အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ကြား လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထပ်မံကျရှုံး

 147

Pika (NP News) - နိုဝင်ဘာ ၉

ပါကစ္စတန်နဲ့ နောက်ဆုံးအကြိမ်လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ထပ်မံကျရှုံးခဲ့တယ်လို့ အာဖဂန်နစ္စတန်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ပါကစ္စတန်အစိုးရရဲ့တာဝန်မဲ့ပြီး ပူးပေါင်း ဆောင်ရွက်မှုမရှိတဲ့ချဉ်းကပ်မှုတွေကို အာဖဂန်နစ္စတန်အစိုးရက ပြစ်တင်ဝေဖန်ခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၉)ရက်တုန်းက သဘောတူညီခဲ့တဲ့အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အပြီးသတ်ဖို့အတွက် အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့မှာ တွေ့ဆုံမှုတွေ ထပ်မံလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
အာဖဂန်နစ္စတန်အစိုးရက “တွေ့ဆုံမှုတွေအတွင်းမှာ ပါကစ္စတန်အစိုးရဟာ နယ်စပ်တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တာဝန်တွေအားလုံးကို အာဖဂန်နစ္စတန်ဘက်ကို ပုံချဖို့ လုပ်ခဲ့ပါတယ်။ပြီးတော့ အာဖဂန်နစ္စတန်ရဲ့ လုံခြုံရေးအတွက် တာဝန်ယူလိုစိတ်မရှိတာတွေကို ပြသခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ပါကစ္စတန်အစိုးရ ကိုယ်စားလှယ်အဖွဲ့ရဲ့တာဝန်မဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့သဘောထားကြောင့် ရလဒ်တွေ မထွက်ပေါ်ခဲ့ရတာဖြစ်တယ်လို့လည်း အာဖဂန်နစ္စတန်အစိုးရက ပြစ်တင်ဝေဖန်ပြောဆိုခဲ့ပါတယ်။ အာဖဂန်နစ္စတန်အစိုးရရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့တောင်းဆိုမှုတွေကို ပါကစ္စတန်အစိုးရ ဘက်က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version;
အာဖဂန္နစၥတန္နဲ႔ ပါကစၥတန္တို႔ၾကား လုပ္ေဆာင္ခဲ့တဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ထပ္မံက်ရႈံး
Pika (NP News) - ႏိုဝင္ဘာ ၉
ပါကစၥတန္နဲ႔ ေနာက္ဆုံးအႀကိမ္လုပ္ေဆာင္ခဲ့တဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြဟာ ထပ္မံက်ရႈံးခဲ့တယ္လို႔ အာဖဂန္နစၥတန္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ပါကစၥတန္အစိုးရရဲ႕တာဝန္မဲ့ၿပီး ပူးေပါင္း ေဆာင္႐ြက္မႈမရွိတဲ့ခ်ဥ္းကပ္မႈေတြကို အာဖဂန္နစၥတန္အစိုးရက ျပစ္တင္ေဝဖန္ခဲ့တယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ ေအာက္တိုဘာလ(၁၉)ရက္တုန္းက သေဘာတူညီခဲ့တဲ့အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို အၿပီးသတ္ဖို႔အတြက္ အာဖဂန္နစၥတန္နဲ႔ ပါကစၥတန္တို႔ရဲ႕ကိုယ္စားလွယ္အဖြဲ႕ေတြဟာ တူရကီႏိုင္ငံ အစၥတန္ဘူလ္ ၿမိဳ႕မွာ ေတြ႕ဆုံမႈေတြ ထပ္မံလုပ္ေဆာင္ခဲ့ၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။
အာဖဂန္နစၥတန္အစိုးရက “ေတြ႕ဆုံမႈေတြအတြင္းမွာ ပါကစၥတန္အစိုးရဟာ နယ္စပ္တိုက္ပြဲေတြနဲ႔ပတ္သက္ၿပီး တာဝန္ေတြအားလုံးကို အာဖဂန္နစၥတန္ဘက္ကို ပုံခ်ဖို႔ လုပ္ခဲ့ပါတယ္။ၿပီးေတာ့ အာဖဂန္နစၥတန္ရဲ႕ လုံၿခဳံေရးအတြက္ တာဝန္ယူလိုစိတ္မရွိတာေတြကို ျပသခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ပါကစၥတန္အစိုးရ ကိုယ္စားလွယ္အဖြဲ႕ရဲ႕တာဝန္မဲ့ၿပီး ပူးေပါင္းေဆာင္႐ြက္မႈမရွိတဲ့သေဘာထားေၾကာင့္ ရလဒ္ေတြ မထြက္ေပၚခဲ့ရတာျဖစ္တယ္လို႔လည္း အာဖဂန္နစၥတန္အစိုးရက ျပစ္တင္ေဝဖန္ေျပာဆိုခဲ့ပါတယ္။ အာဖဂန္နစၥတန္အစိုးရရဲ႕ေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ေတာင္းဆိုမႈေတြကို ပါကစၥတန္အစိုးရ ဘက္က ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.