အနောက်ဆူမားတြား ဓလေ့အရပြုလုပ်တဲ့ အမဲလိုက်ပြိုင်ပွဲ အငြင်းပွားဖွယ်ဖြစ်နေ

 2276

ရောင်နီ (NP News) - ဧပြီ ၇

အနောက်ဆူမားတြားရဲ့ ဆိတ်ငြိမ်တဲ့ ဆီကာလာဒီမြို့မှာ ပြုလုပ်လေ့ရှိတဲ့ ရိုးရာ ဓလေ့တစ်ခုက တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူတွေကြား အငြင်းပွားမှုဖြစ်နေပါတယ်။

အဲဒီပြိုင်ပွဲကတော့ ဝက်တစ်ကောင်ကို ခွေးအုပ်လိုက် လိုက်ခိုင်းပြီး အမဲလိုက်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတြားပြည်နယ် တောင်ထူထပ်တဲ့ စိုက်ပျိုးရေးမြို့ ဆီကာလာဒီကို အပေါ်စီးမှ မြင်ရတဲ့ မီတာသုံးဆယ် အမြင့်ရှိ တောင်ကုန်းတစ်ခုပေါ်မှာ အဆိုပါပြိုင်ပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားဝက်အမဲလိုက်အသင်း (PORBI) မှအဖွဲ့ဝင်တွေက ပြိုင်ပွဲအတွက် ဝက်တစ်ကောင်ကို ကြိုဖမ်းဆီးထားပါတယ်။ နောက်နေ့မှာ ခွေးပိုင်ရှင်တွေက ၎င်းတို့ ခွေးတွေနဲ့ လူတစ်ယောက်ကို ခွေးတစ်ကောင်၊ ဒါမှမဟုတ် လူ ၁ ယောက်ကို ခွေး ၅ ကောင်လောက်နဲ့ စုဝေးလာပြီး ပြိုင်ပွဲစတင်ကြပါတယ်။ ခွေးတွေဟာ ဂုတ်ကြိုးမှ လွှတ်တာနဲ့ ဝက်ကို လိုက်ဆွဲကြပြီး အဲဒါကိုကြည့်ကာ လူတွေက အားပေးကြတာဖြစ်ပါတယ်။

အနောက်ဆူမားတြားမှာ ဒီပြိုင်ပွဲဟာ မျိုးဆက်ပေါင်းများစွာ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ အကြောင်းကတော့ အရင်တုန်းက လူတွေစိုက်ပျိုးထွန်ယက်ထားတဲ့ လယ်ယာမြေတွေကို တောဝက်က ကျူးကျော်ဝင်ရောက် ဖျက်ဆီးလေ့ရှိလို့ ၎င်းကိုဖြေရှင်းဖို့ အခုလိုပြိုင်ပွဲလုပ်ကြတာ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာတော့ ပြိုင်ပွဲကျင်းပခြင်းဟာ နိုင်ငံခြား ခရီးသွားတွေနဲ့ မုဆိုးတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဒီနေ့ခေတ်မှာ တောဝက်ဖျက်ဆီးမှုကို ကာကွယ်နိုင်တဲ့နည်းပညာတွေလညိး ထွန်းကားလာပြီဖြစ်ပြီး၊ တောဝက်အကောင်ရေလည်း လျော့ပါးလာပြီ ဖြစ်တဲ့အပြင် ဒီပြိုင်ပွဲဟာ တောဝက်နဲ့ခွေး သူသေ၊ ကိုယ်သေ အမဲလိုက်ကြတဲ့ ပြိုင်ပွဲဖြစ်လို့ ရပ်သင့်ပြီဖြစ်တယ်လို့ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအသင်းတွေက ဆိုကာ ရှုံ့ချခဲ့ကြပါတယ်။

Zawgyi Version;
အေနာက္ဆူမားၾတား ဓေလ့အရျပဳလုပ္တဲ့ အမဲလိုက္ၿပိဳင္ပြဲ အျငင္းပြားဖြယ္ျဖစ္ေန
ေရာင္နီ (NP News) - ဧၿပီ ၇

အေနာက္ဆူမားၾတားရဲ႕ ဆိတ္ၿငိမ္တဲ့ ဆီကာလာဒီၿမိဳ႕မွာ ျပဳလုပ္ေလ့ရွိတဲ့ ႐ိုးရာ ဓေလ့တစ္ခုက တိရစာၦန္ထိန္းသိမ္းေစာင့္ေရွာက္သူေတြၾကား အျငင္းပြားမႈျဖစ္ေနပါတယ္။

