အိန္ဒိယနှင့် ကမ္ဘာ့အထိုင်သစ်

 370

သန်းထိုက်စိုး (NP News) - ဇူလိုင် ၉

ယူရေးရှားဒေသသည် ကသောင်းကနင်း အခြေအနေတစ်ရပ်တွင်ရောက်ရှိနေသည်။ ရုရှား-ယူက ရိန်း ပဋိပက္ခ၊ အစ္စရေး၏ ဂါဇာစစ်ဆင်ရေးနှင့် အစ္စရေး-အီရန်ပဋိပက္ခတို့သည် ဒေသ၏ ပထဝီနိုင်ငံရေး အခြေအနေကို ပုံဖော်နေသည်။ စစ်ပွဲများသည် ရုပ်ပိုင်းဆိုင်ရာအရ အပျက်အစီးများဖြစ်စေသကဲ့သို့ နိုင်ငံ တကာ ဆက်ဆံရေးအပေါ်တွင်လည်း သက်ရောက်မှုများစွာ ဖြစ်စေသည်။

ယူရေးရှားဒေသကို ကျော်ပြီးကြည့်မည်ဆိုပါက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မူဝါဒ များ သည် အနောက်ကမ္ဘာခြမ်းတွင်ရှိပြီးသားအထိုင်ကို ကစဉ့်ကလျားဖြစ်စေပြီး ပြင်းထန်သည့်ထိုးနှက်ချက် တစ်ရပ် ဖြစ်စေခဲ့သည်။ (၂၀)ရာစု၏ အင်အားကြီးများဖြစ်ကြသည့် အမေရိကန်နှင့် အနောက်ဥရောပ တို့ သည် နေဝင်ချိန်သို့မရောက်သေးစေကာမူ မွန်းလွဲပိုင်းသို့ရောက်ရှိလာနေပြီဖြစ်သည်။ တစ်ချိန်တည်းမှာ ပင် စီးပွားရေးအရရော၊ နည်းပညာအရပါ စူပါပါဝါ အဖြစ်ပေါ်ထွက်လာနေသည့်တရုတ်နိုင်ငံကို မြင်တွေ့ လာနေရသည်။ အခြားသော အရေးကြီးသည့်မိတ်ဖက်နိုင်ငံအနည်းစုနှင့် အတူယှဉ်တွဲပြီးပါရှိလာသည့် အဆိုပါ ဖြစ်ထွန်းမှုသည် ကမ္ဘာ့အထိုင်သစ်တစ်ရပ် ပေါ်ထွက်လာရေးဆီ ဦးတည်ရွေ့လျားလာနေသည်။

အဆိုပါအခြေအနေသည် အိန္ဒိယနိုင်ငံ အတွက် ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။ အိန္ဒိယ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့အထိုင်ဟောင်းအပေါ်တွင် အခြေခံထားသည့် ဆန်းသစ်တီထွင်မှုများ နှင့် အင်စတီကျူးရှင်းများဖြစ်နေသည်။ အသစ်ပေါ်ထွန်းလာသည့်အထိုင်သည် ၎င်း၏ ပထဝီမဟာဗျူဟာ မြောက် ဦးစားပေးမှုများနှင့်ပတ်သက်၍ နည်းလမ်းသစ်များစဉ်းစားရန် တောင်းဆိုနေသည်။ တရုတ်နိုင်ငံ တွင် ယဉ်ကျေးမှုတော်လှန်ရေးပေါ်ပေါက်စဉ်ကာလအတွင်းက ဥက္ကဋ္ဌကြီး မော်စီတုန်းသည် အိုက်ဒီရော် လော်ဂျီဟောင်း၊ ယဉ်ကျေးမှုဟောင်း၊ အလေ့အကျင့် ဟောင်းနှင့် ဓလေ့ထုံးတမ်းဟောင်းဆိုသည့် အ ဟောင်းလေးမျိုးစွန့်လွှတ်ရေးကို တောင်းဆိုခဲ့သည်။ အဆိုပါတောင်းဆိုချက်သည် အခြားနိုင်ငံများ အတွက် မှားယွင်းကောင်းမှားယွင်းနိုင်သည်။ သို့သော် အိန္ဒိယ နိုင်ငံအနေဖြင့် ရာစုနှစ်ဟောင်း၏ ခံယူချက်များကနေ ရုန်းထွက်ရန်လိုအပ်နေပြီဖြစ်သည်။

