ငြိမ်းချမ်းရေးတည်ဆောက်ရန် EAOs များ NCA ဘုံသဘောတူညီချက်များနှင့်အညီ ပူးပေါင်းပါဝင်ကြရန် လို

854

Pearl (NP News) - ဖေဖော်ဝါရီ ၁၂
ငြိမ်းချမ်းရေးတည်ဆောက်ရန် EAOs များ NCA ဘုံသဘောတူညီချက်များနှင့်အညီ ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်)တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရာတွင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးသည် အဓိကလိုအပ်ချက်ဖြစ်ပြီး မိမိတို့နိုင်ငံ၏ငြိမ်းချမ်းရေးကို မိမိတို့ တိုင်းရင်းသားပြည်သူများကသာ မဖြစ်မနေဖော်ဆောင်ကြရမည်ဖြစ် ကြောင်း ပြောသည်။
ထို့ကြောင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ ဘုံသဘောတူညီချက်များနှင့်အညီ ပူးပေါင်းပါဝင်ကြရန် လိုအပ်ပြီး ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်းပယောဂကင်းရှင်းကာ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံ၍ နိုင်ငံရေးနည်းလမ်းအရ ရင်ကြားစေ့ဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်းလည်း ပြောသည်။
နိုင်ငံတော်အနေဖြင့် ဆွေးနွေးမှုများကိုဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးတံခါးကို အစဉ်အမြဲဖွင့်လှစ်ကြို ဆိုလျက်ရှိကြောင်းလည်း အသိပေးထားသည်။
တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးကိုလိုလားသည့် ပြည်သူများနှင့်လက်တွဲပြီး လက်နက်ကိုင်သောင်း ကျန်းသူများ၏ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များ၊ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်မှုများကို ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားထားသည်။
နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးအတွက် ပြည်ပအမှီအခိုကင်းစွာဖြင့် ပြည်တွင်းအင်အားစုများကိုအခြေခံကာ ပြည်သူတစ်ရပ်လုံးပါဝင်သည့် ခေတ်မီပြည်သူ့ကာကွယ်ရေးစနစ်ကို ကြိုးပမ်းဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အဆိုပါ သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။

Zawgyi version:
ၿငိမ္းခ်မ္းေရးတည္ေဆာက္ရန္ EAOs မ်ား NCA ဘုံသေဘာတူညီခ်က္မ်ားႏွင့္အညီ ပူးေပါင္းပါဝင္ၾကရန္ လိုအပ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
ယေန႔ (ေဖေဖာ္ဝါရီလ ၁၂ ရက္)တြင္ က်ေရာက္ေသာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏ (၇၉)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အခမ္းအနားသို႔ ႏိုင္ငံေတာ္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္မွ ေပးပို႔သည့္ သဝဏ္လႊာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါ သဝဏ္လႊာတြင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုႀကီးတည္ေဆာက္ရာတြင္ တစ္ႏိုင္ငံလုံး ထာဝရၿငိမ္းခ်မ္းေရးသည္ အဓိကလိုအပ္ခ်က္ျဖစ္ၿပီး မိမိတို႔ႏိုင္ငံ၏ၿငိမ္းခ်မ္းေရးကို မိမိတို႔ တိုင္းရင္းသားျပည္သူမ်ားကသာ မျဖစ္မေနေဖာ္ေဆာင္ၾကရမည္ျဖစ္ ေၾကာင္း ေျပာသည္။
ထို႔ေၾကာင့္ ေရရွည္တည္တံ့ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရးတည္ေဆာက္ရာတြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား အေနျဖင့္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA)ပါ ဘုံသေဘာတူညီခ်က္မ်ားႏွင့္အညီ ပူးေပါင္းပါဝင္ၾကရန္ လိုအပ္ၿပီး ဒီမိုကေရစီႏွင့္ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ရာတြင္ ျပည္ပစြက္ဖက္မႈႏွင့္ ျပည္တြင္းပေယာဂကင္းရွင္းကာ တိုင္းရင္းသားညီအစ္ကိုအခ်င္းခ်င္း ျပည္ေထာင္စုစိတ္ဓာတ္အရင္းခံ၍ ႏိုင္ငံေရးနည္းလမ္းအရ ရင္ၾကားေစ့ေဆြးေႏြးအေျဖရွာျခင္းျဖင့္သာ ေအာင္ျမင္ႏိုင္မည္ျဖစ္ေၾကာင္းလည္း ေျပာသည္။
ႏိုင္ငံေတာ္အေနျဖင့္ ေဆြးေႏြးမႈမ်ားကိုဖိတ္ေခၚၿပီး ၿငိမ္းခ်မ္းေရးတံခါးကို အစဥ္အၿမဲဖြင့္လွစ္ႀကိဳ ဆိုလ်က္ရွိေၾကာင္းလည္း အသိေပးထားသည္။
တပ္မေတာ္အေနျဖင့္လည္း ၿငိမ္းခ်မ္းေရးကိုလိုလားသည့္ ျပည္သူမ်ားႏွင့္လက္တြဲၿပီး လက္နက္ကိုင္ေသာင္း က်န္းသူမ်ား၏ ဥပေဒမဲ့အၾကမ္းဖက္လုပ္ရပ္မ်ား၊ နယ္ေျမခ်ဲ႕ထြင္ေရး တိုက္ပြဲေဖာ္ေဆာင္မႈမ်ားကို ထိန္းသိမ္းကာကြယ္သြားမည္ျဖစ္ေၾကာင္းလည္း ေျပာၾကားထားသည္။
ႏိုင္ငံေတာ္ကာကြယ္ ေရးႏွင့္ လုံၿခဳံေရးအတြက္ ျပည္ပအမွီအခိုကင္းစြာျဖင့္ ျပည္တြင္းအင္အားစုမ်ားကိုအေျခခံကာ ျပည္သူတစ္ရပ္လုံးပါဝင္သည့္ ေခတ္မီျပည္သူ႔ကာကြယ္ေရးစနစ္ကို ႀကိဳးပမ္းေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း အဆိုပါ သဝဏ္လႊာတြင္ ထည့္သြင္းေဖာ္ျပထားသည္။