အမေရိကန်က New STARTစာချုပ်အတိုင်း လိုက်နာနေသရွေ့ ရုရှားကလည်း လိုက်နာသွားမယ်လို့ ရုရှားပြော

729

Pika(NP News)- ဖေဖော်ဝါရီ ၁၂
အမေရိကန်က New START နျူကလီးယားသဘောတူစာချုပ်မှာပါဝင်တဲ့ ကန့်သတ်ချက်တွေအတိုင်း ဆက်လက်လိုက်နာနေသရွေ့ ရုရှားကလည်း ကန့်သတ်ချက်တွေအတိုင်း ဆက်လက်လိုက်နာသွားမယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ ရုရှားနဲ့အမေရိကန်တို့ကြား လက်မှတ်ရေးထိုးခဲ့တဲ့ New STARTသဘောတူစာချုပ်ဟာ ယခုလအစောပိုင်းမှာ သက်တမ်းကုန်ဆုံးသွားပြီလည်းဖြစ်ပါတယ်။
ဒါ့ပြင် New STARTသဘောတူစာချုပ်ကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးဖို့ ရုရှားရဲ့ကမ်းလှမ်းချက်တွေကို အမေရိကန်က တုံ့ပြန်ခဲ့တာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်က” New STARTသဘောတူစာချုပ်က သက်တမ်းကုန်ဆုံးသွားပေမယ့်လည်း ကန့်သတ်ချက်တွေကတော့ ဆက်လက်အသက်ဝင်နေဆဲပဲဖြစ်ပါတယ်။
အမေရိကန်က ဒီသဘောတူစာချုပ်အတိုင်း လိုက်နာနေသရွေ့ ရုရှားကလည်း ကန့်သတ်ချက်တွေကို ဆက်လက်လိုက်နာနေမှာပါ”လို့ပြောဆိုခဲ့ပါတယ်။
New STARTစာချုပ်က နိုင်ငံတစ်ခုဆီပိုင်ဆိုင်ပြီး ဖြန့်ကျက်ချထားနိုင်တဲ့ နျူကလီးယားလက်နက်တွေနဲ့ပို့ဆောင်ရေးစနစ်အရေအတွက်တွေကို ကန့်သတ်မှုတွေလုပ်ဆောင်ထားတဲ့ စာချုပ်တစ်ခုလည်းဖြစ်ပါတယ်။
အမေရိကန်နဲ့ရုရှားကြား လက်မှတ်ရေးထိုးထားတဲ့ New STARTစာချုပ်က သက်တမ်းကုန်ဆုံးသွားခဲ့မှုနဲ့အတူ ကမ္ဘာကြီးက ပိုပြီးအန္တရာယ်များတဲ့နေရာတစ်ခုဖြစ်လာနေတယ်လို့လည်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္က New START န်ဴကလီးယားသေဘာတူစာခ်ဳပ္မွာပါဝင္တဲ့ ကန႔္သတ္ခ်က္ေတြအတိုင္း ဆက္လက္လိုက္နာေနသေ႐ြ႕ ႐ုရွားကလည္း ကန႔္သတ္ခ်က္ေတြအတိုင္း ဆက္လက္လိုက္နာသြားမယ္လို႔ ႐ုရွားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ကမာၻ႔အင္အားႀကီးႏိုင္ငံႏွစ္ခုျဖစ္တဲ့ ႐ုရွားနဲ႔အေမရိကန္တို႔ၾကား လက္မွတ္ေရးထိုးခဲ့တဲ့ New STARTသေဘာတူစာခ်ဳပ္ဟာ ယခုလအေစာပိုင္းမွာ သက္တမ္းကုန္ဆုံးသြားၿပီလည္းျဖစ္ပါတယ္။
ဒါ့ျပင္ New STARTသေဘာတူစာခ်ဳပ္ကို ေနာက္ထပ္တစ္ႏွစ္သက္တမ္းတိုးဖို႔ ႐ုရွားရဲ႕ကမ္းလွမ္းခ်က္ေတြကို အေမရိကန္က တုံ႔ျပန္ခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာ့ဗ္က” New STARTသေဘာတူစာခ်ဳပ္က သက္တမ္းကုန္ဆုံးသြားေပမယ့္လည္း ကန႔္သတ္ခ်က္ေတြကေတာ့ ဆက္လက္အသက္ဝင္ေနဆဲပဲျဖစ္ပါတယ္။
အေမရိကန္က ဒီသေဘာတူစာခ်ဳပ္အတိုင္း လိုက္နာေနသေ႐ြ႕ ႐ုရွားကလည္း ကန႔္သတ္ခ်က္ေတြကို ဆက္လက္လိုက္နာေနမွာပါ”လို႔ေျပာဆိုခဲ့ပါတယ္။
New STARTစာခ်ဳပ္က ႏိုင္ငံတစ္ခုဆီပိုင္ဆိုင္ၿပီး ျဖန႔္က်က္ခ်ထားႏိုင္တဲ့ န်ဴကလီးယားလက္နက္ေတြနဲ႔ပို႔ေဆာင္ေရးစနစ္အေရအတြက္ေတြကို ကန႔္သတ္မႈေတြလုပ္ေဆာင္ထားတဲ့ စာခ်ဳပ္တစ္ခုလည္းျဖစ္ပါတယ္။
အေမရိကန္နဲ႔႐ုရွားၾကား လက္မွတ္ေရးထိုးထားတဲ့ New STARTစာခ်ဳပ္က သက္တမ္းကုန္ဆုံးသြားခဲ့မႈနဲ႔အတူ ကမာၻႀကီးက ပိုၿပီးအႏၲရာယ္မ်ားတဲ့ေနရာတစ္ခုျဖစ္လာေနတယ္လို႔လည္း ႐ုရွားအစိုးရ ေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။