အိန္ဒိယနိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကာလအတွင်း ဥရောပနှင့် ခိုင်မာသည့်မိတ်ဖက် ဖြစ်မှုတည်ဆောက်ထားသည်။ အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် မကြာသေးမီနှစ်များအတွင်းက ဆော်ဒီအာ ရေးဗျ၊ ယူအေအီးကဲ့သို့သော အရှေ့အလယ်ပိုင်း အင်အားကြီးနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများ တိုးမြှင့် ဆောင်ရွက်ခဲ့သည်။ အဆိုပါထိတွေ့ဆက်ဆံမှုသည် အိန္ဒိယ-အရှေ့ အလယ်ပိုင်း-ဥရောပ စီးပွားရေးစင်္ကြံ လမ်း (IMEC) အစီအစဉ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ IMEC သည် ပင်လယ်ကွေ့ ဒေသနှင့် ဥရောပကို တောင်အာရှဒေသနှင့် ဆက်စပ်ပေးသည့်အစီအစဉ် ဖြစ်သည်။ အဆိုပါ အစီအစဉ်ကို အိန္ဒိယ နိုင်ငံ နယူးဒေသလီမြို့တွင်ကျင်းပသည့် G20 ထိပ်သီးအစည်းအဝေး၏ ဘေးပန်းအဖြစ် တွေ့ဆုံခဲ့သည့် (၂၀၂၃)ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ IMEC သည် သုတေသန အဖွဲ့ အစည်းနှင့် မဟဗျူဟာလေ့လာသူများအတွက် အတွေးနယ်ချဲ့စရာတစ်ခု ဖြစ်လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ ယူရေးရှားဒေသတွင် ပထဝီနိုင်ငံရေးမြင်ကွင်းအရ အိန္ဒိယနိုင်ငံအနေဖြင့် IMEC ကို ဂရုတစိုက်ကိုင်တွယ်ရန် လိုအပ်လာသည်။ အကျိုးကျေးဇူးများနိုင်သည့် စီမံချက်တစ်ရပ်ဖြစ်သော် လည်း ယူရေးရှားဒေသတွင် မတည်ငြိမ်မှုများဖြစ်ပေါ် နေရာ ကြီးမားသည့်စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံ တွေ့နေရသည်။ တည်ငြိမ်မှုရှိပါက ဒေသ၏ ရည်မှန်းချက်များ အောင်မြင်နိုင်သော်လည်း IMEC ၏ အနာဂတ်မှာမူ မသေချာမရေရာ ဖြစ်နေသည်။ IMEC အစီအစဉ်တွင် အားနည်းချက်များစွာ ရှိနေသည်။ လေ့လာသူအများစု၏တွေးဆချက်အရ ယင်းအစီအစဉ်သည် တရုတ်နိုင်ငံ၏ Belt and Road Initiavtive (BRI) ကို ယှဉ်ပြိုင်ရန် နည်းလမ်းရှာခြင်းဖြစ်သည်ဟုဆိုသည်။ ပထဝီစီးပွားရေးနှင့် ပထဝီမဟာဗျူဟာ ရောထွေးခြင်းသည် အိန္ဒိယ နိုင်ငံ ၌ အစဉ်အလာဟောင်းများထဲမှတစ်ခုဖြစ်ပြီး ကျော် လွှားရန်ခက်ခဲပါ သည်။ ပင်လယ်ကွေ့ အဖွဲ့ဝင်နိုင်ငံများ အားလုံးနီးပါးသည် တရုတ်နိုင်ငံ၏ BRI တွင် မိတ်ဖက်များ ဖြစ်နေ ကြသည်။ တစ်ချိန်တည်းမှာပင် အီးယူအဖွဲ့ဝင် (၂၇)နိုင်ငံတွင်လည်း (၁၇)နိုင်ငံမှာ တရုတ်နိုင်ငံနှင့် နီးကပ် သည့်ကုန်သွယ်ရေး ဆက်စပ် မှုများရှိကြသည်။ အဆိုပါအချက်များကို မဖြစ်မနေ သတိပြုရမည်ဖြစ် သည်။ အီတလီနိုင်ငံတစ်နိုင်ငံတည်းသာလျှင် BRI မှနုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး ကျန်နိုင်ငံများသည် တရုတ်နိုင်ငံ၏ BRI အစီအစဉ်အတိုင်း ဆက်လက်လိုက်ပါနေဆဲဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ပင်လယ်ကွေ့ရှိ ဆိပ်ကမ်းများမှတစ်ဆင့် ဥရောပနှင့်ကုန်သွယ်ရေး ပြုလုပ်ခဲ့ သည့်အချိန်မှာ ထောင်စုနှစ်နှင့်ချီ၍ကြာခဲ့ပြီဟု ပညာရှင်အချို့က အလွန်အကျွံ တင်စားပြောဆိုခဲ့ကြ သည်များလည်းရှိသည်။ အိန္ဒိယနိုင်ငံသည် ဥရောပသို့ စပိုက်ဆီ(အစပ်)နှင့် ချည်ထည်တို့ကိုရောင်းချခဲ့ပြီး အပြန်အလှန်အားဖြင့် ရွှေများပြန်လည်ဝယ်ယူခဲ့သည် မှာ မှန်ကန်သည့်အချက်အလက်ဖြစ်သည်။ အိန္ဒိယ နိုင်ငံသည် ၎င်းတို့၏ဘုရင့်နိုင်ငံမှ ရွှေများအားလုံးကို ရယူနေပြီဟု ရောမရှိပညာရှင်များက ၎င်းတို့၏ အင်ပါယာ ဘုရင်အား မချိတင်ကဲပြောဆို တိုင်တန်း ခဲ့ကြသည်။ သို့သော် ယနေ့အရှိတရားနှင့်မူ ကွဲပြား နေသည်။ အိုမန်နိုင်ငံ၏ဆိပ်ကမ်းများသည် ရှေးခေတ် လမ်းကြောင်း၏ အရေးကြီး အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သော်လည်း IMEC အတွက်မူ ယင်းသို့မဟုတ်တော့ပါ။

