ယူကရိန်းစစ်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ မြောက်ကိုရီးယားစစ်သားတွေရဲ့မိသားစုတွေအတွက် အိမ်ယာခရိုင်အသစ်တစ်ခုကို မြောက်ကိုရီးယားတည်ဆောက်ပေး

 616

Pika (NP News) - ဖေဖော်ဝါရီ ၁၈

ယူကရိန်းမှာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေစဉ်အချိန်အတွင်း ကျဆုံးသွားခဲ့တဲ့ မြောက်ကိုရီးယားစစ်သား တွေရဲ့မိသားစုတွေအတွက် ပြုံးယမ်းမြို့မှာ အိမ်ယာခရိုင်အသစ်တစ်ခုကို တည်ဆောက်ပြီးသွားပြီလို့ မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဲဒီတည်ဆောက်မှုဟာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ရုရှား-ယူကရိန်းစစ်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ မြောက်ကိုရီးယားစစ်သားတွေရဲ့မိသားစုတွေကို ဂုဏ်ပြုဖို့ကြိုးပမ်းမှုတွေထဲက တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ဓါတ်ပုံတွေမှာ ကင်ဂျုံအန်းက သမီးဖြစ်သူကင်ဂျူအေးနဲ့အတူ မြောက်ကိုရီးယား ကျဆုံးစစ်သားတွေရဲ့မိသားစုတွေရဲ့နေအိမ်ကိုသွားရောက်လည်ပတ်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်း မြောက်ကိုရီးယားအစိုးရဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးနေတဲ့ မြောက်ကိုရီးယားစစ်သားတွေအတွက် အောက်မေ့ဖွယ်နံရံတစ်ခုနဲ့ပြတိုက်တစ်ခုတည်ဆောက်တာလိုမျိုး လှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
မြောက်ကိုရီးယားအစိုးရရဲ့လုပ်ရပ်တွေက ပြည်တွင်းစည်းလုံးညီညွတ်မှုကို မြှင့်တင်ဖို့နဲ့ လူထုရဲ့မကျေနပ်မှုတွေကို ထိန်းချုပ်ဖို့ကြိုးပမ်းမှုတစ်ခုဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက သုံးသပ်ပြောကြားခဲ့ကြပါတယ်။

Zawgyi Version;
ယူကရိန္းစစ္ပြဲမွာ က်ဆုံးသြားခဲ့တဲ့ ေျမာက္ကိုရီးယားစစ္သားေတြရဲ႕မိသားစုေတြအတြက္ အိမ္ယာခ႐ိုင္အသစ္တစ္ခု ကို ေျမာက္ကိုရီးယားတည္ေဆာက္ေပး
Pika (NP News) - ေဖေဖာ္ဝါရီ ၁၈
ယူကရိန္းမွာ ႐ုရွားတပ္ဖြဲ႕ေတြနဲ႔အတူ တိုက္ပြဲဝင္ေနစဥ္အခ်ိန္အတြင္း က်ဆုံးသြားခဲ့တဲ့ ေျမာက္ကိုရီးယားစစ္သား ေတြရဲ႕မိသားစုေတြအတြက္ ၿပဳံးယမ္းၿမိဳ႕မွာ အိမ္ယာခ႐ိုင္အသစ္တစ္ခုကို တည္ေဆာက္ၿပီးသြားၿပီလို႔ ေျမာက္ကိုရီးယားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အဲဒီတည္ေဆာက္မႈဟာ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက ႐ုရွား-ယူကရိန္းစစ္ပြဲမွာ က်ဆုံးသြားခဲ့တဲ့ ေျမာက္ကိုရီးယားစစ္သားေတြရဲ႕မိသားစုေတြကို ဂုဏ္ျပဳဖို႔ႀကိဳးပမ္းမႈေတြထဲက တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။
ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ဓါတ္ပုံေတြမွာ ကင္ဂ်ဳံအန္းက သမီးျဖစ္သူကင္ဂ်ဴေအးနဲ႔အတူ ေျမာက္ကိုရီးယား က်ဆုံးစစ္သားေတြရဲ႕မိသားစုေတြရဲ႕ေနအိမ္ကိုသြားေရာက္လည္ပတ္ေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ လေတြအတြင္း ေျမာက္ကိုရီးယားအစိုးရဟာ ယူကရိန္းစစ္ပြဲမွာ ႐ုရွားဘက္ကေန ပါဝင္တိုက္ခိုက္ေပးေနတဲ့ ေျမာက္ကိုရီးယားစစ္သားေတြအတြက္ ေအာက္ေမ့ဖြယ္နံရံတစ္ခုနဲ႔ျပတိုက္တစ္ခုတည္ေဆာက္တာလိုမ်ိဳး လႈပ္ရွားမႈေတြကို ဆက္တိုက္လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
ေျမာက္ကိုရီးယားအစိုးရရဲ႕လုပ္ရပ္ေတြက ျပည္တြင္းစည္းလုံးညီၫြတ္မႈကို ျမႇင့္တင္ဖို႔နဲ႔ လူထုရဲ႕မေက်နပ္မႈေတြကို ထိန္းခ်ဳပ္ဖို႔ႀကိဳးပမ္းမႈတစ္ခုျဖစ္တယ္လို႔ ေလ့လာသုံးသပ္သူေတြက သုံးသပ္ေျပာၾကားခဲ့ၾကပါတယ္။

Related news

© 2021. All rights reserved.