နယ်စပ်ရှိအသံချဲ့စက်များကို ဖယ်ရှားလိုက်ပြီဆိုသည့်အစီရင်ခံစာများကို မြောက်ကိုရီးယား ငြင်းဆန်ပယ်ချ

 186

Pika (NP News) - သြဂုတ် ၁၆
နယ်စပ်တွင် ဖြန့်ကျက်ချထားသည့် အသံချဲ့စက်များကို မြောက်ကိုရီးယားက ဖယ်ရှားခဲ့သည်ဆိုသည့် တောင်ကိုရီးယား၏အစီရင်ခံစာများကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း၏ ညီမဖြစ်သူ ကင်ယိုဂျုံက ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။ ထို့ပြင် မြောက်ကိုရီးယားနိုင်ငံနှင့် တင်းမာမှုများကို ဖြေလျှော့ရန် ‌တောင်ကိုရီးယား၏ကြိုးပမ်းအားထုတ်မှုများသည် တန်ဖိုးမရှိကြောင်း ကင်ယိုဂျုံက အလေးပေးပြောခဲ့သည်။
ကင်ယိုဂျုံက “နယ်စပ်မှာ ဖြန့်ကျက်ချထားတဲ့ အသံချဲ့စက်တွေကို ကျွန်မတို့ဘက်က ဘယ်တုန်းကမှ မဖယ်ရှားခဲ့ သလို ဖယ်ရှားဖို့ဆန္ဒလည်းမရှိပါဘူး။”ဟုပြောဆိုခဲ့သည်။ပြီးခဲ့သည့်ဇွန်လတွင် တောင်ကိုရီးယားသမ္မတအဖြစ် စတင်တာဝန်ယူခဲ့သည့် လီဂျေးမြောင်သည် မြောက်ကိုရီးယားနိုင်ငံနှင့် တင်းမာမှုများကို ဖြေလျှော့နိုင်ရန်အတွက် ကြိုးပမ်းမှုများလုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။ ထို့ပြင် ကြိုတင်သတ်မှတ်ထားခြင်းမျိုးမရှိဘဲ မြောက်ကိုရီးယားနိုင်ငံနှင့်တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟုလည်း လီဂျေးမြောင်က ကတိပြုပြောခဲ့ သည်။
မြောက်ကိုရီးယားအစိုးရသည် ၎င်း၏နယ်စပ်တွင် ဖြန့်ကျက်ချထားသည့် အသံချဲ့စက်အချို့ကို ဖယ်ရှားလိုက် ပြီဆိုသည့် အစီရင်ခံစာများထွက်ပေါ်လာပြီးနောက် ရက်ပိုင်းအကြာတွင် ကင်ယိုဂျုံ၏ ထုတ်ပြန်ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ကင်ယိုဂျုံက “မြောက်ကိုရီးယားအပေါ်ထားရှိတဲ့ တောင်ကိုရီးယားရဲ့မူဝါဒတွေဟာ မပြောင်းလဲပဲ ဆက်ရှိနေမှာဖြစ်ပြီး ဘယ်တော့မှပြောင်းလဲလာမှာမဟုတ်ဘူးလို့ ကျွန်မယုံကြည်ပါတယ်” ဟု ပြောခဲ့ သည်။

Related news

© 2021. All rights reserved.