အီရန်နဲ့ ဆွေးနွေးမှုတွေက ဆက်ရှိနေလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်ပြော

 279

Pika(NP News)- ဖေဖော်ဝါရီ ၁၂

အီရန်နဲ့ ဘယ်လိုရှေ့ဆက်သွားရင်ကောင်းမလဲဆိုတာနဲ့ပတ်သက်ပြီး အစ္စရေးနဲ့သဘောတူညီချက်တစ်ခုရခဲ့တာမျိုးမရှိခဲ့ဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အီရန်နဲ့တွေ့ဆုံဆွေးနွေးမှုတွေက သဘောတူညီချက်တစ်ခုရနိုင်/မရနိုင်ဆိုတာကို ဆက်လက်စောင့်ကြည့်သွားရလိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ခုလုပ်ဆောင်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်နဲ့ နေတန်ရာဟုတို့ဟာ အချိန်(၂)နာရီခွဲကျော်ကြာအောင် တံခါးပိတ်တွေ့ဆုံဆွေးနွေးမှုကို လုပ်ဆောင်ခဲ့ပေမယ့်လည်း သိသာထင်ရှားတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က”အီရန်နဲ့နောက်ထပ်တွေ့ဆုံဆွေးနွေးမှုတွေက သဘောတူညီချက်တစ်ခုရနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်သွားရမှာပါ။အီရန်ကိစ္စကို ဘယ်လိုရှေ့ဆက်သွားရင်ကောင်းမလဲဆိုတာနဲ့ပတ်သက်ပြီး အစ္စရေးနဲ့ သဘောတူညီချက်တစ်ခုရခဲ့တာမျိုးလည်း မရှိခဲ့ပါဘူး”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi version:

အီရန္နဲ႔ ဘယ္လိုေရွ႕ဆက္သြားရင္ေကာင္းမလဲဆိုတာနဲ႔ပတ္သက္ၿပီး အစၥေရးနဲ႔သေဘာတူညီခ်က္တစ္ခုရခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း အီရန္နဲ႔ေတြ႕ဆုံေဆြးေႏြးမႈေတြက သေဘာတူညီခ်က္တစ္ခုရႏိုင္/မရႏိုင္ဆိုတာကို ဆက္လက္ေစာင့္ၾကည့္သြားရလိမ့္မယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈတစ္ခုလုပ္ေဆာင္ခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္က ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္နဲ႔ ေနတန္ရာဟုတို႔ဟာ အခ်ိန္(၂)နာရီခြဲေက်ာ္ၾကာေအာင္ တံခါးပိတ္ေတြ႕ဆုံေဆြးေႏြးမႈကို လုပ္ေဆာင္ခဲ့ေပမယ့္လည္း သိသာထင္ရွားတဲ့ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္ႏိုင္ခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က”အီရန္နဲ႔ေနာက္ထပ္ေတြ႕ဆုံေဆြးေႏြးမႈေတြက သေဘာတူညီခ်က္တစ္ခုရႏိုင္မလားဆိုတာကို ဆက္လက္ေစာင့္ၾကည့္သြားရမွာပါ။အီရန္ကိစၥကို ဘယ္လိုေရွ႕ဆက္သြားရင္ေကာင္းမလဲဆိုတာနဲ႔ပတ္သက္ၿပီး အစၥေရးနဲ႔ သေဘာတူညီခ်က္တစ္ခုရခဲ့တာမ်ိဳးလည္း မရွိခဲ့ပါဘူး”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.