KIA က ရှမ်းနီများကို လူမျိုးရေးအရ ဖိနှိပ်မှု ပိုမိုလုပ်ဆောင်နေ

94

Pearl (NP News) - ဇွန် ၉
KIA က ရှမ်းနီလူမျိုးများကို လူမျိုးရေးအရ ဖိနှိပ်မှုပိုများလာကြောင်း ဒေသခံများထံ NP News က ဆက်သွယ် မေးမြန်းထားသည့်အချက်အလက်များအရ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း၊ မော်လိုက်နှင့် အင်းတော် စသည့်ဒေသများ၌ ရှမ်းနီတပ်များနှင့် KIA ၊ PDF ပူးပေါင်းအဖွဲ့ကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး KIA ၊ PDF အဖွဲ့အနေဖြင့် ရှမ်းနီတိုင်းရင်းသားတို့၏ သာသနိက အဆောက်အအုံများ ၊ ရိုးရာယဉ်ကျေးမှုနှင့် စာပေယဉ်ကျေးမှုရုံးခန်းများကို ဖျက်ဆီးမှုများ လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
“ရှမ်းနီတပ်တွေနဲ့ KIA ၊ PDF တွေနဲ့ တော့ တိုက်ပွဲတွေ ဖြစ်ပွားတယ်။ အရင်ကတည်းက ရှမ်းနီနဲ့ ကချင်နဲ့ မတည့်လာခဲ့တာတော့ ထုံးစံပဲ။ ဒီနောက်ပိုင်းမှာတော့ PDF တွေက KIA နဲ့ ပေါင်းပြီးတော့ ဘုန်းကြီးကျောင်းတွေ ဖျက်ဆီးတာမျိုးတွေ၊ အလှည့်ကျ ထမင်းချက်ခိုင်းတာမျိုးတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာလာမျိုးတွေနဲ့အတူ ရှမ်းနီတပ်တွေနဲ့ KIA တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်လာတာမျိုးတွေ တော့ရှိပါတယ်။ သာသနိကအဆောက်အအုံ ဖျက်ဆီးမှုတွေ၊ ရိုးရာယာဉ်ကျေးမှု၊ စာပေယဉ်ကျေးမှုရုံး ခန်းတွေ ဖျက်ဆီးခံရတာတွေ ပိုပြီးများလာတယ်” ဟု ဒေသခံတစ်ဦးက NP News သို့ ပြောသည်။
ထို့ပြင် ရှမ်းနီလူမျိုးများကို ၎င်းတို့အတွက် ထမင်းချက်၊ ဟင်းချက် စသည့်လုပ်ငန်းများကို စေခိုင်းလျက်ရှိ သည့်အပြင် ရှမ်းနီအမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကိုလည်း ပိုမိုကျူးလွန်လာကြောင်း သိရသည်။
“ရှမ်းနီ အမျိုးသမီးလေးတွေကို မတော်မတရား လုပ်တာတော့ အခုချိန်ထိရှိတုန်းပဲ။ ဥပမာ KIA စစ်ကြောင်း တစ်ကြောင်းဟာ ရှမ်းနီရွာထဲ ဝင်တယ်ဆိုရင် သူတို့သဘောကျတဲ့လူကို ရရင်ရ၊ မရရင် မိဘ တွေကို ဖမ်းပြီးတော့ တိုင်မှာ လက်ပြန်ကြိုးတုပ်ပြီးတော့ ခေါင်းဖြတ်သတ်တာတို့၊ ဒီလိုမျိုး တွေက ရှိတယ်ပေါ့။ ရှမ်းနီနဲ့ ကချင်ရဲ့ လူမျိုးရေး မုန်းတီးမှုက အခုချိန်ထိ ပြင်းထန်တယ်ပေါ့နော်။ အဲဒီလို အနေ အထားတွေလည်း ပကတိရှိနေသေးတယ်ပေါ့နော်။ ဒီနောက်ပိုင်းမှာတော့ ပိုပြီးတိုးလာတယ်။ ဒီနောက် ပိုင်းမှာ ရှမ်း Conference ကို Zoom နဲ့ တစ်လတစ်ခါ လုပ်ကြပါတယ်။ အဲဒီမှာ တင်ပြတဲ့အနေအထား တွေ ကနေ ပိုပြီးတိုးလာတဲ့အ နေအထားမှာရှိတယ်။ ဒါကြောင့်မို့ မန္တလေးတို့ဘာတို့ကို ပြောင်းရွှေ့ပြီး နေလာကြတယ်။ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဥပမာ ထမင်းချက်လာပို့ ရင်းနဲ့ ဖြစ်သွားတဲ့ ကိစ္စတွေ၊ ဒီနောက်ပိုင်းမှာ ပိုပြီးတော့ တိုးလာတယ်” ဟု အထက်ပါဒေသခံက ဆက် ပြောသည်။
ထိုသို့ ရှမ်းနီလူမျိုးများအပေါ် KIA၊ PDF အဖွဲ့၏ လူမှုရေးဖိနှိပ်မှုပိုများ ၊ လိင်ပိုင်းဆိုင်ရာ ကျူး လွန်မှုများ ပိုမိုလာသည့်အတွက် ဒေသခံအချို့ အနေဖြင့် နေရပ်စွန့်ခွာကာ မန္တလေးအပါအဝင် အခြားမြို့များသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။

Zawgyi Version;
KIA က ရွမ္းနီမ်ားကို လူမ်ိဳးေရးအရ ဖိႏွိပ္မႈ ပိုမိုလုပ္ေဆာင္ေန
Pearl (NP News) - ဇြန္ ၉
KIA က ရွမ္းနီလူမ်ိဳးမ်ားကို လူမ်ိဳးေရးအရ ဖိႏွိပ္မႈပိုမ်ားလာေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ ေမးျမန္းထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
စစ္ကိုင္းတိုင္းေဒသႀကီး ဟုမၼလင္း၊ ေမာ္လိုက္ႏွင့္ အင္းေတာ္ စသည့္ေဒသမ်ား၌ ရွမ္းနီတပ္မ်ားႏွင့္ KIA ၊ PDF ပူးေပါင္းအဖြဲ႕ၾကား မၾကာခဏ တိုက္ပြဲမ်ားျဖစ္ပြားေလ့ရွိၿပီး KIA ၊ PDF အဖြဲ႕အေနျဖင့္ ရွမ္းနီတိုင္းရင္းသားတို႔၏ သာသနိက အေဆာက္အအုံမ်ား ၊ ႐ိုးရာယဥ္ေက်းမႈႏွင့္ စာေပယဥ္ေက်းမႈ႐ုံးခန္းမ်ားကို ဖ်က္ဆီးမႈမ်ား လုပ္ေဆာင္ လ်က္ရွိေၾကာင္း သိရသည္။
