မြန်မာကို အာဆီယံထဲ ပြန်ခေါ်နိုင်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မျှော်လင့်

433

ALynn (NP News)- ဖေဖော်ဝါရီ ၁၈
မြန်မာနိုင်ငံ၌ အရေးပေါ်အခြေအနေကြေညာခဲ့ပြီးနောက် ငါးနှစ်နီးပါးအကြာတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအား အာဆီယံအဖွဲ့အတွင်းသို့ပြန်လည်ခေါ်ဆောင်နိုင်ရန် ထိုင်းနိုင်ငံက မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ပြောကြားလိုက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ယနေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) က တွေ့ဆုံဆွေးနွေးပြီးနောက် ဆီဟာဆက်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦး မတွေ့ဆုံမီ တစ်ရက်အလိုကလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခြင်းသည် ရွေးကောက်ပွဲအပြီး ငြိမ်းချမ်းရေးအတွက် အရေးပါသော အချိုးအကွေ့တစ်ခုဖြစ်လာနိုင်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်ကို တွေ့ရသည်။
ဗုဒ္ဓဟူးနေ့ တွေ့ဆုံမှုတွင် နှစ်နိုင်ငံဆက်ဆံရေး ရှေ့ဆက်မည့် လုပ်ငန်းစဉ်များအပြင် မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့အကြား ဆက်ဆံရေးများကိုပါ ဆွေးနွေးသွားမည်ဖြစ်ကြောင်းကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကနဦးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"ကျွန်တော်တို့က (ရွေးကောက်ပွဲကို) လက်ခံတယ်လို့ မပြောသေးပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲ ကျင်းပခဲ့တယ်ဆိုတာက လက်တွေ့ဖြစ်ရပ်ဖြစ်နေတဲ့အတွက် ကျွန်တော်တို့က ကြားခံအဖြစ် ကူညီပေးသွားမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ကို ကူညီနိုင်ဖို့ဆိုရင် သူတို့ဘက်ကလည်း ကျွန်တော်တို့ကို ပြန်ကူညီဖို့ လိုပါတယ်" ဟု ဆီဟာဆက်က ဆိုသည်။
၎င်းက ဆက်လက်၍ "အာဆီယံအနေနဲ့ ရှေ့ဆက်လှုပ်ရှားရမယ့်အချိန် ရောက်ပါပြီ။ ဒီအသွင်ကူးပြောင်းရေးဟာ အပြုသဘောဆောင်တဲ့လမ်းကြောင်းပေါ်ရောက်အောင် ကျွန်တော်တို့က ဆွေးနွေးကူညီပေးနိုင်ပါတယ်။ အာဆီယံရဲ့စေတနာကောင်းတွေကို သူတို့နားလည်လာအောင် လုပ်ဆောင်ပေးနိုင်မှာပါ" ဟုလည်း တွေ့ဆုံပွဲမတိုင်ခင်က ပြောကြားခဲ့သည်။

Zawgyi Version;
ျမန္မာကို အာဆီယံထဲ ျပန္ေခၚႏိုင္ဖို႔ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး ေမွ်ာ္လင့္
ALynn (NP News)- ေဖေဖာ္ဝါရီ ၁၈
ျမန္မာႏိုင္ငံ၌ အေရးေပၚအေျခအေနေၾကညာခဲ့ၿပီးေနာက္ ငါးႏွစ္နီးပါးအၾကာတြင္ ေ႐ြးေကာက္ပြဲမ်ား က်င္းပခဲ့ရာ ျမန္မာႏိုင္ငံအား အာဆီယံအဖြဲ႕အတြင္းသို႔ျပန္လည္ေခၚေဆာင္ႏိုင္ရန္ ထိုင္းႏိုင္ငံက ေမွ်ာ္လင့္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး ဆီဟာဆက္က ေျပာၾကားလိုက္ျခင္းျဖစ္သည္။
ထိုင္းႏိုင္ငံေတာင္ပိုင္းတြင္ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြႏွင့္ ယေန႔ (ေဖေဖာ္ဝါရီလ ၁၈ ရက္) က ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ ဆီဟာဆက္က ထိုသို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
၎တို႔ႏွစ္ဦး မေတြ႕ဆုံမီ တစ္ရက္အလိုကလည္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြႏွင့္ ႏွစ္ႏိုင္ငံေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ျခင္းသည္ ေ႐ြးေကာက္ပြဲအၿပီး ၿငိမ္းခ်မ္းေရးအတြက္ အေရးပါေသာ အခ်ိဳးအေကြ႕တစ္ခုျဖစ္လာႏိုင္ေၾကာင္း သတင္းေထာက္မ်ားကို ေျပာၾကားခဲ့သည္ကို ေတြ႕ရသည္။
ဗုဒၶဟူးေန႔ ေတြ႕ဆုံမႈတြင္ ႏွစ္ႏိုင္ငံဆက္ဆံေရး ေရွ႕ဆက္မည့္ လုပ္ငန္းစဥ္မ်ားအျပင္ ျမန္မာႏိုင္ငံႏွင့္ အာဆီယံအဖြဲ႕အၾကား ဆက္ဆံေရးမ်ားကိုပါ ေဆြးေႏြးသြားမည္ျဖစ္ေၾကာင္းကို ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ကနဦးထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
"ကြၽန္ေတာ္တို႔က (ေ႐ြးေကာက္ပြဲကို) လက္ခံတယ္လို႔ မေျပာေသးပါဘူး။ ဒါေပမဲ့ ေ႐ြးေကာက္ပြဲ က်င္းပခဲ့တယ္ဆိုတာက လက္ေတြ႕ျဖစ္ရပ္ျဖစ္ေနတဲ့အတြက္ ကြၽန္ေတာ္တို႔က ၾကားခံအျဖစ္ ကူညီေပးသြားမွာပါ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔က သူတို႔ကို ကူညီႏိုင္ဖို႔ဆိုရင္ သူတို႔ဘက္ကလည္း ကြၽန္ေတာ္တို႔ကို ျပန္ကူညီဖို႔ လိုပါတယ္" ဟု ဆီဟာဆက္က ဆိုသည္။
၎က ဆက္လက္၍ "အာဆီယံအေနနဲ႔ ေရွ႕ဆက္လႈပ္ရွားရမယ့္အခ်ိန္ ေရာက္ပါၿပီ။ ဒီအသြင္ကူးေျပာင္းေရးဟာ အျပဳသေဘာေဆာင္တဲ့လမ္းေၾကာင္းေပၚေရာက္ေအာင္ ကြၽန္ေတာ္တို႔က ေဆြးေႏြးကူညီေပးႏိုင္ပါတယ္။ အာဆီယံရဲ႕ေစတနာေကာင္းေတြကို သူတို႔နားလည္လာေအာင္ လုပ္ေဆာင္ေပးႏိုင္မွာပါ" ဟုလည္း ေတြ႕ဆုံပြဲမတိုင္ခင္က ေျပာၾကားခဲ့သည္။