၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရေး အစိုးရနှင့်ပုဂ္ဂလိကတို့ ဝိုင်းဝန်းကြိုးစားရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

261

သန့်ဇင် (NP News) - မေ ၃၁
၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန်အတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့ဝိုင်းဝန်းကြိုးစားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ယမန်နေ့(မေလ ၃ဝ ရက်) က နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပသော “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည် ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” သုံးသပ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေရေး၊ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးတို့ကို သက်ဆိုင်ရာအစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပို့ကုန် အမေရိကန် ဒေါ်လာ (၁၄ ဒသမ ၈) ဘီလျံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၁၂ ဒသမ ၄၇) ဘီလျံ၊ ကုန်သွယ်မှုအမေရိကန်ဒေါ်လာ (၂၇ ဒသမ ၂၇) ဘီလျံ ဖိုးဆောင်ရွက်ခဲ့ ကြောင်း ပြည်ထောင်စုဝန်ကြီး က ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ကုန်သွယ်မှုကို ကြီးမားစွာအဟန့်အတားဖြစ်နေသည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းကို လည်း ဆောင်ရွက်လျက်ရှိသည့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များက တရားမဝင်ကုန်သွယ်မှုမရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးရန်လည်း ပြည်ထောင်စုဝန်ကြီးက မေတ္တာရပ်ခံပြောကြားသည်။
ယခု ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး ပို့ကုန်နှစ်ဆတိုးမြှင့်ရေး အတွက် အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍမှ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်း ပြောကြားခဲ့သည်။
ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အဓိက အထောက်အကူပြုနိုင်သည့် အင်အားများဖြစ် သော MSME လုပ်ငန်းများ နှင့် ဆောက်လုပ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့တွင် လုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

Zawgyi Version:
၂၀၂၅ - ၂၀၂၆ ဘ႑ာႏွစ္တြင္ ပို႔ကုန္ႏွစ္ဆတိုးျမႇင့္ေရး အစိုးရႏွင့္ပုဂၢလိကတို႔ ဝိုင္းဝန္းႀကိဳးစားရန္ ျပည္ေထာင္စုဝန္ႀကီး တိုက္တြန္း
သန႔္ဇင္ (NP News) - ေမ ၃၁
၂၀၂၅ - ၂၀၂၆ ဘ႑ာႏွစ္တြင္ ပို႔ကုန္ႏွစ္ဆတိုးျမႇင့္ရန္အတြက္ အစိုးရႏွင့္ပုဂၢလိကက႑တို႔ဝိုင္းဝန္းႀကိဳးစားရန္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးထြန္းအုံက ယမန္ေန႔(ေမလ ၃ဝ ရက္) က ေနျပည္ေတာ္ရွိ မဂၤလာသီရိဟိုတယ္တြင္ က်င္းပေသာ “ငလ်င္ေဘးအလြန္ ျမန္မာ့စီးပြားေရး ျပန္လည္ ကုစားျခင္းႏွင့္ ျပန္လည္ထူေထာင္ျခင္း” သုံးသပ္ေဆြးေႏြးပြဲတြင္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေထာက္အကူျဖစ္ေစေရး၊ ျပည္တြင္းကုန္ထုတ္လုပ္ငန္းမ်ား ေဈးကြက္ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိေစေရးတို႔ကို သက္ဆိုင္ရာအစိုးရ၊ ပုဂၢလိကအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ လ်က္ရွိေၾကာင္း စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးထြန္းအုံက ဆိုသည္။
ၿပီးခဲ့သည့္ ၂၀၂၄-၂၀၂၅ ဘ႑ာေရးႏွစ္တြင္ ပို႔ကုန္ အေမရိကန္ ေဒၚလာ (၁၄ ဒသမ ၈) ဘီလ်ံ၊ သြင္းကုန္ အေမရိကန္ေဒၚလာ (၁၂ ဒသမ ၄၇) ဘီလ်ံ၊ ကုန္သြယ္မႈအေမရိကန္ေဒၚလာ (၂၇ ဒသမ ၂၇) ဘီလ်ံ ဖိုးေဆာင္႐ြက္ခဲ့ ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး က ထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ျပင္ ကုန္သြယ္မႈကို ႀကီးမားစြာအဟန႔္အတားျဖစ္ေနသည့္ တရားမဝင္ကုန္သြယ္မႈ တိုက္ဖ်က္ေရးလုပ္ငန္းကို လည္း ေဆာင္႐ြက္လ်က္ရွိသည့္အတြက္ ပုဂၢလိကလုပ္ငန္းရွင္မ်ားက တရားမဝင္ကုန္သြယ္မႈမရွိေစေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ေပးရန္လည္း ျပည္ေထာင္စုဝန္ႀကီးက ေမတၱာရပ္ခံေျပာၾကားသည္။
ယခု ၂၀၂၅ - ၂၀၂၆ ဘ႑ာႏွစ္တြင္ ပို႔ကုန္ႏွစ္ဆတိုးျမႇင့္ရန္ လ်ာထားေဆာင္႐ြက္လ်က္ရွိၿပီး ပို႔ကုန္ႏွစ္ဆတိုးျမႇင့္ေရး အတြက္ အစိုးရက႑၊ ပုဂၢလိကက႑မွ ဝိုင္းဝန္းႀကိဳးစားေဆာင္႐ြက္ၾကရန္ ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္း ေျပာၾကားခဲ့သည္။
ငလ်င္ေဘးသင့္ေဒသမ်ား ျပန္လည္ထူေထာင္ေရးအတြက္ အဓိက အေထာက္အကူျပဳႏိုင္သည့္ အင္အားမ်ားျဖစ္ ေသာ MSME လုပ္ငန္းမ်ား ႏွင့္ ေဆာက္လုပ္ေရးဝန္ေဆာင္မႈလုပ္ငန္းမ်ားကို ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္တို႔တြင္ လုပ္ငန္းမ်ား အျမန္ဆုံးလည္ပတ္ႏိုင္ေရးႏွင့္ တည္ေဆာက္ေရးလုပ္ငန္းမ်ား ကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။