တရုတ်(တိုင်ပေ)ကို လက်နက်တွေ ပို့/မပို့ ဆိုတာကို မကြာခင်ဆုံးဖြတ်သွားမယ်လို့ ဒေါ်နယ်ထရမ့်ပြော

186

Pika (NP News) - ဖေဖော်ဝါရီ ၁၈
တရုတ်(တိုင်ပေ)ကျွန်းကို နောက်ထပ်စစ်လက်နက်ပစ္စည်းတွေ ပို့/မပို့ဆိုတာကို မကြာခင်အချိန်အတွင်း ဆုံးဖြတ်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
တရုတ်(တိုင်ပေ)ကျွန်းကို စစ်လက်နက်ပစ္စည်းပေးပို့တာမျိုးတွေ မလုပ်ဖို့ ဒေါ်နယ်ထရမ့်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က သတိပေးပြောဆိုခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “ကျွန်တော်ရှီကျင့်ဖျင်နဲ့ အဲဒီအကြောင်းတွေကို ဆွေးနွေးနေပါတယ်။ တရုတ်(တိုင်ပေ)ကျွန်းကို နောက်ထပ်စစ်လက်နက်ပစ္စည်းတွေ ပို့/မပို့ ဆိုတာကို မကြာခင်အချိန်အတွင်း ကျွန်တော်ဆုံးဖြတ်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် တရုတ်(တိုင်ပေ)ကျွန်းကို ၎င်းရဲ့ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ ရှီကျင့်ဖျင်နဲ့ ၎င်းတို့ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ရှီကျင့်ဖျင်က “တရုတ်(တိုင်ပေ)ကျွန်းပြဿနာက တရုတ်-အမေရိကန်ဆက်ဆံရေးမှာ အရေးအကြီးဆုံးကိစ္စရပ်တစ်ခုပဲ ဖြစ်ပါတယ်။ တရုတ်(တိုင်ပေ)ကို စစ်လက်နက်ပစ္စည်းရောင်းချတာတွေနဲ့ပတ်သက်ပြီး အမေရိကန်က သေချာ သတိထားကိုယ်တွယ်ရပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
တ႐ုတ္(တိုင္ေပ)ကို လက္နက္ေတြ ပို႔/မပို႔ ဆိုတာကို မၾကာခင္ဆုံးျဖတ္သြားမယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၈
တ႐ုတ္(တိုင္ေပ)ကြၽန္းကို ေနာက္ထပ္စစ္လက္နက္ပစၥည္းေတြ ပို႔/မပို႔ဆိုတာကို မၾကာခင္အခ်ိန္အတြင္း ဆုံးျဖတ္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
တ႐ုတ္(တိုင္ေပ)ကြၽန္းကို စစ္လက္နက္ပစၥည္းေပးပို႔တာမ်ိဳးေတြ မလုပ္ဖို႔ ေဒၚနယ္ထရမ့္ကို တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က သတိေပးေျပာဆိုခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္က ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “ကြၽန္ေတာ္ရွီက်င့္ဖ်င္နဲ႔ အဲဒီအေၾကာင္းေတြကို ေဆြးေႏြးေနပါတယ္။ တ႐ုတ္(တိုင္ေပ)ကြၽန္းကို ေနာက္ထပ္စစ္လက္နက္ပစၥည္းေတြ ပို႔/မပို႔ ဆိုတာကို မၾကာခင္အခ်ိန္အတြင္း ကြၽန္ေတာ္ဆုံးျဖတ္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ တ႐ုတ္(တိုင္ေပ)ကြၽန္းကို ၎ရဲ႕ကိုယ္ပိုင္နယ္ေျမအျဖစ္ သတ္မွတ္ထားတဲ့ ရွီက်င့္ဖ်င္နဲ႔ ၎တို႔ၾကားမွာ ေကာင္းမြန္တဲ့ဆက္ဆံေရးတစ္ခုရွိတယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ရွီက်င့္ဖ်င္က “တ႐ုတ္(တိုင္ေပ)ကြၽန္းျပႆနာက တ႐ုတ္-အေမရိကန္ဆက္ဆံေရးမွာ အေရးအႀကီးဆုံးကိစၥရပ္တစ္ခုပဲ ျဖစ္ပါတယ္။ တ႐ုတ္(တိုင္ေပ)ကို စစ္လက္နက္ပစၥည္းေရာင္းခ်တာေတြနဲ႔ပတ္သက္ၿပီး အေမရိကန္က ေသခ်ာ သတိထားကိုယ္တြယ္ရပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။