အိန္ဒိယပင်လယ်ပြင်မှာသွားလာနေတဲ့ ရေနံတင်သင်္ဘောတစ်စီးကို အမေရိကန်ကြားဖြတ်စီးနင်း

572

Pika (NP News) - ဖေဖော်ဝါရီ ၁၈
အိန္ဒိယပင်လယ်ပြင်မှာသွားလာနေတဲ့ ဗင်နီဇွဲလားရေနံသယ်ယူမှုအတွက် ပိတ်ဆို့အရေးယူမှုခံထားရတဲ့ ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန်တပ်ဖွဲ့တွေက ကြားဖြတ်ဟန့်တားမှုတွေနဲ့ဝင်ရောက်စီးနင်းမှုတွေလုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အမေရိကန်တပ်ဖွဲ့တွေက ဗင်နီဇွဲလားသမ္မတနီကိုလက်စ်မာဒူရိုကို ဖမ်းဆီးထိန်းသိမ်းပြီး ရေနံတင်ပို့မှုတွေကို ထိန်းချုပ်လိုက်ပြီးနောက်ပိုင်းတည်းက အမေရိကန်ဟာ ဗင်နီဇွဲလားနဲ့ပတ်သက်တဲ့ ပိတ်ဆို့အရေးယူမှုခံထားရတဲ့ ရေနံတင်သင်္ဘောတွေကို ဖမ်းဆီးထိန်းသိမ်းမှုတွေ လုပ်ဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ပြင် ဗင်နီဇွဲလားရဲ့ရေနံအရင်းအမြစ်တွေကို အကန့်အသတ်မရှိထိန်းချုပ်ဖို့စီစဉ်ထားတယ်လို့လည်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ယခုနှစ်အစောပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့တွေက Veronica III အမည်ရှိ ရေနံတင်သင်္ဘောကို ကာရေဘီယံပင်လယ်ပြင်ကနေ အိန္ဒိယပင်လယ်အထိ ခြေရာခံလိုက်ခဲ့ပြီးနောက် လည်ပတ်သွားလာခွင့်၊ ရေကြောင်းတားမြစ်ချက်တွေနဲ့ပတ်သက်ပြီး ရပ်တန့်စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ပင်တဂွန်ကထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ပင်တဂွန်က “ဒေါ်နယ်ထရမ့်ရဲ့အမိန့်ကို ဖီဆန်ဖို့ကြိုးပမ်းခဲ့တဲ့ ရေနံတင်သင်္ဘောတစ်စီးကို ကြားဖြတ်ဟန့်တားမှုနဲ့ဝင်ရောက်စီးနင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
အိႏၵိယပင္လယ္ျပင္မွာသြားလာေနတဲ့ ေရနံတင္သေဘၤာတစ္စီးကို အေမရိကန္ၾကားျဖတ္စီးနင္း
Pika (NP News) - ေဖေဖာ္ဝါရီ ၁၈
အိႏၵိယပင္လယ္ျပင္မွာသြားလာေနတဲ့ ဗင္နီဇြဲလားေရနံသယ္ယူမႈအတြက္ ပိတ္ဆို႔အေရးယူမႈခံထားရတဲ့ ေရနံတင္ သေဘၤာတစ္စီးကို အေမရိကန္တပ္ဖြဲ႕ေတြက ၾကားျဖတ္ဟန႔္တားမႈေတြနဲ႔ဝင္ေရာက္စီးနင္းမႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
အေမရိကန္တပ္ဖြဲ႕ေတြက ဗင္နီဇြဲလားသမၼတနီကိုလက္စ္မာဒူ႐ိုကို ဖမ္းဆီးထိန္းသိမ္းၿပီး ေရနံတင္ပို႔မႈေတြကို ထိန္းခ်ဳပ္လိုက္ၿပီးေနာက္ပိုင္းတည္းက အေမရိကန္ဟာ ဗင္နီဇြဲလားနဲ႔ပတ္သက္တဲ့ ပိတ္ဆို႔အေရးယူမႈခံထားရတဲ့ ေရနံတင္သေဘၤာေတြကို ဖမ္းဆီးထိန္းသိမ္းမႈေတြ လုပ္ေဆာင္ေနခဲ့တာလည္းျဖစ္ပါတယ္။
ဒါ့ျပင္ ဗင္နီဇြဲလားရဲ႕ေရနံအရင္းအျမစ္ေတြကို အကန႔္အသတ္မရွိထိန္းခ်ဳပ္ဖို႔စီစဥ္ထားတယ္လို႔လည္း အေမရိကန္ သမၼတေဒၚနယ္ထရမ့္က ယခုႏွစ္အေစာပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ အေမရိကန္တပ္ဖြဲ႕ေတြက Veronica III အမည္ရွိ ေရနံတင္သေဘၤာကို ကာေရဘီယံပင္လယ္ျပင္ကေန အိႏၵိယပင္လယ္အထိ ေျခရာခံလိုက္ခဲ့ၿပီးေနာက္ လည္ပတ္သြားလာခြင့္၊ ေရေၾကာင္းတားျမစ္ခ်က္ေတြနဲ႔ပတ္သက္ၿပီး ရပ္တန႔္စစ္ေဆးမႈေတြလုပ္ေဆာင္ခဲ့တာ ျဖစ္တယ္လို႔ ပင္တဂြန္ကထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ပင္တဂြန္က “ေဒၚနယ္ထရမ့္ရဲ႕အမိန႔္ကို ဖီဆန္ဖို႔ႀကိဳးပမ္းခဲ့တဲ့ ေရနံတင္သေဘၤာတစ္စီးကို ၾကားျဖတ္ဟန႔္တားမႈနဲ႔ဝင္ေရာက္စီးနင္းမႈေတြ လုပ္ေဆာင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။