အဲဒီၿပိဳင္ပြဲကေတာ့ ဝက္တစ္ေကာင္ကို ေခြးအုပ္လိုက္ လိုက္ခိုင္းၿပီး အမဲလိုက္တဲ့ ၿပိဳင္ပြဲျဖစ္ပါတယ္။

အင္ဒိုနီးရွားႏိုင္ငံ အေနာက္ဆူမၾတားျပည္နယ္ ေတာင္ထူထပ္တဲ့ စိုက္ပ်ိဳးေရးၿမိဳ႕ ဆီကာလာဒီကို အေပၚစီးမွ ျမင္ရတဲ့ မီတာသုံးဆယ္ အျမင့္ရွိ ေတာင္ကုန္းတစ္ခုေပၚမွာ အဆိုပါၿပိဳင္ပြဲ ျပဳလုပ္ခဲ့ျခင္း ျဖစ္ပါတယ္။

အင္ဒိုနီးရွားဝက္အမဲလိုက္အသင္း (PORBI) မွအဖြဲ႕ဝင္ေတြက ၿပိဳင္ပြဲအတြက္ ဝက္တစ္ေကာင္ကို ႀကိဳဖမ္းဆီးထားပါတယ္။ ေနာက္ေန႔မွာ ေခြးပိုင္ရွင္ေတြက ၎တို႔ ေခြးေတြနဲ႔ လူတစ္ေယာက္ကို ေခြးတစ္ေကာင္၊ ဒါမွမဟုတ္ လူ ၁ ေယာက္ကို ေခြး ၅ ေကာင္ေလာက္နဲ႔ စုေဝးလာၿပီး ၿပိဳင္ပြဲစတင္ၾကပါတယ္။ ေခြးေတြဟာ ဂုတ္ႀကိဳးမွ လႊတ္တာနဲ႔ ဝက္ကို လိုက္ဆြဲၾကၿပီး အဲဒါကိုၾကည့္ကာ လူေတြက အားေပးၾကတာျဖစ္ပါတယ္။

အေနာက္ဆူမားၾတားမွာ ဒီၿပိဳင္ပြဲဟာ မ်ိဳးဆက္ေပါင္းမ်ားစြာ က်င္းပခဲ့ၾကတာျဖစ္ပါတယ္။ အေၾကာင္းကေတာ့ အရင္တုန္းက လူေတြစိုက္ပ်ိဳးထြန္ယက္ထားတဲ့ လယ္ယာေျမေတြကို ေတာဝက္က က်ဴးေက်ာ္ဝင္ေရာက္ ဖ်က္ဆီးေလ့ရွိလို႔ ၎ကိုေျဖရွင္းဖို႔ အခုလိုၿပိဳင္ပြဲလုပ္ၾကတာ ျဖစ္ပါတယ္။

ဒီေန႔ေခတ္မွာေတာ့ ၿပိဳင္ပြဲက်င္းပျခင္းဟာ ႏိုင္ငံျခား ခရီးသြားေတြနဲ႔ မုဆိုးေတြကို ဆြဲေဆာင္ဖို႔ ရည္႐ြယ္တယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း ဒီေန႔ေခတ္မွာ ေတာဝက္ဖ်က္ဆီးမႈကို ကာကြယ္ႏိုင္တဲ့နည္းပညာေတြလညိး ထြန္းကားလာၿပီျဖစ္ၿပီး၊ ေတာဝက္အေကာင္ေရလည္း ေလ်ာ့ပါးလာၿပီ ျဖစ္တဲ့အျပင္ ဒီၿပိဳင္ပြဲဟာ ေတာဝက္နဲ႔ေခြး သူေသ၊ ကိုယ္ေသ အမဲလိုက္ၾကတဲ့ ၿပိဳင္ပြဲျဖစ္လို႔ ရပ္သင့္ၿပီျဖစ္တယ္လို႔ တိရစာၦန္ကာကြယ္ေစာင့္ေရွာက္ေရးအသင္းေတြက ဆိုကာ ရႈံ႕ခ်ခဲ့ၾကပါတယ္။

Related news

© 2021. All rights reserved.