ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်နေတာတွေကို ရပ်တန့်ဖို့ အမေရိကန်ကို တရုတ် တိုက်တွန်း

137

Pika (NP News) - သြဂုတ် ၃
ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်နေတာတွေကိုရပ်တန့်ဖို့ အမေရိကန်ကို တရုတ်က တိုက်တွန်းလိုက် တယ်လို့ သိရပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံဟာ ရုရှားစစ်တပ်ကိုထောက်ခံနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကို တရုတ်သံတမန် Geng Shuang က ငြင်းဆန်ပယ်ချခဲ့ပြီး ပဋိပက္ခကိုအဆုံးသတ်ဖို့အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေပါဝင်ဖို့ အမေရိကန်ကို တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ရုရှားအတွက် ဆုံးဖြတ်မှုတွေလုပ်ဆောင်ဖို့ နောက်ဆုံးရက်ကို အကြိမ်ကြိမ် သတ်မှတ်နေချိန်မှာပဲ Geng Shuang ရဲ့မှတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ယခုသီတင်းပတ်အစောပိုင်းမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ရုရှားအတွက် နောက်ဆုံးရက်ကို သတ်မှတ် ပေးခဲ့ပြီး လာမယ့်(၁၀)ရက်အတွင်း သဘောတူညီချက်တစ်ခုခုမရရှိခဲ့ဘူးဆိုရင် ရုရှားအပေါ် နောက်ထပ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံဟာ ရုရှားရဲ့ကျူးကျော် တိုက်ခိုက်မှုတွေအတွက် အရေးအပါဆုံးထောက်ပံ့သူဖြစ်လာနေတယ်လို့ အမေရိကန်က စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း အမေရိကန်ရဲ့စွပ်စွဲပြောဆိုချက်တွေကို တရုတ်အစိုးရက အကြိမ်ကြိမ်ငြင်းဆန်ပယ်ချခဲ့ပြီး အဲဒီပြောဆိုချက်တွေဟာ လုံးဝလက်ခံနိုင်စရာမရှိတဲ့ကိစ္စရပ်တစ်ခုဖြစ်တယ်လို့ ပြစ်တင်ဝေဖန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းအေရးနဲ႔ပတ္သက္ၿပီး ျပစ္တင္ေဝဖန္ေနတာေတြကို ရပ္တန႔္ဖို႔ အေမရိကန္ကို တ႐ုတ္ တိုက္တြန္း
Pika (NP News) - ၾသဂုတ္ ၃
ယူကရိန္းအေရးနဲ႔ပတ္သက္ၿပီး ျပစ္တင္ေဝဖန္ေနတာေတြကိုရပ္တန႔္ဖို႔ အေမရိကန္ကို တ႐ုတ္က တိုက္တြန္းလိုက္ တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ တ႐ုတ္ႏိုင္ငံဟာ ႐ုရွားစစ္တပ္ကိုေထာက္ခံေနတယ္ဆိုတဲ့ စြပ္စြဲေျပာဆိုခ်က္ေတြကို တ႐ုတ္သံတမန္ Geng Shuang က ျငင္းဆန္ပယ္ခ်ခဲ့ၿပီး ပဋိပကၡကိုအဆုံးသတ္ဖို႔အတြက္ အျပဳသေဘာေဆာင္တဲ့ အခန္းက႑ကေနပါဝင္ဖို႔ အေမရိကန္ကို ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္က ႐ုရွားအတြက္ ဆုံးျဖတ္မႈေတြလုပ္ေဆာင္ဖို႔ ေနာက္ဆုံးရက္ကို အႀကိမ္ႀကိမ္ သတ္မွတ္ေနခ်ိန္မွာပဲ Geng Shuang ရဲ႕မွတ္ခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ယခုသီတင္းပတ္အေစာပိုင္းမွာ အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ ႐ုရွားအတြက္ ေနာက္ဆုံးရက္ကို သတ္မွတ္ ေပးခဲ့ၿပီး လာမယ့္(၁၀)ရက္အတြင္း သေဘာတူညီခ်က္တစ္ခုခုမရရွိခဲ့ဘူးဆိုရင္ ႐ုရွားအေပၚ ေနာက္ထပ္ပိတ္ဆို႔ အေရးယူမႈေတြ ခ်မွတ္သြားမယ္လို႔ ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ တ႐ုတ္ႏိုင္ငံဟာ ႐ုရွားရဲ႕က်ဴးေက်ာ္ တိုက္ခိုက္မႈေတြအတြက္ အေရးအပါဆုံးေထာက္ပံ့သူျဖစ္လာေနတယ္လို႔ အေမရိကန္က စြပ္စြဲေျပာဆိုခဲ့ပါတယ္။
ဒါေပမယ့္လည္း အေမရိကန္ရဲ႕စြပ္စြဲေျပာဆိုခ်က္ေတြကို တ႐ုတ္အစိုးရက အႀကိမ္ႀကိမ္ျငင္းဆန္ပယ္ခ်ခဲ့ၿပီး အဲဒီေျပာဆိုခ်က္ေတြဟာ လုံးဝလက္ခံႏိုင္စရာမရွိတဲ့ကိစၥရပ္တစ္ခုျဖစ္တယ္လို႔ ျပစ္တင္ေဝဖန္ေျပာဆိုခဲ့ပါတယ္။