ဒုံးကျည်စွမ်းရည်များကို ကြီးကြပ်ရန်အတွက် တပ်ဖွဲ့အသစ်တစ်ခုကို ပါကစ္စတန် ဖွဲ့စည်း

93

Pika (NP News) - သြဂုတ် ၁၆
ပုံမှန်ပဋိပက္ခတစ်ခုတွင် ဒုံးကျည်တိုက်ခိုက်ရေးစွမ်းရည်များကို ကြီးကြပ်ရန်အတွက် စစ်တပ်တွင် တပ်ဖွဲ့အသစ် တစ်ခုကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ထုတ်ပြန်ပြောဆိုခဲ့သည်။ အဆိုပါလှုပ်ရှားမှုအသစ် သည် အိမ်နီးချင်းပြိုင်ဖက်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် ယှဉ်ပြိုင်မှုလုပ်ဆောင်မည့် လှုပ်ရှားမှုတစ်ခုဖြစ်နိုင် ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။
ပါကစ္စတန်ဝန်ကြီးချုပ်ရှီဘတ်ရှရစ်ဖ်သည် စစ်တပ်တွင် ဒုံးပျံတပ်ဖွဲ့ဖွဲ့စည်းမှုကို အစ္စလာမာဘတ်မြို့တွင် ကျင်းပ သည့်အခမ်းအနားတစ်ခုအတွင်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို ပါကစ္စတန် နိုင်ငံ၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့မတိုင်မီ တစ်ရက်အလိုတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရှီဘတ်ရှရစ်ဖ် က “အဲဒီတပ်ဖွဲ့အသစ်ကို ခေတ်မီနည်းပညာတွေ တပ်ဆင်ပေးသွားမှာပါ။ တပ်ဖွဲ့အသစ်ဟာ ပါကစ္စတန်စစ်တပ်ရဲ့တိုက်ခိုက်ရေးစွမ်းရည် အားကောင်းမှုကို သက်သေပြပါလိမ့်မယ်” ဟု ပြောခဲ့သည်။
သို့သော်လည်း အဆိုပါတပ်ဖွဲ့အသစ်ဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်များကို ရှီဘတ်ရှရစ်ဖ်က ထုတ်ပြန်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ပုံမှန်ပဋိပက္ခတစ်ခုတွင် ဒုံးကျည်များ ဖြန့်ကျက်ချထားမှုနှင့်ကိုင်တွယ်မှုကို လုပ်ဆောင်ရန် ရည်မှန်းထားသည့် တပ်ဖွဲ့အသစ်သည် ကိုယ်ပိုင်ကွပ်ကဲမှုဌာန ချုပ် ရှိလိမ့်မည်ဖြစ်ကြောင်း ပါကစ္စတန်အကြီးတန်းအရာရှိတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့သည်။ အဆိုပါ အကြီးတန်းအရာရှိ က “ဒါက အိန္ဒိယအတွက် ရည်ရွယ်တယ်ဆိုတာ လုံးဝထင်ရှားပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version:
ဒုံးက်ည္စြမ္းရည္မ်ားကို ႀကီးၾကပ္ရန္အတြက္ တပ္ဖြဲ႕အသစ္တစ္ခုကို ပါကစၥတန္ ဖြဲ႕စည္း
Pika (NP News) - ၾသဂုတ္ ၁၆
ပုံမွန္ပဋိပကၡတစ္ခုတြင္ ဒုံးက်ည္တိုက္ခိုက္ေရးစြမ္းရည္မ်ားကို ႀကီးၾကပ္ရန္အတြက္ စစ္တပ္တြင္ တပ္ဖြဲ႕အသစ္ တစ္ခုကို ဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း ပါကစၥတန္အစိုးရက ထုတ္ျပန္ေျပာဆိုခဲ့သည္။ အဆိုပါလႈပ္ရွားမႈအသစ္ သည္ အိမ္နီးခ်င္းၿပိဳင္ဖက္နိုင္ငံျဖစ္သည့္ အိႏၵိယနိုင္ငံႏွင့္ ယွဥ္ၿပိဳင္မႈလုပ္ေဆာင္မည့္ လႈပ္ရွားမႈတစ္ခုျဖစ္နိုင္ ေၾကာင္း သုံးသပ္ေျပာဆိုမႈမ်ားလည္း ရွိေနသည္။
ပါကစၥတန္ဝန္ႀကီးခ်ဳပ္ရွီဘတ္ရွရစ္ဖ္သည္ စစ္တပ္တြင္ ဒုံးပ်ံတပ္ဖြဲ႕ဖြဲ႕စည္းမႈကို အစၥလာမာဘတ္ၿမိဳ႕တြင္ က်င္းပ သည့္အခမ္းအနားတစ္ခုအတြင္း ထုတ္ျပန္ေၾကညာခဲ့ေၾကာင္း သိရသည္။ အဆိုပါအခမ္းအနားကို ပါကစၥတန္ နိုင္ငံ၏ (၇၈)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔မတိုင္မီ တစ္ရက္အလိုတြင္ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ရွီဘတ္ရွရစ္ဖ္ က “အဲဒီတပ္ဖြဲ႕အသစ္ကို ေခတ္မီနည္းပညာေတြ တပ္ဆင္ေပးသြားမွာပါ။ တပ္ဖြဲ႕အသစ္ဟာ ပါကစၥတန္စစ္တပ္ရဲ့တိုက္ခိုက္ေရးစြမ္းရည္ အားေကာင္းမႈကို သက္ေသျပပါလိမ့္မယ္” ဟု ေျပာခဲ့သည္။
သို႔ေသာ္လည္း အဆိုပါတပ္ဖြဲ႕အသစ္ဖြဲ႕စည္းမႈႏွင့္ပတ္သက္ၿပီး ေနာက္ထပ္အေသးစိတ္အခ်က္အလက္မ်ားကို ရွီဘတ္ရွရစ္ဖ္က ထုတ္ျပန္ေျပာဆိုခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ပုံမွန္ပဋိပကၡတစ္ခုတြင္ ဒုံးက်ည္မ်ား ျဖန႔္က်က္ခ်ထားမႈႏွင့္ကိုင္တြယ္မႈကို လုပ္ေဆာင္ရန္ ရည္မွန္းထားသည့္ တပ္ဖြဲ႕အသစ္သည္ ကိုယ္ပိုင္ကြပ္ကဲမႈဌာန ခ်ဳပ္ ရွိလိမ့္မည္ျဖစ္ေၾကာင္း ပါကစၥတန္အႀကီးတန္းအရာရွိတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့သည္။ အဆိုပါ အႀကီးတန္းအရာရွိ က “ဒါက အိႏၵိယအတြက္ ရည္ရြယ္တယ္ဆိုတာ လုံးဝထင္ရွားပါတယ္” ဟု ေျပာခဲ့သည္။