ကုန်စည်စီးဆင်းမှုဆိုင်ရာ အိပ်မက်ဆိုးများ ရှိနေသည်။ IMEC အစီအစဉ်တွင် အိန္ဒိယနိုင်ငံမှ ကုန်စည်များသည် ပင်လယ်လမ်းကြောင်းမှတစ်ဆင့် Jebel Ali (ဒူဘိုင်း) ကဲ့သို့သော အရှေ့အလယ်ပိုင်း ဆိပ်ကမ်းသို့ရောက်ရှိပါလိမ့်မည်။ ထိုမှတစ်ဆင့် ကုန်စည်များကို အစ္စရေးနိုင်ငံရှိ Haifa သို့ ကုန်းလမ်းမှ တစ်ဆင့် ပို့ဆောင်နိုင်မည်ဖြစ်သည်။ Haifa မှ ကျော်လွန်သွားသော် အီတလီနိုင်ငံရှိ Trieste နှင့် ပြင်သစ် နိုင်ငံရှိ Marseille ကဲ့သို့သော ဥရောပဆိပ်ကမ်းများသို့ ပင်လယ်လမ်းကြောင်းမှတစ်ဆင့် ဆက်လက် သယ်ဆောင်ရမည့်ခရီးတစ်ခုဖြစ်သည်။ စူးအက်တူးမြောင်း ကိုဖြတ်သန်းသွားခြင်းသည် ပို့ကုန်များ အတွက် အချိန်ကုန်၊ ငွေကုန်သက်သာစေသည်ဟု ပညာရှင်အချို့ကလည်း ထောက်ပြကြသည်။ ယင်းမှာ အငြင်းပွားစရာဖြစ်နေသည်။ သင်္ဘော (၇၅) စင်းသည် သာမန်အချိန်တွင် စူးအက်တူးမြောင်းကို နေ့စဉ် ဖြတ်သန်းသွားကြသည်။ သင်္ဘောတစ်စင်းတွင် အနည်းဆုံးတန်ချိန် (၁၀ဝဝဝ၀) တန် တင်ဆောင်ကြ သည်။ အကယ်၍ စူးအက်တူးမြောင်းကို ဖြတ်သန်းသွားရန်လိုအပ်ပါက ယူအေအီး၊ ဆော်ဒီ၊ အီဂျစ်၊ ဂျော်ဒန်နှင့် အစ္စရေးနိုင်ငံတို့ကို ဖြတ်သန်းပြီး ရထား လမ်းအခြေခံအဆောက်အအုံများ လိုအပ်မည်ဖြစ် သည်။ ခရီးဝေးသွားရမည့် ကုန်တင်ရထားသည် ကုန် စည်တန်ချိန် (၅၅၀ဝ)တင်ဆောင်နိုင်သည်။ ယင်း မှာ အရှေ့အလယ်ပိုင်းသို့ ခုတ်မောင်းမည့် သင်္ဘောတိုင်း အတွက်လည်း ဆိုလိုခြင်းဖြစ်သည်။ အစ္စရေးသို့ ခုတ်မောင်းသယ်ဆောင်နိုင်ရန် ရထား(၁၈ ဒသမ ၅) စင်း အနည်းဆုံးလိုအပ်သည်။ လိုအပ်သောရထား အစင်းအရေအတွက်ကို အလွယ်တကူပင် တွက်ချက်နိုင်သည်။ သင်္ဘောများသည်ပင် စူးအက်တူးမြောင်း ကို ဖြတ်သန်းခုတ်မောင်းပါက အချိန်ကုန်သက်သာခြင်း မရှိပါ။ သို့ဖြစ်ရာ အီဂျစ်၊ ဂျော်ဒန်ကဲ့သို့သော ကုန်းလမ်းကြောင်းပေါ်တွင်ရှိနေသည့်နိုင်ငံများသည်ပင် IMEC ၏ အစိတ်အပိုင်း ဖြစ်မလာသေးသည်ကို တွေ့နိုင်သည်။

ယင်းသို့သော အိပ်မက်ဆိုးများကြားတွင် အီးယူနှင့်အိန္ဒိယနိုင်ငံတို့ ရှာဖွေနိုင်သည့် အမေရိကန် ဒေါ်လာ (၁၈)ထရီလျံတန် စီးပွားရေးအခွင့်အလမ်းများရှိနေသည်။ သို့သော် သိထားရမည့်အချက်မှာ အီးယူ၏ပြည်တွင်းအသားတင်ထုတ်လုပ်မှုမှာ (၁) ရာခိုင်နှုန်းခန့်သာ တိုးတက်မှုရှိသည်။ တရုတ်နိုင်ငံ သည် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရှယ်ယာ (၅၅) ရာခိုင်နှုန်းကျော်ဖြင့် အီးယူဈေးကွက်တွင် ကြီးကြီး မားမားနေရာယူထားသည်။ ထို့ပြင် အခြားကဏ္ဍများတွင်လည်း သိသိသာသာတိုးတက်လာနေသည်။ ယင်းမှာ အိန္ဒိယနိုင်ငံအတွက် ထိုးဖောက်ဝင်ရောက်ရန် နယ်ပယ်ကျဉ်းကျဉ်းသာ ကျန်နေခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် အဆိုပါစီမံချက်မျိုး သမိုင်းတွင် လည်း ရှိခဲ့ဖူးသည်။ IMEC အစီအစဉ်ထဲသို့ မဝင်ရောက် မီ (၂၀ဝဝ) ပြည့်နှစ်ကာလကတည်းက Atal Bihari Vajpayee အစိုးရသည် North-South Corridor စီမံချက်ကို မီဒီယာအင်အားအသုံးပြု၍ ကြေညာခဲ့သည်။ အဆိုပါ စီမံချက်ကို အိန္ဒိယ၊ ရုရှား နှင့် အီရန်တို့ က နောက်ဆယ်စုနှစ် နှစ်စုအကြာ (၂၀၂၃)ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ စီမံချက်သည် အိန္ဒိယနိုင်ငံအတွက် စာရွက်ပေါ်မှာပင်ရှိနေဆဲဖြစ်သည်။ တရုတ်နိုင်ငံမှာမူ ခြေမြန် လက်မြန်ပင် ဝင် ရောက်လာခဲ့ပြီး အခြားနိုင်ငံနှစ်နိုင်ငံတို့နှင့်အတူ ခိုင်မာသည့်ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့သည်။

