အစ္စရေးနဲ့ဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်း လူပေါင်း(၁၀၆၀)ဦးသေဆုံးခဲ့တယ်လို့ အီရန်သတင်းထုတ်ပြန်

85
Pika (NP News) - ဇူလိုင် ၉
အစ္စရေးနဲ့ (၁၂)ရက်ကြာဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်း လူပေါင်း(၁၀၆၀)ဦး သေဆုံးခဲ့တယ်လို့ အီရန်အစိုးရက သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သေဆုံးသူအရေအတွက်ဟာ တိုးမြင့်လာနိုင်တယ်လို့လည်း အီရန်အစိုးရက သတိပေးပြောဆိုခဲ့ပါတယ်။ အီရန်ရဲ့စစ်မှုထမ်းဟောင်းရေးရာဖောင်ဒေးရှင်းရဲ့ အကြီးအကဲ Saeed Ohadi ဟာ အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားလိုင်းတစ်ခုက ထုတ်လွှင့်တဲ့ အင်တာဗျူးတစ်ခုမှာ အဲဒီကိန်းဂဏန်းကို ထုတ်ပြန် ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ အစ္စရေးနဲ့ဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တဲ့ လူတွေလည်းရှိတာကြောင့် သေဆုံးသူအရေအတွက်ဟာ (၁၁၀၀)ဦးအထိ တိုးမြင့်လာနိုင်တယ်လို့လည်း Saeed Ohadi က သတိပေးပြောဆိုခဲ့ပါတယ်။
အစ္စရေးနဲ့ (၁၂)ရက်ကြာဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း အီရန်ရဲ့နျူကလီးယားနဲ့ စစ်ဘက်ဆိုင်ရာအဆောက်အဦးများစွာ ဖျက်စီးခံခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ အမေရိကန်ရဲ့ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ အစ္စရေးနဲ့အီရန်တို့ဟာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အစၥေရးနဲ႔ျဖစ္ပြားခဲ့တဲ့စစ္ပြဲအတြင္း လူေပါင္း(၁၀၆၀)ဦးေသဆုံးခဲ့တယ္လို႔ အီရန္သတင္းထုတ္ျပန္
Pika (NP News) - ဇူလိုင္ ၉
အစၥေရးနဲ႔ (၁၂)ရက္ၾကာျဖစ္ပြားခဲ့တဲ့စစ္ပြဲအတြင္း လူေပါင္း(၁၀၆၀)ဦး ေသဆုံးခဲ့တယ္လို႔ အီရန္အစိုးရက သတင္း ထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ေသဆုံးသူအေရအတြက္ဟာ တိုးျမင့္လာႏိုင္တယ္လို႔လည္း အီရန္အစိုးရက သတိေပးေျပာဆိုခဲ့ပါတယ္။ အီရန္ရဲ႕စစ္မႈထမ္းေဟာင္းေရးရာေဖာင္ေဒးရွင္းရဲ႕ အႀကီးအကဲ Saeed Ohadi ဟာ အီရန္ႏိုင္ငံပိုင္႐ုပ္ျမင္သံၾကားလိုင္းတစ္ခုက ထုတ္လႊင့္တဲ့ အင္တာဗ်ဴးတစ္ခုမွာ အဲဒီကိန္းဂဏန္းကို ထုတ္ျပန္ ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ အစၥေရးနဲ႔ျဖစ္ပြားခဲ့တဲ့စစ္ပြဲအတြင္း ထိခိုက္ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိခဲ့တဲ့ လူေတြလည္းရွိတာေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ (၁၁၀၀)ဦးအထိ တိုးျမင့္လာႏိုင္တယ္လို႔လည္း Saeed Ohadi က သတိေပးေျပာဆိုခဲ့ပါတယ္။
အစၥေရးနဲ႔ (၁၂)ရက္ၾကာျဖစ္ပြားခဲ့တဲ့ စစ္ပြဲအတြင္း အီရန္ရဲ႕န်ဴကလီးယားနဲ႔ စစ္ဘက္ဆိုင္ရာအေဆာက္အဦးမ်ားစြာ ဖ်က္စီးခံခဲ့ရတယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာ အေမရိကန္ရဲ႕ၾကားဝင္ေစ့စပ္ေပးမႈနဲ႔အတူ အစၥေရးနဲ႔အီရန္တို႔ဟာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ရယူႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။