဲသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ အလုံးစုံအပြတ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိသေးရာ အမေရိကန် အစိုးရက အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် ကြားဝင်ကြိုးပမ်းနေကြောင်း သိရသည်။
အမေရိကန်အစိုးရက အဆိုပြုခဲ့သည့် ကမ်းလှမ်းချက်များထဲတွင် ရက်ပေါင်း ၆၀ ကြာ အပစ်ခတ်ရပ်စဲရန်၊ အပစ်ခတ်ရပ်စဲထားသည့်ပထမသီတင်းပတ်အတွင်း ဖမ်းဆီးထားသည့် အစ္စရေးနိုင်ငံသား ၂၈ ဦးကို ပြန်လွှတ်ပေး ရန်၊ အသက်ရှင်နေသည့် ပါလက်စတိုင်း အကျဉ်းသား ၁၂၅ ဦးနှင့် သေဆုံးထားသည့် ပါလက်စတိုင်းလူမျိုး ၁၈၀ ၏ ရုပ်အလောင်းများပြန်လွှဲပေးရန် အချက်များပါဝင်သည်ဟု သတင်းများထွက်ပေါ်နေသည်။ အစ္စရေး နှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် သဘောထားအမြင်ကွာဟနေဆဲဖြစ်သည့်အတွက် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ အစ္စရေးက စစ်ပွဲအပစ်ခတ်ရပ်စဲရန် အလုံးစုံသဘောတူညီမှုမရခင် ဟားမက်စ်အဖွဲ့သည် အလုံးစုံလက်နက်ဖျက်ဆီးသွားရမည်ဖြစ်သလို ဂါဇာဒေသ အတွင်း ဖမ်းဆီးခံထားရသူများကို လွှတ်ပေးရမည်ဖြစ်ကြောင်း တောင်းဆိုထားသည်။ ဟားမက်စ်အဖွဲ့၏ လက်နက် ဖျက်သိမ်းရန်တောင်းဆိုချက်များကို ပယ်ချထားပြီး ဂါဇာဒေသအတွင်းမှ အစ္စရေးစစ်သားများ ပြန်လည်ဆုတ်ခွာ ရန် နှင့် စစ်ပွဲအဆုံးသတ်ရန် ကတိပေးရန် တောင်းဆိုထားသည်။

Zawgyi Version:
အေမရိကန္အစိုးရ၏ အပစ္ခတ္ရပ္စဲထားရန္ အဆိုျပဳခ်က္ကို အစၥေရးဘက္က လက္ခံထားၿပီး ဟားမက္စ္အဖြဲ႕က ေလ့လာေနဆဲဟုဆို
ဂ်န္ဇက္ (NP News) - ေမ ၃၁