အလားတူ (၁၉၉၀)ပြည့်နှစ်တွင် ချမှတ်ခဲ့သည့် အရှေ့မျှော်မူဝါဒအကြောင်း ဆွေးနွေးခဲ့ကြပြီး ဟိန်းဟောက်နေသည်ဆိုသည့် အာရှကျားများနှင့် ခိုင်မာသည့်ဆက်ဆံရေးတစ်ရပ် တည်ဆောက်ရန် ကြိုးစားနေဆဲဖြစ်သည်။ ဝန်ကြီးချုပ်မိုဒီလက်ထက်တွင် Act East Policy ဖြစ်လာခဲ့ပြန်သည်။ အရှေ့ ဒေသနှင့် ထိတွေ့ဆက်ဆံမှုသည် (၂၀၁၀)ပြည့်နှစ်တွင် လွတ်လပ်သော ကုန်သွယ်ရေးမိတ်ဖက် ဖြစ်လာခဲ့ သည်။ (၂၀၂၂)ခုနှစ်တွင် ဘက်ပေါင်းစုံမဟာဗျူဟာ မြောက် မိတ်ဖက်ဖြစ်လာခဲ့သော်လည်း မျှော်လင့် သလို ဖြစ်မလာခဲ့ပါ။ အိန္ဒိယနိုင်ငံ၏ အာဆီယံနှင့်ကုန်သွယ် ရေးမှာ အမေရိကန်ဒေါ်လာ (၁၂၀) ဘီလျံ သာရှိနေချိန် တွင် တရုတ်နိုင်ငံ၏ အာဆီယံနှင့်ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ (၁)ထရီလျံ ရောက် ရှိလာပြီး လျင်လျင်မြန်မြန် တိုးတက်နေသည်။

IMEC အပြင် အရှေ့နှင့်ဗဟိုဥရောပ၊ ရုရှားနှင့် အာဆီယံနိုင်ငံများသည်လည်း အိန္ဒိယ၏ ပထဝီ မဟာဗျူဟာမြောက်ဦးတည်ချက်များ အောင်မြင်ရေးအတွက် အရေးကြီးဒေသများဖြစ်သည်။ အိန္ဒိယ နိုင်ငံအနေဖြင့် စစ်အေးခေတ်တွက်ချက်မှုများ၊ (၁၈)ရာစုကုန်၊ (၁၉)ရာစုအလယ်ခေတ်က ဥရောပကို အခြေပြုသည့်အတွေးအခေါ်များကို ကျော်လွန်ပြီး အန္တိမရည်မှန်းချက်များ အကောင်အထည်ဖော်နိုင် ရေးအတွက် ဘက်ပေါင်းစုံချဉ်းကပ်ပြီး ၎င်း၏ကမ္ဘာလုံးဆိုင်ရာ ထိတွေ့ဆက်ဆံမှုကို ပြန်လည်ဖမ်းဆုပ်ရ မည့်အချိန်ရောက်ပြီဟုဆိုချင်သည်။

zawgyi version
အိႏၵိယႏွင့္ ကမာၻ႔အထိုင္သစ္
သန္းထိုက္စိုး (NP News) - ဇူလိုင္ ၉

ယူေရးရွားေဒသသည္ ကေသာင္းကနင္း အေျခအေနတစ္ရပ္တြင္ေရာက္ရွိေနသည္။ ႐ုရွား-ယူက ရိန္း ပဋိပကၡ၊ အစၥေရး၏ ဂါဇာစစ္ဆင္ေရးႏွင့္ အစၥေရး-အီရန္ပဋိပကၡတို႔သည္ ေဒသ၏ ပထဝီႏိုင္ငံေရး အေျခအေနကို ပုံေဖာ္ေနသည္။ စစ္ပြဲမ်ားသည္ ႐ုပ္ပိုင္းဆိုင္ရာအရ အပ်က္အစီးမ်ားျဖစ္ေစသကဲ့သို႔ ႏိုင္ငံ တကာ ဆက္ဆံေရးအေပၚတြင္လည္း သက္ေရာက္မႈမ်ားစြာ ျဖစ္ေစသည္။

