ကမ္ဘာမှ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်အမြင်နှင့်သဘောထားအမြင်များ ပြောင်းလဲလာနေပြီဟု ပြန်ကြားရေးဝန်ကြီးပြော

 970

သန့်ဇင် (NP News) - မေ ၃၁

ကမ္ဘာမှ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်အမြင်နှင့် သဘောထားအမြင်များ ပြောင်းလဲလာနေသည်ကို တွေ့ရှိရ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယမန်နေ့(မေလ ၃၀ ရက်) က နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပသော “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်း နှင့် ပြန်လည်ထူထောင်ခြင်း” သုံးသပ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ငလျင်ဒဏ်ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံအများအပြားက ကူညီကယ်ဆယ်ရေးအဖွဲ့များ မြန်မာနိုင်ငံကို ရောက်ရှိကြပြီး မြန်မာပြည်သူများ နှင့် မြန်မာ့ရေမြေကို တိုက်ရိုက်ထိတွေ့ခွင့်ရရှိခဲ့ကြရာတွင် သက်ဆိုင်ရာနိုင်ငံ အသီးသီးကို ပြန်ရောက်သည့်အချိန် မြန်မာ့စိတ်ရင်း၊ မြန်မာ့ရှုခင်းနှင့်ပတ်သက်သည့်သတင်းစကားများ သယ်ဆောင်သွားခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
မျက်မှောက်ကမ္ဘာ့အခြေအနေများလည်း ပြောင်းလဲလျက်ရှိရာ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်အမြင်နှင့် သဘောထားအမြင်များလည်း ပြောင်းလဲလာနေသည်ကိုတွေ့ရပြီး ယင်းမှာ မိမိတို့အတွက် အရှုံးထဲက အမြတ်ပင် ဟု ဆိုရမည် ပြည်ထောင်စုဝန်ကြီး က ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသူနိုင်ငံသားတို့၏ စည်းလုံးညီညွတ်မှုနှင့် မြန်မာ့စံတန်ဖိုးများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်၍ ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအထိ အားသွန်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ငလျင်လှုပ်ခတ်ပြီး နှစ်လကြာချိန်အထိ ထိခိုက်ဒဏ်ရာရသူများအနေဖြင့် နာကျင်မှုကို ဆက်လက်ခံစားနေကြရဆဲ ဖြစ်သော်လည်း မြန်မာတို့၏ ရဲစွမ်းသတ္တိ၊ အကောင်းမြင်စိတ်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှုသည် အနာဂတ်အတွက် မျှော်လင့်ချက်များဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
ငလျင်ဒဏ်သင့်ဒေသများတွင်ရှိသည့် ပြည်သူများအနေဖြင့်လည်း ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေကြသော်လည်း အပြန်အလှန် ကူညီကယ်ဆယ်ရေးကို တက်တက်ကြွကြွ ကြိုးစားနေကြသည်ကိုလည်း တွေ့ရကြောင်း လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

Zawgyi Version:
ကမာၻမွ ျမန္မာႏိုင္ငံအေပၚ တစ္ဖက္သတ္အျမင္ႏွင့္သေဘာထားအျမင္မ်ား ေျပာင္းလဲလာေနၿပီဟု ျပန္ၾကားေရးဝန္ႀကီးေျပာ
သန႔္ဇင္ (NP News) - ေမ ၃၁

ကမာၻမွ ျမန္မာႏိုင္ငံအေပၚ တစ္ဖက္သတ္အျမင္ႏွင့္ သေဘာထားအျမင္မ်ား ေျပာင္းလဲလာေနသည္ကို ေတြ႕ရွိရ ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ယမန္ေန႔(ေမလ ၃၀ ရက္) က ေနျပည္ေတာ္ရွိ မဂၤလာသီရိဟိုတယ္တြင္ က်င္းပေသာ “ငလ်င္ေဘးအလြန္ ျမန္မာ့စီးပြားေရး ျပန္လည္ကုစားျခင္း ႏွင့္ ျပန္လည္ထူေထာင္ျခင္း” သုံးသပ္ေဆြးေႏြးပြဲတြင္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ငလ်င္ဒဏ္ကူညီကယ္ဆယ္ေရးအတြက္ ႏိုင္ငံအမ်ားအျပားက ကူညီကယ္ဆယ္ေရးအဖြဲ႕မ်ား ျမန္မာႏိုင္ငံကို ေရာက္ရွိၾကၿပီး ျမန္မာျပည္သူမ်ား ႏွင့္ ျမန္မာ့ေရေျမကို တိုက္႐ိုက္ထိေတြ႕ခြင့္ရရွိခဲ့ၾကရာတြင္ သက္ဆိုင္ရာႏိုင္ငံ အသီးသီးကို ျပန္ေရာက္သည့္အခ်ိန္ ျမန္မာ့စိတ္ရင္း၊ ျမန္မာ့ရႈခင္းႏွင့္ပတ္သက္သည့္သတင္းစကားမ်ား သယ္ေဆာင္သြားခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
မ်က္ေမွာက္ကမာၻ႔အေျခအေနမ်ားလည္း ေျပာင္းလဲလ်က္ရွိရာ ျမန္မာႏိုင္ငံအေပၚ တစ္ဖက္သတ္အျမင္ႏွင့္ သေဘာထားအျမင္မ်ားလည္း ေျပာင္းလဲလာေနသည္ကိုေတြ႕ရၿပီး ယင္းမွာ မိမိတို႔အတြက္ အရႈံးထဲက အျမတ္ပင္ ဟု ဆိုရမည္ ျပည္ေထာင္စုဝန္ႀကီး က ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံသူႏိုင္ငံသားတို႔၏ စည္းလုံးညီၫြတ္မႈႏွင့္ ျမန္မာ့စံတန္ဖိုးမ်ားကို ဆက္လက္ထိန္းသိမ္းျမႇင့္တင္၍ ငလ်င္ဒဏ္သင့္ေဒသမ်ား ျပန္လည္ထူေထာင္ေရးမွ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးအထိ အားသြန္ႀကိဳးပမ္း ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ငလ်င္လႈပ္ခတ္ၿပီး ႏွစ္လၾကာခ်ိန္အထိ ထိခိုက္ဒဏ္ရာရသူမ်ားအေနျဖင့္ နာက်င္မႈကို ဆက္လက္ခံစားေနၾကရဆဲ ျဖစ္ေသာ္လည္း ျမန္မာတို႔၏ ရဲစြမ္းသတၱိ၊ အေကာင္းျမင္စိတ္ႏွင့္ စိတ္ဓာတ္ႀကံ့ခိုင္မႈသည္ အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္မ်ားျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့သည္။
ငလ်င္ဒဏ္သင့္ေဒသမ်ားတြင္ရွိသည့္ ျပည္သူမ်ားအေနျဖင့္လည္း ဝမ္းနည္းပူေဆြးမႈမ်ားျဖင့္ ျပည့္ႏွက္ေနၾကေသာ္လည္း အျပန္အလွန္ ကူညီကယ္ဆယ္ေရးကို တက္တက္ႂကြႂကြ ႀကိဳးစားေနၾကသည္ကိုလည္း ေတြ႕ရေၾကာင္း လည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.