သံလွင်မြစ်ရေ အရည်အသွေးကို အမြန်ဆုံး တိုင်းတာစစ်ဆေးရန် လိုအပ်နေ

 341

သက်ပိုင် (NP News) - နိုဝင်ဘာ ၉

မြန်မာနိုင်ငံ၏ အထင်ကရမြစ်ကြီး တစ်စင်းဖြစ်သော သံလွင်မြစ်၏ မြစ်ရေအရည်အသွေးကို အမြန်ဆုံး တိုင်းတာစစ်ဆေးရန် လိုအပ်နေပြီဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ် ရှားသူများက NP News သို့ ပြောသည်။
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ် မယ်စရီးရန်းမြို့အနီး ဖြတ်သန်းစီးဆင်းနေသော သံလွင်မြစ်ရေကို ချင်းမိုင်တက္ကသိုလ်၏ ပတ်ဝန်းကျင် သိပ္ပံသုတေသနဌာနကစစ်ဆေးရာ အန္တရာယ်ရှိ အာဆင်းနစ် အဆိပ်သင့်ပမာဏ အမြောက်အမြားကို တွေ့ရှိခဲ့ရသည့်အတွက် ထိုင်းအာဏာပိုင်များက သံလွင်မြစ်ရေ သုံးစွဲခြင်းနှင့် မြစ်ငါးစားသုံးခြင်းကို တားမြစ်လိုက်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြ ထားချက်များအရ သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း သံလွင်မြစ်၏ မြစ်ရေအရည်အသွေးနှင့်ပတ်သက်၍ အမြန်ဆုံး စစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်သင့်ပြီဖြစ် ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များက ထောက်ပြပြောဆိုကြသည်။
‘ဒါက လူထုကျန်းမာရေးကိစ္စတစ်ရပ် ဖြစ်တယ်။ မြန်မာတစ်နိုင်ငံလုံးတင်မကဘူး။ အခြား နိုင်ငံကလူတွေရဲ့ ကျန်းမာရေးနဲ့လည်း သက်ဆိုင်နေတယ်။ နောက်ပြီး စစ်ဆေးတဲ့အခါ တည်နေရာကလည်း အရမ်းအရေးကြီးပါတယ်။ တချို့က ဓာတ်ခွဲ ခန်းမှာ နေ့ချင်းစစ်ရတာမျိုးတွေရှိတော့ ဒါတွေကို လည်း ဂရုစိုက်ဖို့လိုတယ်။ ပြီးတော့မှ လက်ရှိ မြစ်ရေ ထဲမှာ ဘာက ဘယ်လောက်ပမာဏအထိပါနေတယ် ဆိုတာကို ပြည်သူလူထုကို တိတိကျကျ ထုတ်ပြန်ပေး ဖို့လိုတယ်။ မဟုတ်ရင် ဒီမြစ်နဲ့သက်ဆိုင်တဲ့ ပြည်သူ တွေအများကြီးအတွက် အန္တရာယ်ရှိတယ်။ အမြန်ဆုံး လုပ်သင့်တာပေါ့နော်’ ဟု ရေထုညစ်ညမ်းမှု လေ့လာ စောင့်ကြည့်ရေးပညာရှင်တစ်ဦးက ပြောသည်။