ယူေရးရွားေဒသကို ေက်ာ္ၿပီးၾကည့္မည္ဆိုပါက အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏ မူဝါဒ မ်ား သည္ အေနာက္ကမာၻျခမ္းတြင္ရွိၿပီးသားအထိုင္ကို ကစဥ့္ကလ်ားျဖစ္ေစၿပီး ျပင္းထန္သည့္ထိုးႏွက္ခ်က္ တစ္ရပ္ ျဖစ္ေစခဲ့သည္။ (၂၀)ရာစု၏ အင္အားႀကီးမ်ားျဖစ္ၾကသည့္ အေမရိကန္ႏွင့္ အေနာက္ဥေရာပ တို႔ သည္ ေနဝင္ခ်ိန္သို႔မေရာက္ေသးေစကာမူ မြန္းလြဲပိုင္းသို႔ေရာက္ရွိလာေနၿပီျဖစ္သည္။ တစ္ခ်ိန္တည္းမွာ ပင္ စီးပြားေရးအရေရာ၊ နည္းပညာအရပါ စူပါပါဝါ အျဖစ္ေပၚထြက္လာေနသည့္တ႐ုတ္ႏိုင္ငံကို ျမင္ေတြ႕ လာေနရသည္။ အျခားေသာ အေရးႀကီးသည့္မိတ္ဖက္ႏိုင္ငံအနည္းစုႏွင့္ အတူယွဥ္တြဲၿပီးပါရွိလာသည့္ အဆိုပါ ျဖစ္ထြန္းမႈသည္ ကမာၻ႔အထိုင္သစ္တစ္ရပ္ ေပၚထြက္လာေရးဆီ ဦးတည္ေ႐ြ႕လ်ားလာေနသည္။

အဆိုပါအေျခအေနသည္ အိႏၵိယႏိုင္ငံ အတြက္ ႀကီးမားသည့္စိန္ေခၚမႈတစ္ရပ္ ျဖစ္သည္။ အိႏၵိယ ႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္မႈသည္ ကမာၻ႔အထိုင္ေဟာင္းအေပၚတြင္ အေျခခံထားသည့္ ဆန္းသစ္တီထြင္မႈမ်ား ႏွင့္ အင္စတီက်ဴးရွင္းမ်ားျဖစ္ေနသည္။ အသစ္ေပၚထြန္းလာသည့္အထိုင္သည္ ၎၏ ပထဝီမဟာဗ်ဴဟာ ေျမာက္ ဦးစားေပးမႈမ်ားႏွင့္ပတ္သက္၍ နည္းလမ္းသစ္မ်ားစဥ္းစားရန္ ေတာင္းဆိုေနသည္။ တ႐ုတ္ႏိုင္ငံ တြင္ ယဥ္ေက်းမႈေတာ္လွန္ေရးေပၚေပါက္စဥ္ကာလအတြင္းက ဥကၠ႒ႀကီး ေမာ္စီတုန္းသည္ အိုက္ဒီေရာ္ ေလာ္ဂ်ီေဟာင္း၊ ယဥ္ေက်းမႈေဟာင္း၊ အေလ့အက်င့္ ေဟာင္းႏွင့္ ဓေလ့ထုံးတမ္းေဟာင္းဆိုသည့္ အ ေဟာင္းေလးမ်ိဳးစြန႔္လႊတ္ေရးကို ေတာင္းဆိုခဲ့သည္။ အဆိုပါေတာင္းဆိုခ်က္သည္ အျခားႏိုင္ငံမ်ား အတြက္ မွားယြင္းေကာင္းမွားယြင္းႏိုင္သည္။ သို႔ေသာ္ အိႏၵိယ ႏိုင္ငံအေနျဖင့္ ရာစုႏွစ္ေဟာင္း၏ ခံယူခ်က္မ်ားကေန ႐ုန္းထြက္ရန္လိုအပ္ေနၿပီျဖစ္သည္။

အိႏၵိယႏိုင္ငံသည္ လြန္ခဲ့သည့္ ဆယ္စုႏွစ္ေက်ာ္ကာလအတြင္း ဥေရာပႏွင့္ ခိုင္မာသည့္မိတ္ဖက္ ျဖစ္မႈတည္ေဆာက္ထားသည္။ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီသည္ မၾကာေသးမီႏွစ္မ်ားအတြင္းက ေဆာ္ဒီအာ ေရးဗ်၊ ယူေအအီးကဲ့သို႔ေသာ အေရွ႕အလယ္ပိုင္း အင္အားႀကီးႏိုင္ငံမ်ားႏွင့္ ထိေတြ႕ဆက္ဆံမႈမ်ား တိုးျမႇင့္ ေဆာင္႐ြက္ခဲ့သည္။ အဆိုပါထိေတြ႕ဆက္ဆံမႈသည္ အိႏၵိယ-အေရွ႕ အလယ္ပိုင္း-ဥေရာပ စီးပြားေရးစႀကႍ လမ္း (IMEC) အစီအစဥ္အျဖစ္ ေပၚထြက္လာခဲ့ျခင္းျဖစ္သည္။ IMEC သည္ ပင္လယ္ေကြ႕ ေဒသႏွင့္ ဥေရာပကို ေတာင္အာရွေဒသႏွင့္ ဆက္စပ္ေပးသည့္အစီအစဥ္ ျဖစ္သည္။ အဆိုပါ အစီအစဥ္ကို အိႏၵိယ ႏိုင္ငံ နယူးေဒသလီၿမိဳ႕တြင္က်င္းပသည့္ G20 ထိပ္သီးအစည္းအေဝး၏ ေဘးပန္းအျဖစ္ ေတြ႕ဆုံခဲ့သည့္ (၂၀၂၃)ခုႏွစ္ စက္တင္ဘာလတြင္ လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္သည္။ IMEC သည္ သုေတသန အဖြဲ႕ အစည္းႏွင့္ မဟဗ်ဴဟာေလ့လာသူမ်ားအတြက္ အေတြးနယ္ခ်ဲ႕စရာတစ္ခု ျဖစ္လာခဲ့သည္။