“ရွမ္းနီတပ္ေတြနဲ႔ KIA ၊ PDF ေတြနဲ႔ ေတာ့ တိုက္ပြဲေတြ ျဖစ္ပြားတယ္။ အရင္ကတည္းက ရွမ္းနီနဲ႔ ကခ်င္နဲ႔ မတည့္လာခဲ့တာေတာ့ ထုံးစံပဲ။ ဒီေနာက္ပိုင္းမွာေတာ့ PDF ေတြက KIA နဲ႔ ေပါင္းၿပီးေတာ့ ဘုန္းႀကီးေက်ာင္းေတြ ဖ်က္ဆီးတာမ်ိဳးေတြ၊ အလွည့္က် ထမင္းခ်က္ခိုင္းတာမ်ိဳးေတြ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တာလာမ်ိဳးေတြနဲ႔အတူ ရွမ္းနီတပ္ေတြနဲ႔ KIA ေတြနဲ႔ တိုက္ပြဲေတြ ျပင္းထန္လာတာမ်ိဳးေတြ ေတာ့ရွိပါတယ္။ သာသနိကအေဆာက္အအုံ ဖ်က္ဆီးမႈေတြ၊ ႐ိုးရာယာဥ္ေက်းမႈ၊ စာေပယဥ္ေက်းမႈ႐ုံး ခန္းေတြ ဖ်က္ဆီးခံရတာေတြ ပိုၿပီးမ်ားလာတယ္” ဟု ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။
ထို႔ျပင္ ရွမ္းနီလူမ်ိဳးမ်ားကို ၎တို႔အတြက္ ထမင္းခ်က္၊ ဟင္းခ်က္ စသည့္လုပ္ငန္းမ်ားကို ေစခိုင္းလ်က္ရွိ သည့္အျပင္ ရွမ္းနီအမ်ိဳးသမီးမ်ားကို လိင္ပိုင္းဆိုင္ရာက်ဴးလြန္မႈမ်ားကိုလည္း ပိုမိုက်ဴးလြန္လာေၾကာင္း သိရသည္။
“ရွမ္းနီ အမ်ိဳးသမီးေလးေတြကို မေတာ္မတရား လုပ္တာေတာ့ အခုခ်ိန္ထိရွိတုန္းပဲ။ ဥပမာ KIA စစ္ေၾကာင္း တစ္ေၾကာင္းဟာ ရွမ္းနီ႐ြာထဲ ဝင္တယ္ဆိုရင္ သူတို႔သေဘာက်တဲ့လူကို ရရင္ရ၊ မရရင္ မိဘ ေတြကို ဖမ္းၿပီးေတာ့ တိုင္မွာ လက္ျပန္ႀကိဳးတုပ္ၿပီးေတာ့ ေခါင္းျဖတ္သတ္တာတို႔၊ ဒီလိုမ်ိဳး ေတြက ရွိတယ္ေပါ့။ ရွမ္းနီနဲ႔ ကခ်င္ရဲ႕ လူမ်ိဳးေရး မုန္းတီးမႈက အခုခ်ိန္ထိ ျပင္းထန္တယ္ေပါ့ေနာ္။ အဲဒီလို အေန အထားေတြလည္း ပကတိရွိေနေသးတယ္ေပါ့ေနာ္။ ဒီေနာက္ပိုင္းမွာေတာ့ ပိုၿပီးတိုးလာတယ္။ ဒီေနာက္ ပိုင္းမွာ ရွမ္း Conference ကို Zoom နဲ႔ တစ္လတစ္ခါ လုပ္ၾကပါတယ္။ အဲဒီမွာ တင္ျပတဲ့အေနအထား ေတြ ကေန ပိုၿပီးတိုးလာတဲ့အ ေနအထားမွာရွိတယ္။ ဒါေၾကာင့္မို႔ မႏၲေလးတို႔ဘာတို႔ကို ေျပာင္းေ႐ႊ႕ၿပီး ေနလာၾကတယ္။ လိင္ပိုင္းဆိုင္ရာ ကိစၥေတြ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ဥပမာ ထမင္းခ်က္လာပို႔ ရင္းနဲ႔ ျဖစ္သြားတဲ့ ကိစၥေတြ၊ ဒီေနာက္ပိုင္းမွာ ပိုၿပီးေတာ့ တိုးလာတယ္” ဟု အထက္ပါေဒသခံက ဆက္ ေျပာသည္။
ထိုသို႔ ရွမ္းနီလူမ်ိဳးမ်ားအေပၚ KIA၊ PDF အဖြဲ႕၏ လူမႈေရးဖိႏွိပ္မႈပိုမ်ား ၊ လိင္ပိုင္းဆိုင္ရာ က်ဴး လြန္မႈမ်ား ပိုမိုလာသည့္အတြက္ ေဒသခံအခ်ိဳ႕ အေနျဖင့္ ေနရပ္စြန႔္ခြာကာ မႏၲေလးအပါအဝင္ အျခားၿမိဳ႕မ်ားသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ေနရေၾကာင္း သိရသည္။