သံလွင်မြစ်ဖြတ်သန်းရာ ဒေသများတွင် သတ္တုတူးဖော်ခြင်း၊မြေရှားထုတ်လုပ်ခြင်းနှင့် သစ်တော ပြုန်းတီး ခြင်းများ ဖြစ်ပွားလျက်ရှိနေပြီး ယခု နှစ်ပိုင်းအတွင်းတွင် ပိုမိုလုပ်ဆောင်လာနေကြသည်ကို ကြားသိရသည့်အတွက် သံလွင်မြစ်ရေတွင် အာဆင်းနစ်ပမာဏမြင့်တက်လျက်ရှိသည်ဟူသော ထိုင်းနိုင်ငံ၏ သတိပေးချက်သည် မှန်ကန်နိုင် ကြောင်းနှင့် မြစ်ရေအရည်အသွေးကို ဆောလျင်စွာ စစ်ဆေးသင့်ကြောင်း သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ် ရှားသူတစ်ဦးက ပြောသည်။
‘မြစ်ကြောင်းတစ်လျှောက် ကြည့်လိုက် မယ်ဆိုရင် ရှမ်းပြည်နယ်မှာဆိုရင်လည်း ရွှေတွေတူးကြတယ်။ မြေရှားတွေထုတ်နေကြတယ်။ တောတွေ ပြုန်းနေတယ်။ ကယားမှာဆိုရင်လည်း သတ္တုတွေ တူးနေကြတယ်။ ဒီလိုပဲ အကုန်လုံးက လုပ်နေကြတာ။ မွန်မှာဆိုရင်လည်း သဘာဝတောတွေ မရှိတော့ဘူး။ ဒီလို လုပ်နေကြတဲ့အထဲမှာ ရှမ်းပြည်နယ် ဘက်ကတော့ အဆိုးဆုံးပေါ့ဗျာ။ တောင်တွေ ကိုဖြိုပြီး ရွှေရှာတယ်။ မြေရှားထုတ်တယ်။ ဒီလိုထုတ် တော့ အဲဒီတောင်တွေမှာရှိတဲ့ အာဆင်းနစ်တွေက မိုးရွာရင် မိုးရေနဲ့အတူ မြစ်အောက်ပိုင်းကို ဆင်းမှာပဲ။ ဒီလိုဆင်းလာတာကို စက်နဲ့တိုင်းမှပဲရတာလေ။ မြင်မှ မမြင်ရတာ။ ဒီတော့ ဒီအာဆင်းနစ်တွေတိုင်းဖို့ကို မြန်မြန်လုပ်မှပဲ အဆင်ပြေမှာ’ ဟု ၎င်းက ဆိုသည်။
သံလွင်မြစ်သည် ဧရာဝတီမြစ်ကြီး ပြီးပါက မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးမြစ်ကြီးဖြစ်ကာ တရုတ်ပြည်တွင် စတင်မြစ်ဖျားခံသော်လည်း မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့ကို ဖြတ်သန်းစီးဆင်းနေပြီး မြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီးပွားရေး အတွက် အရေးပါလှသော မြစ်ကြီးတစ်စင်း ဖြစ်သည်။
လက်ရှိတွင် သံလွင်မြစ်ရေကို တိုင်းတာစစ် ဆေးမည်ဆိုပါက ရွှေတူးဖော်မှု၊ သတ္တုတူးဖော်မှုနှင့် မြေရှား တူးဖော်မှုများကြောင့် အာဆင်းနစ်အပြင် ပြဒါး ပါဝင်မှုလည်း မြင့်မားနေနိုင်ကြောင်းနှင့် ထိုသို့ မြင့်မားမှုပမာဏ အနည်း၊ အများအပေါ်မူတည်ကာ မြစ်တွင်းရေနေသတ္တဝါများအပြင် မြစ်ရေကိုသုံးစွဲနေ သူများအားလုံးကိုပါ ပြင်းထန် သော ဆိုးကျိုးများ ဖြစ်ပွားစေနိုင်ကြောင်းကိုလည်း ပညာရှင်များက ထောက် ပြပြောဆိုကြသည်။