အဆိုျပဳကမ္းလွမ္းထားေသာ ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲေရးကမ္းလွမ္းခ်က္ကို အစၥေရးႏိုင္ငံဘက္က လက္ခံ သေဘာတူညီထားေသာ္လည္း ဟားမက္စ္လက္နက္ကိုင္အဖြဲ႕က ေလ့လာေနဆဲျဖစ္ေၾကာင္း အေမရိကန္အစိုးရက ေျပာသည္။ အေမရိကန္အစိုးရသည္ ဂါဇာစစ္ပြဲ အပစ္ခတ္ရပ္စဲရန္အတြက္ ရက္ေပါင္း ၆ဝ ၾကာ အပစ္ခတ္ရပ္စဲရန္ ကမ္းလွမ္းခဲ့ေၾကာင္း ၿပီးခဲ့သည့္ရက္ပိုင္းတြင္ သတင္းထုတ္ျပန္ခဲ့သည္။
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက အစၥေရးသည္ အေမရိကန္သမၼတ၏ အေရွ႕အလယ္ပိုင္းဆိုင္ရာ အထူးကိုယ္စားလွယ္ျဖစ္သူဝစ္ေအာ့ဖ္၏ ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲေရးကမ္းလွမ္းခ်က္ကို လက္ခံထားသည္ဟု ဂါဇာစစ္ပြဲအတြင္းျပန္ေပးဆြဲခံထားရသည့္ မိသားစုမ်ားႏွင့္ေတြ႕ဆုံခ်ိန္အတြင္း ေဆြးေႏြးေျပာဆိုခဲ့ေၾကာင္း သိရသည္။
ပါလက္စတိုင္းလက္နက္ကိုင္အဖြဲ႕ျဖစ္သည့္ ဟားမက္စ္အဖြဲ႕က လက္ရွိအခ်ိန္တြင္ လူသားခ်င္းဆိုင္ရာစာနာမႈ အကူအညီေပးေရး ႏွင့္ ရက္ေပါင္း ၆ဝ ၾကာ အပစ္ခတ္ရပ္စဲထားေရးအခ်က္မ်ား ပါဝင္သည့္ အဆိုျပဳ ကမ္းလွမ္းခ်က္ကို ေလ့လာေနဆဲျဖစ္သည္ဟု ေျပာသည္။
ဟားမက္စ္လက္နက္ကိုင္အဖြဲ႕အႀကီးတန္းတာဝန္ရွိသူ ဆာမီအဘူဇူရီက "ကြၽန္ေတာ္တို႔ဟာ အဆိုျပဳ ကမ္းလွမ္းခ်က္ေတြကို အဖြဲ႕အတြင္း ေလ့လာေဆြးေႏြးေနဆဲျဖစ္ပါတယ္'' ဟု ေျပာသည္။
အစၥေရး ႏွင့္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနသည့္စစ္ပြဲသည္ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလတြင္ စတင္ျဖစ္ပြားခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္အထိ အလုံးစုံအျပတ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္းမရွိေသးရာ အေမရိကန္ အစိုးရက အပစ္ခတ္ရပ္စဲေရးရယူႏိုင္ရန္ ၾကားဝင္ႀကိဳးပမ္းေနေၾကာင္း သိရသည္။
အေမရိကန္အစိုးရက အဆိုျပဳခဲ့သည့္ ကမ္းလွမ္းခ်က္မ်ားထဲတြင္ ရက္ေပါင္း ၆၀ ၾကာ အပစ္ခတ္ရပ္စဲရန္၊ အပစ္ခတ္ရပ္စဲထားသည့္ပထမသီတင္းပတ္အတြင္း ဖမ္းဆီးထားသည့္ အစၥေရးႏိုင္ငံသား ၂၈ ဦးကို ျပန္လႊတ္ေပး ရန္၊ အသက္ရွင္ေနသည့္ ပါလက္စတိုင္း အက်ဥ္းသား ၁၂၅ ဦးႏွင့္ ေသဆုံးထားသည့္ ပါလက္စတိုင္းလူမ်ိဳး ၁၈၀ ၏ ႐ုပ္အေလာင္းမ်ားျပန္လႊဲေပးရန္ အခ်က္မ်ားပါဝင္သည္ဟု သတင္းမ်ားထြက္ေပၚေနသည္။ အစၥေရး ႏွင့္ ဟားမက္စ္ လက္နက္ကိုင္အဖြဲ႕ၾကား အပစ္ခတ္ရပ္စဲေရးရယူႏိုင္ရန္ သေဘာထားအျမင္ကြာဟေနဆဲျဖစ္သည့္အတြက္ လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။ အစၥေရးက စစ္ပြဲအပစ္ခတ္ရပ္စဲရန္ အလုံးစုံသေဘာတူညီမႈမရခင္ ဟားမက္စ္အဖြဲ႕သည္ အလုံးစုံလက္နက္ဖ်က္ဆီးသြားရမည္ျဖစ္သလို ဂါဇာေဒသ အတြင္း ဖမ္းဆီးခံထားရသူမ်ားကို လႊတ္ေပးရမည္ျဖစ္ေၾကာင္း ေတာင္းဆိုထားသည္။ ဟားမက္စ္အဖြဲ႕၏ လက္နက္ ဖ်က္သိမ္းရန္ေတာင္းဆိုခ်က္မ်ားကို ပယ္ခ်ထားၿပီး ဂါဇာေဒသအတြင္းမွ အစၥေရးစစ္သားမ်ား ျပန္လည္ဆုတ္ခြာ ရန္ ႏွင့္ စစ္ပြဲအဆုံးသတ္ရန္ ကတိေပးရန္ ေတာင္းဆိုထားသည္။

Related news

© 2021. All rights reserved.