တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်တဲ့ တံခါးတွေကို မပိတ်ကြဖို့ ရုရှားနဲ့ယူကရိန်းတို့ကို တူရကီ တိုက်တွန်း

 97

Pika (NP News) - မေ ၃၁

လာမယ့် ဇွန်လ(၂)ရက်မှာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ လုပ်ဆောင်မယ့် တွေ့ဆုံဆွေးနွေးမှုမတိုင်မီ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပတ်သက်တဲ့ တံခါးတွေကို မပိတ်ကြဖို့ ရုရှားနဲ့ ယူကရိန်းတို့ကို တူရကီသမ္မတ အာဒိုဂန်က တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။
အာဒိုဂန်က “ကျွန်တော်တို့ဟာ ရုရှား၊ယူကရိန်းတို့နဲ့ဆက်သွယ်မှုတွေ လုပ်ဆောင်နေပါတယ်။ ပြီးတော့ ဆွေးနွေးပွဲတွေနဲ့ပတ်သက်တဲ့ တံခါးတွေကို မပိတ်ကြဖို့ နှစ်နိုင်ငံစလုံးကို ကျွန်တော်တို့တောင်းဆိုထားပါတယ်” လို့ ပြောခဲ့ပါတယ်။ လာမယ့် ဇွန်လ(၂)ရက်မှာ အစ္စတန်ဘူလ်မှာ ယူကရိန်းနဲ့ဆွေးနွေးမှုအသစ်တွေ လုပ်ဆောင်လို တယ်လို့ ရုရှားဘက်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အာဒိုဂန်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အာဒိုဂန်က “ဒီအခွင့်အရေးကို လက်လွှတ်မခံသင့်ဘူးဆိုတာကို ရုရှားနဲ့ယူကရိန်းတို့ကို သတိပေးပြောဆိုခဲ့ပါတယ်။ ကျွန်တော်တို့ဒေသမှာ ဒီကြီးမားတဲ့စစ်မီးကို ငြိမ်းတာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတာဝန်တစ်ခုပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၃)နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်ရယူနိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
ေတြ႕ဆုံေဆြးေႏြးမႈနဲ႔ပတ္သက္တဲ့ တံခါးေတြကို မပိတ္ၾကဖို႔ ႐ုရွားနဲ႔ယူကရိန္းတို႔ကို တူရကီ တိုက္တြန္း
Pika (NP News) - ေမ ၃၁

လာမယ့္ ဇြန္လ(၂)ရက္မွာ တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာ လုပ္ေဆာင္မယ့္ ေတြ႕ဆုံေဆြးေႏြးမႈမတိုင္မီ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြနဲ႔ ပတ္သက္တဲ့ တံခါးေတြကို မပိတ္ၾကဖို႔ ႐ုရွားနဲ႔ ယူကရိန္းတို႔ကို တူရကီသမၼတ အာဒိုဂန္က ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
အာဒိုဂန္က “ကြၽန္ေတာ္တို႔ဟာ ႐ုရွား၊ယူကရိန္းတို႔နဲ႔ဆက္သြယ္မႈေတြ လုပ္ေဆာင္ေနပါတယ္။ ၿပီးေတာ့ ေဆြးေႏြးပြဲေတြနဲ႔ပတ္သက္တဲ့ တံခါးေတြကို မပိတ္ၾကဖို႔ ႏွစ္ႏိုင္ငံစလုံးကို ကြၽန္ေတာ္တို႔ေတာင္းဆိုထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။ လာမယ့္ ဇြန္လ(၂)ရက္မွာ အစၥတန္ဘူလ္မွာ ယူကရိန္းနဲ႔ေဆြးေႏြးမႈအသစ္ေတြ လုပ္ေဆာင္လို တယ္လို႔ ႐ုရွားဘက္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ အာဒိုဂန္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
အာဒိုဂန္က “ဒီအခြင့္အေရးကို လက္လႊတ္မခံသင့္ဘူးဆိုတာကို ႐ုရွားနဲ႔ယူကရိန္းတို႔ကို သတိေပးေျပာဆိုခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ေဒသမွာ ဒီႀကီးမားတဲ့စစ္မီးကို ၿငိမ္းတာက လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာတာဝန္တစ္ခုပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၃)ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္အထိ ႏွစ္ဖက္စလုံးက ၿငိမ္းခ်မ္းေရးအတြက္ သေဘာတူညီခ်က္ရယူႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.