အာဆင်းနစ်သည် မြေဆီလွှာ၊ ရေနှင့် အချို့သော အစားအစာများတွင် တွေ့ရသည့် သဘာဝအတိုင်း ဖြစ်ပေါ် နေသော ဒြပ်စင်ဖြစ်ပြီး အာဆင်းနစ်အဆိပ်သင့်ပါက ပြင်းထန်သောနာတာရှည် ရောဂါများနှင့် ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင် ကြောင်းနှင့် အာဆင်းနစ်အဆိပ်သင့်မှုကို လတ်တ လောတွင် ခံစားရမည်မဟုတ်ဘဲ ထိတွေ့မှုကာလကြာ ရှည်လာသည်နှင့်အမျှ အသက်အန္တရာယ် ဖြစ်ပွားစေ နိုင်ကြောင်း သိရသည်။ အာဆင်းနစ်ပမာဏ မြင့်မား စွာပါဝင် နေသော ရေကိုထိတွေ့ခြင်း၊ သောက်သုံးခြင်း အပြင် အဆိုပါရေကို အသုံးပြုကာ စိုက်ပျိုးထားသည့် အသီး အနှံများကို စားသုံးခြင်းဖြင့်လည်း အာဆင်းနစ် အဆိပ်သင့်နိုင်ကြောင်းနှင့် များသောအားဖြင့် ကလေးသူငယ်များတွင် ပိုမိုအဆိပ် သင့်နိုင်ခြေမြင့်မားကြောင်း သိရသည်။

Zawgyi Version;
သံလြင္ျမစ္ေရ အရည္အေသြးကို အျမန္ဆုံး တိုင္းတာစစ္ေဆးရန္ လိုအပ္ေန
သက္ပိုင္ (NP News) - ႏိုဝင္ဘာ ၉
ျမန္မာႏိုင္ငံ၏ အထင္ကရျမစ္ႀကီး တစ္စင္းျဖစ္ေသာ သံလြင္ျမစ္၏ ျမစ္ေရအရည္အေသြးကို အျမန္ဆုံး တိုင္းတာစစ္ေဆးရန္ လိုအပ္ေနၿပီျဖစ္ေၾကာင္း သဘာဝပတ္ဝန္းက်င္အေရး တက္ႂကြလႈပ္ ရွားသူမ်ားက NP News သို႔ ေျပာသည္။
ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ျပည္နယ္ မယ္စရီးရန္းၿမိဳ႕အနီး ျဖတ္သန္းစီးဆင္းေနေသာ သံလြင္ျမစ္ေရကို ခ်င္းမိုင္တကၠသိုလ္၏ ပတ္ဝန္းက်င္ သိပၸံသုေတသနဌာနကစစ္ေဆးရာ အႏၲရာယ္ရွိ အာဆင္းနစ္ အဆိပ္သင့္ပမာဏ အေျမာက္အျမားကို ေတြ႕ရွိခဲ့ရသည့္အတြက္ ထိုင္းအာဏာပိုင္မ်ားက သံလြင္ျမစ္ေရ သုံးစြဲျခင္းႏွင့္ ျမစ္ငါးစားသုံးျခင္းကို တားျမစ္လိုက္ေၾကာင္း ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပ ထားခ်က္မ်ားအရ သိရသည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံတြင္လည္း သံလြင္ျမစ္၏ ျမစ္ေရအရည္အေသြးႏွင့္ပတ္သက္၍ အျမန္ဆုံး စစ္ေဆး ေဆာင္႐ြက္မႈမ်ား ျပဳလုပ္သင့္ၿပီျဖစ္ ေၾကာင္း သဘာဝပတ္ဝန္းက်င္ဆိုင္ရာပညာရွင္မ်ားက ေထာက္ျပေျပာဆိုၾကသည္။