မည္သို႔ပင္ျဖစ္ေစ ယူေရးရွားေဒသတြင္ ပထဝီႏိုင္ငံေရးျမင္ကြင္းအရ အိႏၵိယႏိုင္ငံအေနျဖင့္ IMEC ကို ဂ႐ုတစိုက္ကိုင္တြယ္ရန္ လိုအပ္လာသည္။ အက်ိဳးေက်းဇူးမ်ားႏိုင္သည့္ စီမံခ်က္တစ္ရပ္ျဖစ္ေသာ္ လည္း ယူေရးရွားေဒသတြင္ မတည္ၿငိမ္မႈမ်ားျဖစ္ေပၚ ေနရာ ႀကီးမားသည့္စိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ႀကဳံ ေတြ႕ေနရသည္။ တည္ၿငိမ္မႈရွိပါက ေဒသ၏ ရည္မွန္းခ်က္မ်ား ေအာင္ျမင္ႏိုင္ေသာ္လည္း IMEC ၏ အနာဂတ္မွာမူ မေသခ်ာမေရရာ ျဖစ္ေနသည္။ IMEC အစီအစဥ္တြင္ အားနည္းခ်က္မ်ားစြာ ရွိေနသည္။ ေလ့လာသူအမ်ားစု၏ေတြးဆခ်က္အရ ယင္းအစီအစဥ္သည္ တ႐ုတ္ႏိုင္ငံ၏ Belt and Road Initiavtive (BRI) ကို ယွဥ္ၿပိဳင္ရန္ နည္းလမ္းရွာျခင္းျဖစ္သည္ဟုဆိုသည္။ ပထဝီစီးပြားေရးႏွင့္ ပထဝီမဟာဗ်ဴဟာ ေရာေထြးျခင္းသည္ အိႏၵိယ ႏိုင္ငံ ၌ အစဥ္အလာေဟာင္းမ်ားထဲမွတစ္ခုျဖစ္ၿပီး ေက်ာ္ လႊားရန္ခက္ခဲပါ သည္။ ပင္လယ္ေကြ႕ အဖြဲ႕ဝင္ႏိုင္ငံမ်ား အားလုံးနီးပါးသည္ တ႐ုတ္ႏိုင္ငံ၏ BRI တြင္ မိတ္ဖက္မ်ား ျဖစ္ေန ၾကသည္။ တစ္ခ်ိန္တည္းမွာပင္ အီးယူအဖြဲ႕ဝင္ (၂၇)ႏိုင္ငံတြင္လည္း (၁၇)ႏိုင္ငံမွာ တ႐ုတ္ႏိုင္ငံႏွင့္ နီးကပ္ သည့္ကုန္သြယ္ေရး ဆက္စပ္ မႈမ်ားရွိၾကသည္။ အဆိုပါအခ်က္မ်ားကို မျဖစ္မေန သတိျပဳရမည္ျဖစ္ သည္။ အီတလီႏိုင္ငံတစ္ႏိုင္ငံတည္းသာလွ်င္ BRI မွႏုတ္ထြက္ခဲ့ျခင္းျဖစ္ၿပီး က်န္ႏိုင္ငံမ်ားသည္ တ႐ုတ္ႏိုင္ငံ၏ BRI အစီအစဥ္အတိုင္း ဆက္လက္လိုက္ပါေနဆဲျဖစ္သည္။

အိႏၵိယႏိုင္ငံသည္ ပင္လယ္ေကြ႕ရွိ ဆိပ္ကမ္းမ်ားမွတစ္ဆင့္ ဥေရာပႏွင့္ကုန္သြယ္ေရး ျပဳလုပ္ခဲ့ သည့္အခ်ိန္မွာ ေထာင္စုႏွစ္ႏွင့္ခ်ီ၍ၾကာခဲ့ၿပီဟု ပညာရွင္အခ်ိဳ႕က အလြန္အကြၽံ တင္စားေျပာဆိုခဲ့ၾက သည္မ်ားလည္းရွိသည္။ အိႏၵိယႏိုင္ငံသည္ ဥေရာပသို႔ စပိုက္ဆီ(အစပ္)ႏွင့္ ခ်ည္ထည္တို႔ကိုေရာင္းခ်ခဲ့ၿပီး အျပန္အလွန္အားျဖင့္ ေ႐ႊမ်ားျပန္လည္ဝယ္ယူခဲ့သည္ မွာ မွန္ကန္သည့္အခ်က္အလက္ျဖစ္သည္။ အိႏၵိယ ႏိုင္ငံသည္ ၎တို႔၏ဘုရင့္ႏိုင္ငံမွ ေ႐ႊမ်ားအားလုံးကို ရယူေနၿပီဟု ေရာမရွိပညာရွင္မ်ားက ၎တို႔၏ အင္ပါယာ ဘုရင္အား မခ်ိတင္ကဲေျပာဆို တိုင္တန္း ခဲ့ၾကသည္။ သို႔ေသာ္ ယေန႔အရွိတရားႏွင့္မူ ကြဲျပား ေနသည္။ အိုမန္ႏိုင္ငံ၏ဆိပ္ကမ္းမ်ားသည္ ေရွးေခတ္ လမ္းေၾကာင္း၏ အေရးႀကီး အစိတ္အပိုင္းတစ္ခု ျဖစ္ခဲ့ေသာ္လည္း IMEC အတြက္မူ ယင္းသို႔မဟုတ္ေတာ့ပါ။

ကုန္စည္စီးဆင္းမႈဆိုင္ရာ အိပ္မက္ဆိုးမ်ား ရွိေနသည္။ IMEC အစီအစဥ္တြင္ အိႏၵိယႏိုင္ငံမွ ကုန္စည္မ်ားသည္ ပင္လယ္လမ္းေၾကာင္းမွတစ္ဆင့္ Jebel Ali (ဒူဘိုင္း) ကဲ့သို႔ေသာ အေရွ႕အလယ္ပိုင္း ဆိပ္ကမ္းသို႔ေရာက္ရွိပါလိမ့္မည္။ ထိုမွတစ္ဆင့္ ကုန္စည္မ်ားကို အစၥေရးႏိုင္ငံရွိ Haifa သို႔ ကုန္းလမ္းမွ တစ္ဆင့္ ပို႔ေဆာင္ႏိုင္မည္ျဖစ္သည္။ Haifa မွ ေက်ာ္လြန္သြားေသာ္ အီတလီႏိုင္ငံရွိ Trieste ႏွင့္ ျပင္သစ္ ႏိုင္ငံရွိ Marseille ကဲ့သို႔ေသာ ဥေရာပဆိပ္ကမ္းမ်ားသို႔ ပင္လယ္လမ္းေၾကာင္းမွတစ္ဆင့္ ဆက္လက္ သယ္ေဆာင္ရမည့္ခရီးတစ္ခုျဖစ္သည္။ စူးအက္တူးေျမာင္း ကိုျဖတ္သန္းသြားျခင္းသည္ ပို႔ကုန္မ်ား အတြက္ အခ်ိန္ကုန္၊ ေငြကုန္သက္သာေစသည္ဟု ပညာရွင္အခ်ိဳ႕ကလည္း ေထာက္ျပၾကသည္။ ယင္းမွာ အျငင္းပြားစရာျဖစ္ေနသည္။ သေဘၤာ (၇၅) စင္းသည္ သာမန္အခ်ိန္တြင္ စူးအက္တူးေျမာင္းကို ေန႔စဥ္ ျဖတ္သန္းသြားၾကသည္။ သေဘၤာတစ္စင္းတြင္ အနည္းဆုံးတန္ခ်ိန္ (၁၀ဝဝဝ၀) တန္ တင္ေဆာင္ၾက သည္။ အကယ္၍ စူးအက္တူးေျမာင္းကို ျဖတ္သန္းသြားရန္လိုအပ္ပါက ယူေအအီး၊ ေဆာ္ဒီ၊ အီဂ်စ္၊ ေဂ်ာ္ဒန္ႏွင့္ အစၥေရးႏိုင္ငံတို႔ကို ျဖတ္သန္းၿပီး ရထား လမ္းအေျခခံအေဆာက္အအုံမ်ား လိုအပ္မည္ျဖစ္ သည္။ ခရီးေဝးသြားရမည့္ ကုန္တင္ရထားသည္ ကုန္ စည္တန္ခ်ိန္ (၅၅၀ဝ)တင္ေဆာင္ႏိုင္သည္။ ယင္း မွာ အေရွ႕အလယ္ပိုင္းသို႔ ခုတ္ေမာင္းမည့္ သေဘၤာတိုင္း အတြက္လည္း ဆိုလိုျခင္းျဖစ္သည္။ အစၥေရးသို႔ ခုတ္ေမာင္းသယ္ေဆာင္ႏိုင္ရန္ ရထား(၁၈ ဒသမ ၅) စင္း အနည္းဆုံးလိုအပ္သည္။ လိုအပ္ေသာရထား အစင္းအေရအတြက္ကို အလြယ္တကူပင္ တြက္ခ်က္ႏိုင္သည္။ သေဘၤာမ်ားသည္ပင္ စူးအက္တူးေျမာင္း ကို ျဖတ္သန္းခုတ္ေမာင္းပါက အခ်ိန္ကုန္သက္သာျခင္း မရွိပါ။ သို႔ျဖစ္ရာ အီဂ်စ္၊ ေဂ်ာ္ဒန္ကဲ့သို႔ေသာ ကုန္းလမ္းေၾကာင္းေပၚတြင္ရွိေနသည့္ႏိုင္ငံမ်ားသည္ပင္ IMEC ၏ အစိတ္အပိုင္း ျဖစ္မလာေသးသည္ကို ေတြ႕ႏိုင္သည္။