‘ဒါက လူထုက်န္းမာေရးကိစၥတစ္ရပ္ ျဖစ္တယ္။ ျမန္မာတစ္ႏိုင္ငံလုံးတင္မကဘူး။ အျခား ႏိုင္ငံကလူေတြရဲ႕ က်န္းမာေရးနဲ႔လည္း သက္ဆိုင္ေနတယ္။ ေနာက္ၿပီး စစ္ေဆးတဲ့အခါ တည္ေနရာကလည္း အရမ္းအေရးႀကီးပါတယ္။ တခ်ိဳ႕က ဓာတ္ခြဲ ခန္းမွာ ေန႔ခ်င္းစစ္ရတာမ်ိဳးေတြရွိေတာ့ ဒါေတြကို လည္း ဂ႐ုစိုက္ဖို႔လိုတယ္။ ၿပီးေတာ့မွ လက္ရွိ ျမစ္ေရ ထဲမွာ ဘာက ဘယ္ေလာက္ပမာဏအထိပါေနတယ္ ဆိုတာကို ျပည္သူလူထုကို တိတိက်က် ထုတ္ျပန္ေပး ဖို႔လိုတယ္။ မဟုတ္ရင္ ဒီျမစ္နဲ႔သက္ဆိုင္တဲ့ ျပည္သူ ေတြအမ်ားႀကီးအတြက္ အႏၲရာယ္ရွိတယ္။ အျမန္ဆုံး လုပ္သင့္တာေပါ့ေနာ္’ ဟု ေရထုညစ္ညမ္းမႈ ေလ့လာ ေစာင့္ၾကည့္ေရးပညာရွင္တစ္ဦးက ေျပာသည္။
သံလြင္ျမစ္ျဖတ္သန္းရာ ေဒသမ်ားတြင္ သတၱဳတူးေဖာ္ျခင္း၊ေျမရွားထုတ္လုပ္ျခင္းႏွင့္ သစ္ေတာ ျပဳန္းတီး ျခင္းမ်ား ျဖစ္ပြားလ်က္ရွိေနၿပီး ယခု ႏွစ္ပိုင္းအတြင္းတြင္ ပိုမိုလုပ္ေဆာင္လာေနၾကသည္ကို ၾကားသိရသည့္အတြက္ သံလြင္ျမစ္ေရတြင္ အာဆင္းနစ္ပမာဏျမင့္တက္လ်က္ရွိသည္ဟူေသာ ထိုင္းႏိုင္ငံ၏ သတိေပးခ်က္သည္ မွန္ကန္ႏိုင္ ေၾကာင္းႏွင့္ ျမစ္ေရအရည္အေသြးကို ေဆာလ်င္စြာ စစ္ေဆးသင့္ေၾကာင္း သဘာဝပတ္ဝန္းက်င္အေရးတက္ႂကြလႈပ္ ရွားသူတစ္ဦးက ေျပာသည္။
‘ျမစ္ေၾကာင္းတစ္ေလွ်ာက္ ၾကည့္လိုက္ မယ္ဆိုရင္ ရွမ္းျပည္နယ္မွာဆိုရင္လည္း ေ႐ႊေတြတူးၾကတယ္။ ေျမရွားေတြထုတ္ေနၾကတယ္။ ေတာေတြ ျပဳန္းေနတယ္။ ကယားမွာဆိုရင္လည္း သတၱဳေတြ တူးေနၾကတယ္။ ဒီလိုပဲ အကုန္လုံးက လုပ္ေနၾကတာ။ မြန္မွာဆိုရင္လည္း သဘာဝေတာေတြ မရွိေတာ့ဘူး။ ဒီလို လုပ္ေနၾကတဲ့အထဲမွာ ရွမ္းျပည္နယ္ ဘက္ကေတာ့ အဆိုးဆုံးေပါ့ဗ်ာ။ ေတာင္ေတြ ကိုၿဖိဳၿပီး ေ႐ႊရွာတယ္။ ေျမရွားထုတ္တယ္။ ဒီလိုထုတ္ ေတာ့ အဲဒီေတာင္ေတြမွာရွိတဲ့ အာဆင္းနစ္ေတြက မိုး႐ြာရင္ မိုးေရနဲ႔အတူ ျမစ္ေအာက္ပိုင္းကို ဆင္းမွာပဲ။ ဒီလိုဆင္းလာတာကို စက္နဲ႔တိုင္းမွပဲရတာေလ။ ျမင္မွ မျမင္ရတာ။ ဒီေတာ့ ဒီအာဆင္းနစ္ေတြတိုင္းဖို႔ကို ျမန္ျမန္လုပ္မွပဲ အဆင္ေျပမွာ’ ဟု ၎က ဆိုသည္။