ယင္းသို႔ေသာ အိပ္မက္ဆိုးမ်ားၾကားတြင္ အီးယူႏွင့္အိႏၵိယႏိုင္ငံတို႔ ရွာေဖြႏိုင္သည့္ အေမရိကန္ ေဒၚလာ (၁၈)ထရီလ်ံတန္ စီးပြားေရးအခြင့္အလမ္းမ်ားရွိေနသည္။ သို႔ေသာ္ သိထားရမည့္အခ်က္မွာ အီးယူ၏ျပည္တြင္းအသားတင္ထုတ္လုပ္မႈမွာ (၁) ရာခိုင္ႏႈန္းခန႔္သာ တိုးတက္မႈရွိသည္။ တ႐ုတ္ႏိုင္ငံ သည္ ကုန္ထုတ္လုပ္မႈက႑တြင္ ရွယ္ယာ (၅၅) ရာခိုင္ႏႈန္းေက်ာ္ျဖင့္ အီးယူေဈးကြက္တြင္ ႀကီးႀကီး မားမားေနရာယူထားသည္။ ထို႔ျပင္ အျခားက႑မ်ားတြင္လည္း သိသိသာသာတိုးတက္လာေနသည္။ ယင္းမွာ အိႏၵိယႏိုင္ငံအတြက္ ထိုးေဖာက္ဝင္ေရာက္ရန္ နယ္ပယ္က်ဥ္းက်ဥ္းသာ က်န္ေနခဲ့ျခင္းျဖစ္သည္။ အိႏၵိယႏိုင္ငံတြင္ အဆိုပါစီမံခ်က္မ်ိဳး သမိုင္းတြင္ လည္း ရွိခဲ့ဖူးသည္။ IMEC အစီအစဥ္ထဲသို႔ မဝင္ေရာက္ မီ (၂၀ဝဝ) ျပည့္ႏွစ္ကာလကတည္းက Atal Bihari Vajpayee အစိုးရသည္ North-South Corridor စီမံခ်က္ကို မီဒီယာအင္အားအသုံးျပဳ၍ ေၾကညာခဲ့သည္။ အဆိုပါ စီမံခ်က္ကို အိႏၵိယ၊ ႐ုရွား ႏွင့္ အီရန္တို႔ က ေနာက္ဆယ္စုႏွစ္ ႏွစ္စုအၾကာ (၂၀၂၃)ခုႏွစ္တြင္ လက္မွတ္ေရးထိုးခဲ့ၾကသည္။ အဆိုပါ စီမံခ်က္သည္ အိႏၵိယႏိုင္ငံအတြက္ စာ႐ြက္ေပၚမွာပင္ရွိေနဆဲျဖစ္သည္။ တ႐ုတ္ႏိုင္ငံမွာမူ ေျချမန္ လက္ျမန္ပင္ ဝင္ ေရာက္လာခဲ့ၿပီး အျခားႏိုင္ငံႏွစ္ႏိုင္ငံတို႔ႏွင့္အတူ ခိုင္မာသည့္ဆက္ဆံေရးတည္ေဆာက္ႏိုင္ခဲ့သည္။

အလားတူ (၁၉၉၀)ျပည့္ႏွစ္တြင္ ခ်မွတ္ခဲ့သည့္ အေရွ႕ေမွ်ာ္မူဝါဒအေၾကာင္း ေဆြးေႏြးခဲ့ၾကၿပီး ဟိန္းေဟာက္ေနသည္ဆိုသည့္ အာရွက်ားမ်ားႏွင့္ ခိုင္မာသည့္ဆက္ဆံေရးတစ္ရပ္ တည္ေဆာက္ရန္ ႀကိဳးစားေနဆဲျဖစ္သည္။ ဝန္ႀကီးခ်ဳပ္မိုဒီလက္ထက္တြင္ Act East Policy ျဖစ္လာခဲ့ျပန္သည္။ အေရွ႕ ေဒသႏွင့္ ထိေတြ႕ဆက္ဆံမႈသည္ (၂၀၁၀)ျပည့္ႏွစ္တြင္ လြတ္လပ္ေသာ ကုန္သြယ္ေရးမိတ္ဖက္ ျဖစ္လာခဲ့ သည္။ (၂၀၂၂)ခုႏွစ္တြင္ ဘက္ေပါင္းစုံမဟာဗ်ဴဟာ ေျမာက္ မိတ္ဖက္ျဖစ္လာခဲ့ေသာ္လည္း ေမွ်ာ္လင့္ သလို ျဖစ္မလာခဲ့ပါ။ အိႏၵိယႏိုင္ငံ၏ အာဆီယံႏွင့္ကုန္သြယ္ ေရးမွာ အေမရိကန္ေဒၚလာ (၁၂၀) ဘီလ်ံ သာရွိေနခ်ိန္ တြင္ တ႐ုတ္ႏိုင္ငံ၏ အာဆီယံႏွင့္ကုန္သြယ္ေရးမွာ အေမရိကန္ေဒၚလာ (၁)ထရီလ်ံ ေရာက္ ရွိလာၿပီး လ်င္လ်င္ျမန္ျမန္ တိုးတက္ေနသည္။

IMEC အျပင္ အေရွ႕ႏွင့္ဗဟိုဥေရာပ၊ ႐ုရွားႏွင့္ အာဆီယံႏိုင္ငံမ်ားသည္လည္း အိႏၵိယ၏ ပထဝီ မဟာဗ်ဴဟာေျမာက္ဦးတည္ခ်က္မ်ား ေအာင္ျမင္ေရးအတြက္ အေရးႀကီးေဒသမ်ားျဖစ္သည္။ အိႏၵိယ ႏိုင္ငံအေနျဖင့္ စစ္ေအးေခတ္တြက္ခ်က္မႈမ်ား၊ (၁၈)ရာစုကုန္၊ (၁၉)ရာစုအလယ္ေခတ္က ဥေရာပကို အေျချပဳသည့္အေတြးအေခၚမ်ားကို ေက်ာ္လြန္ၿပီး အႏၲိမရည္မွန္းခ်က္မ်ား အေကာင္အထည္ေဖာ္ႏိုင္ ေရးအတြက္ ဘက္ေပါင္းစုံခ်ဥ္းကပ္ၿပီး ၎၏ကမာၻလုံးဆိုင္ရာ ထိေတြ႕ဆက္ဆံမႈကို ျပန္လည္ဖမ္းဆုပ္ရ မည့္အခ်ိန္ေရာက္ၿပီဟုဆိုခ်င္သည္။

Related news

© 2021. All rights reserved.