သံလြင္ျမစ္သည္ ဧရာဝတီျမစ္ႀကီး ၿပီးပါက ျမန္မာႏိုင္ငံတြင္ ဒုတိယအႀကီးဆုံးျမစ္ႀကီးျဖစ္ကာ တ႐ုတ္ျပည္တြင္ စတင္ျမစ္ဖ်ားခံေသာ္လည္း ျမန္မာႏိုင္ငံရွိ ရွမ္းျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္ နယ္ႏွင့္ မြန္ျပည္နယ္တို႔ကို ျဖတ္သန္းစီးဆင္းေနၿပီး ျမစ္ေၾကာင္းတစ္ေလွ်ာက္ရွိ ေဒသခံျပည္သူမ်ား၏ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ စီးပြားေရး အတြက္ အေရးပါလွေသာ ျမစ္ႀကီးတစ္စင္း ျဖစ္သည္။
လက္ရွိတြင္ သံလြင္ျမစ္ေရကို တိုင္းတာစစ္ ေဆးမည္ဆိုပါက ေ႐ႊတူးေဖာ္မႈ၊ သတၱဳတူးေဖာ္မႈႏွင့္ ေျမရွား တူးေဖာ္မႈမ်ားေၾကာင့္ အာဆင္းနစ္အျပင္ ျပဒါး ပါဝင္မႈလည္း ျမင့္မားေနႏိုင္ေၾကာင္းႏွင့္ ထိုသို႔ ျမင့္မားမႈပမာဏ အနည္း၊ အမ်ားအေပၚမူတည္ကာ ျမစ္တြင္းေရေနသတၱဝါမ်ားအျပင္ ျမစ္ေရကိုသုံးစြဲေန သူမ်ားအားလုံးကိုပါ ျပင္းထန္ ေသာ ဆိုးက်ိဳးမ်ား ျဖစ္ပြားေစႏိုင္ေၾကာင္းကိုလည္း ပညာရွင္မ်ားက ေထာက္ ျပေျပာဆိုၾကသည္။
အာဆင္းနစ္သည္ ေျမဆီလႊာ၊ ေရႏွင့္ အခ်ိဳ႕ေသာ အစားအစာမ်ားတြင္ ေတြ႕ရသည့္ သဘာဝအတိုင္း ျဖစ္ေပၚ ေနေသာ ျဒပ္စင္ျဖစ္ၿပီး အာဆင္းနစ္အဆိပ္သင့္ပါက ျပင္းထန္ေသာနာတာရွည္ ေရာဂါမ်ားႏွင့္ ကင္ဆာေရာဂါကို ျဖစ္ပြားေစႏိုင္ ေၾကာင္းႏွင့္ အာဆင္းနစ္အဆိပ္သင့္မႈကို လတ္တ ေလာတြင္ ခံစားရမည္မဟုတ္ဘဲ ထိေတြ႕မႈကာလၾကာ ရွည္လာသည္ႏွင့္အမွ် အသက္အႏၲရာယ္ ျဖစ္ပြားေစ ႏိုင္ေၾကာင္း သိရသည္။ အာဆင္းနစ္ပမာဏ ျမင့္မား စြာပါဝင္ ေနေသာ ေရကိုထိေတြ႕ျခင္း၊ ေသာက္သုံးျခင္း အျပင္ အဆိုပါေရကို အသုံးျပဳကာ စိုက္ပ်ိဳးထားသည့္ အသီး အႏွံမ်ားကို စားသုံးျခင္းျဖင့္လည္း အာဆင္းနစ္ အဆိပ္သင့္ႏိုင္ေၾကာင္းႏွင့္ မ်ားေသာအားျဖင့္ ကေလးသူငယ္မ်ားတြင္ ပိုမိုအဆိပ္ သင့္ႏိုင္ေျချမင့္မားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.